Tuesday, November 17, 2009

မှတ်စုဘဏ်မျှဝေခြင်း (၃)


စာကျက်ဘို့ကိစ္စမျိုး၊ မသိသေးတဲ့အကြောင်းကိုသိအောင်ရှာဖွေဖတ်ဘို့ကိစ္စမျိုး၊ ကျေးဇူးဆပ်ဘို့ကိစ္စမျိုး၊ ကုသိုလ်ကောင်းမှုကိစ္စမျိုးကိုသတိရတာနဲ့ချက်ချင်းဆောင်ရွက်ပါ။ နေ့ကောင်းရက်သာရွေးမနေပါနဲ့။ မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေထဲမှာ ကောင်းတဲ့အမှုပြုကြသူတိုင်းဟာ အဲဒီခဏတိုင်းမှာ နက္ခတ်ကောင်းနဲ့ဆုံနေတယ်၊ မင်္ဂလာတွေပွါးများနေတယ်လို့ ဆိုပါတယ်။

လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ရင်း ကိုယ့်ကိုကိုယ်ပြိုင်ပြီး အနိုင်ယူလိုက်ပါ။ နောင်အခါမှာ ကိုယ်ကမပြိုင်ရဘဲ တစ်ဖက်လူက ကိုယ့်ကိုအသာစီးပေးသွားပါလိမ့်မယ်။

လောကမှာ ကိုယ်နှစ်သက်တဲ့အရာတစ်ခုကို ရနိုင်ဘို့ မနှစ်သက်တဲ့အရာများစွာကို တွဲဖက်လက်ခံရတတ်ပါတယ်။

မိမိကိုယ်ကို သန့်စင်သော၊ မြင့်မားသော၊ တန်ဘိုးရှိသောသူဖြစ်ချင်ရင် ရလာမယ့်ရလဒ်ကို အရင်မတွေးပါနဲ့။ မိမိရဲ့စွမ်းအားကို မြင့်မားသထက်မြင့်မားအောင် ဘယ်လိုအားထုတ်မလဲ။ မိမိလုပ်ချင်တဲ့အလုပ်ကို အများက နားလည်လက်ခံလာအောင် ဘယ်လိုကြံဆောင်မလဲ ဆိုတာကိုသာအရင်စဉ်းစားစေချင်ပါတယ်။

(အထက်ပါစာစုများမှာ ဒေါက်တာမတင်ဝင်း၏ စာအုပ်မှ ကောက်နုတ်ချက်များပင်ဖြစ်ပါသည်။)

လူငယ်ဘဝက ယူဆောင်လာခဲ့သည်များအနက် အိပ်မက်သည်အရေးကြီးဆုံးဖြစ်သည်။ အိပ်မက်များနှင့်လူသည် ဆင်းရဲခြင်းကိုမသိ။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် သူအိပ်မက်သလောက် ချမ်းသာနေသောကြောင့်ဖြစ်သည်။ ဘာမှ မပိုင်ဆိုင်နဲ့ဉီး။ လူငယ်ဘဝသည် အိပ်မက်များရှိလျှင် ဝန်တိုစရာကင်းသော ဘဝကာလပင်ဖြစ်ပေသည်။

သမိုင်းကို အိပ်မက်မက်သူများပိုင်သည်။ အိပ်မက်များသည် ကမBာကိုပြောင်းလဲရန်အတွက် အင်အားဖြစ်သည်။ ယနေ့ကမBာ့သမိုင်းကို ပုံဖေါ်နေသောသူများမှာ သူတို့ငယ်စဉ်က ကြီးကျယ်မြင့်မြတ်သောအိပ်မက်များရှိခဲ့ကြသည်ဟု ကျွန်တော်ပြောရဲသည်။

ယနေ့လူငယ်များမှာ အနာဂါတ်အိပ်မက်များမရှိကြတော့။ လူတစ်ဉီးချင်းအတွက် ဒါ့ထက်ပိုလို့ စိတ်မကောင်းစရာမရှိတော့ပေ။ နိုင်ငံအတွက်ဆိုလျှင်ကား ပိုလို့စိတ်မကောင်းစရာပါပေ။ တဖန်အိပ်မက်မှားနေသော လူသည်လည်း အိပ်မက်မရှိသောလူကဲ့သို့ပင် အန္တရာယ်ကြီး၏။ ပစ္စုပ္ပါန်ကာလ တစ်ကိုယ်ရည်သက်သာဖို့ထက် မပိုသော အိပ်မက်များနှင့်လူမှာ အိပ်မက်မရှိသောလူလောက်ပင် သနားစရာကောင်း၏။

ဤကမBာတွင် အရာကိစ္စအားလုံးဆက်နွယ်ပါက်သက်နေသောလူများက အလုပ်ကို ဗိုက်ဖြည့်ရုံမျှ ရိုးရိုးလေးတွေးကြသည်မှာ စိတ်ညစ်ဖွယ်ပင်ဖြစ်သည်ဟု ကျွန်တော်ထင်၏။

အလုပ်သည် အလွန်တန်ဘိုးရှိသော အရာဖြစ်၍ ငွေကြေးရှုဒေါင့်သက်သက်မျှနှင့် တန်ဘိုးမဖြတ်သင့်။ ပညာရှာမှီးခြင်းသည်လည်း ဤအတိုင်းပင်ဖြစ်သည်။ တစ်ယောက်ယောက်က ခင်ဗျားကိုရူးနေပြီ ဟုပြောသည့်တိုင် ခင်ဗျားလေ့လာသင့်သည်။ လုံးဝဉဿုံစိတ်ဝင်စားနေသော ကျောင်းသားတစ်ယောက်၏ မျက်လုံး တဖျတ်ဖျတ်လဲ့နေသည်ကို ခင်ဗျား သတိပြုမိဖူးပါသလား။

(ဒေဝူးဉက္ကဌ ကင်ဝူချွန်း၏ နလနမပှအမနနအ င္မျလေနိ တငအွ့သို စာအုပ်ဘာသာပြန်မှ)

Thursday, November 12, 2009

မှတ်စုဘဏ်မျှဝေခြင်း (၂)


(အောက်ပါစာစုမှာလည်း ယခင်ဖေါ်ပြခဲ့ဘူးသော ဒေါက်တာမတင်ဝင်း၏စာအုပ်မှ ကောက်နုတ်ချက်များပင်ဖြစ်ပါသည်။)

အောင်မြင်လိုလျှင် အရှုံးကို စီစစ်ပါ။

ဒုတိယကမBာစစ်အတွင်းက အရှေ့တောင်အာရှစစ်မျက်နှာကို တာဝန်ယူရသူ (အမေရိကန်) ဗိုလ်ချုပ်ကြီး မက်အာသာက သူ့သားအတွက် သူတို့ဘုရားထံမှာ ဆုတောင်းတဲ့ဆုတောင်းစာတခုကိုလည်း တွေးမိပါတယ်။
“မိမိရဲ့အားနည်းချက်ကို မိမိ သိမြင်နိုင်အောင် စိတ်ဓါတ်အင်အားကောင်းတဲ့သား၊ ကြောက်ရွံ့တဲ့အခါမှာလည်း မိမိကိုယ်ကိုမိမိ ရင်ဆိုင်နိုင်တဲ့သား၊ ရိုးရိုးသားသားကြိုးစားရင်းနဲ့ အရှုံးနဲ့ကြုံတွေ့လာတဲ့အခါမှာလည်း ဉီးမညွတ်စတမ်းမာန်တင်းနိုင်သောသားကို သူမွေးလိုပါတယ်” လို့ ဗိုလ်ချုပ်ကြီးမက်အာသာ (ွနညနမ္နေူခေမေအ့ကမ) ကဆိုပါတယ်။

လူ့ဘဝတိုတိုလေးအတွင်းမှာ အရှုံးနဲ့အမှားများကိုသာလက်ခံသိမ်းပိုက်ပြီး သေသွားမှာကို ကျွန်မလက်မခံနိုင်ပါဘူး။ အားငယ်လွန်းလို့ ငိုနေရင်းကပဲ လုပ်စရာရှိတာကို ဆက်လုပ်ပါတယ်။
ယောကျင်္ားဆိုတာ လုပ်သင့်တဲ့အလုပ်ကိုလုပ်ရင်း လုပ်ချင်တဲ့အလုပ်ကို ရအောင်လုပ်သွားတဲ့သူကို ခေါ်ပါသတဲ့။

အရှုံးကို ပြုံးပြုံးကလေးရင်ဆိုင်ပါ။
မဟာပညာရေးဘွဲ့လွန်သင်တန်းမှာ သင်ရိုးညွှန်းတမ်းကိုဘယ်လိုရေးဆွေးမလဲ ဆိုတဲ့အပိုင်းကို ဆွေးနွေးရင်း စာအုပ်တစ်အုပ်မှာ “ကျောင်းသားလူငယ်များဟာ အရှုံးကို ကျက်သရေရှိရှိ ရင်ဆိုင်နိုင်ဘို့အတွက် သင်ခန်းစာပေးနိုင်တဲ့ အရည်အချင်းနဲ့ပြည့်စုံတဲ့ သင်ရိုးညွှန်းတမ်းဖြစ်ရမယ်” ဆိုတာပါလာပါတယ်။

အရှုံးဆိုတဲ့လောကဓံကို ကျက်သရေရှိရှိရင်မဆိုင်တတ်တဲ့သူ “ကယ်မ ပါ၊ ပြုစုပါ၊ စောင့်ရှောက်ပါ၊ မွဲသွေ့သွေ့မျက်နှာဖြင့် ကိုယ်ချမ်းသာရကြောင်း ငယ်ပေါင်းစုပ်ပဲ့၊ နုံနဲ့သည့်စကားများကို ယောင်မှား၍ဆိုမိလျှင် လျှာတိုအောင်ရိတ်ချင်၏။”

အလွန်ဈေးကြီးတယ်ဆိုတဲ့အသိနဲ့ အလိပ်အလိပ်ထွက်သွားတဲ့ရွှေပေါ်စတွေကို နှမြောနေရင်း ကြည့်စမ်း၊ ဒါတွေကလည်း သစ်သားစတွေပဲ၊ မဖြစ်လို့သားစားပစ်ရတာ၊ ဖြတ်ပစ်ရတာ လို့ပြောရင်း လိုက်ကြည့်နေမိပါတယ်။ နောက်တော့ ကြည့်စမ်း လိုအပ်တဲ့ပုံပေါ်အောင် အဖိုးတန်တဲ့သစ်သားစတွေကို ရွှေပေါ်နဲ့သာမက ကော်ဖတ်နဲ့လည်းစားပစ်ရပါကလား။ လူတွေမှာလဲ ဒီသဘောပဲ။ မိမိဘာသာဖြစ်စေ၊ ဘဝအတွေ့အကြုံကဖြစ်စေ မိမိရဲ့ အတ္တမာဏကို စားပစ်တာတွေ ခံခဲ့နေရပါကလား လို့ တွေးမိပါတယ်။ စားတာခံရတော့ ရလဒ်က ပုံသာန်ကောင်းကောင်း၊ ချောချောမွေ့မွေ့ဖြစ်သွားတာပါပဲ။

ကျွန်မတို့ဟာ အဘက်ဘက်ကစားတာ၊ ပွတ်တိုက်တာကိုခံခဲ့ရပါတယ်။ မခံခဲ့ရရင်လည်း ချောမွေ့သွားမှာ၊ ပြေပြစ်သွားမှာ မဟုတ်ပါဘူး။ အစားခံလိုက်၊ ပဲ့ပါသွားလိုက်နဲ့ ချောမွေ့မှန်းမသိ ချောမွေ့လာခဲ့ပါတယ်။ တခုတော့ရှိတာပေါ့လေ။ အကုန်လုံးပဲ့ပြီး ကြေပြုန်းမသွားအောင်တော့ ကိုယ့်ဘာသာကိုယ် ထိန်းရတာပေါ့။ ဒီလိုနဲ့ နာကျင်စွာ၊ စိတ်နှလုံးညစ်ညူးစွာ၊ တွေဝေစွာ၊ လုပ်သင့်တယ်လို့ထင်တဲ့အလုပ်များကို ဉီးခေါင်းစိုက်ပြီး ဇွဲနပဲနဲ့လုပ်ကိုင်ကာ ဘဝခရီးကိုဖြတ်ခဲ့ရပါတယ်။

(အခြားမှတ်စုများကိုလည်း ဆက်လက်ဖေါ်ပြပါဉီးမည်။)

Tuesday, November 10, 2009

မှတ်စုဘဏ်အားမျှဝေခြင်း


ကျွန်တော်စာဖတ်ပါသည်။ ဖတ်သောစာများထဲမှ ကောင်းနိုးရာရာလေးများကို (သို့မဟုတ်) မိမိကကောင်းသည်ဟုထင်သော စာစုလေး၊ စာပိုဒ်လေးများကို မှတ်စုစာအုပ်လေးများ၌ ရေးမှတ်ထားလေ့ရှိသောအလေ့အထ လည်းရှိပါသည်။ ကျွန်တော့တွင် မှတ်စုစာအုပ်များ များစွာမဟုတ်သည့်တိုင် ဆယ်အုပ်ထက်မနည်း ရှိခဲ့ဘူးပါသည်။ ကျွန်တော်သည် ပြည်တွင်းတွင် အစိုးရရုံးစာရေးဘဝ၊ ကုန်သည်ဘဝ၊ စစ်သားဘဝ၊ ကောလိပ်ကျောင်းသားဘဝ၊ သစ်ခုတ်သမားဘဝ၊ လှေစာရေးဘဝ၊ ဝရမ်းပြေးဘဝ၊ ဘုန်းကြီးဘဝ၊ ပြည်ပတွင်တရားမဝင်ကျဘမ်းအလုပ်သမားဘဝ၊ နိုင်ငံရေးလည်းမကျတကျ၊ စာနယ်ဇင်းသမားလည်းမကျတကျသမားဘဝ အစရှိသည့် ဘဝပေါင်းများစွာကို နေရာပေါင်းများစွာ၌ ကျင်လည်ခဲ့ဘူးပါသည်။ သို့ဖြစ်ရာ တစ်နေရာမှ တစ်နေရာ၊ တစ်နိုင်ငံမှ တစ်နိုင်ငံ ပြေးဟယ် လွှားဟယ်၊ တက်ဟယ် ကျဟယ်၊ စုန်ဟယ် ဆန်ဟယ် ဖြင့်နေလာခဲ့ရသည်ဖြစ်ရကား များစွာသောမှတ်စုစာအုပ်များမှာ ထိုနေရာတွင်တစ်ချို့ကျန်ရစ်ခဲ့၊ သည်နေရာတွင်တစ်အုပ်ကျကျန်ခဲ့၊ ဟိုနားလေးတွင်တစ်အုပ်ပျောက်သွားခဲ့ဖြင့် လုံးပါးပါးလာခဲ့ရာ ယခု အမေရိကန်သို့ရောက်သောအခါ ကျွန်တော့တွင် ၁၉၉၆ ခုနှစ် နှင့် ၁၉၉၇ ခုနှစ်များအတွင်းက ကျွန်တော်ဖတ်ဖြစ်၊ မှတ်ဖြစ်ခဲ့သော မှတ်စုစာအုပ်ကလေးနှစ်အုပ်သာ ကျွန်တော်နှင့်အတူ သစ္စာရှိစွာဖြင့်၊ ဉမကွဲ သိုက်မပျက်ကျန်ရှိနေပါတော့သည်။

မည်သို့ဆိုစေ ထိုမှတ်စုစာအုပ်အဟောင်းများထဲမှလည်းကောင်း၊ လက်ရှိမှတ်စုစာအုပ်များထဲမှလည်းကောင်း ကောင်းနိုးရာရာလေးများကို ကျွန်တော့မိတ်ဆွေများနှင့် မျှဝေလိုစိတ်ကျွန်တော့တွင်ရှိပါသည်။ ကောင်းသောအရာများကို မျှဝေခြင်းသည် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အများအတွက်သော်လည်းကောင်း ပို၍ကောင်းမွန်စေသည်ဟု ကျွန်တော် ရိုးသားစွာယုံကြည်ဖြစ်ပါသည်။ ထို့အပြင် ကျွန်တော်ကိုယ်တိုင်လည်း ထိုမှတ်စုကောင်းလေးများကိုပို၍ ဖတ်ဖြစ်မှတ်ဖြစ်သွားသည်မဟုတ်ပါလား။

(အောက်ပါ စာစုလေးများမှာ ဒေါက်တာ မတင်ဝင်း ရေးသားသော စုအုပ်တစ်အုပ်ထဲမှ ထုတ်နုတ်ထားခဲ့ခြင်းဖြစ်ပါသည်။ စာအုပ်အမည်ကို ကျွန်တော်မမှတ်မိတော့။ ရေးလည်းမရေးဖြစ်မိခဲ့ပါ။ နားလည်ပေးစေလိုပါသည်။)

၍့ လေန ညသိငလငညန စသတနမျ၏ ၍ာေုနာပ့ သညနျအပာပိငလငညန စသတနမ၏
ငါ့မှာတန်ခိုးဒ•ိပါတ်မရှိဘူး။ ငါ့ရဲ့ရိုးသားမှုဟာ ငါ့ရဲ့ တန်ခိုး ဒ•ိပါတ်ဖြစ်စေခဲ့ပါတယ်။
ရိုးသားဘို့က သတ္တိရှိဘို့လိုပါတယ်လို့ ဆိုရင် မရိုးသားသူများက သတ္တိကြောင်သူများဖြစ်တယ်။ လိမ်ထားတဲ့အလိမ်တစ်လိမ်မပေါ်အောင် နောက်ထပ်လိမ်နေရဉီးမယ့်ကိစ္စတွေရှိနေတတ်ပါတယ်။
ကြီးပွါးလိုသူဟာ
(၁) လုံ့လထုတ်ကြိုးကြိုးစားစားဆောင်ရွက်ရပါမယ်။
(၂) ရရှိလာတဲ့အကျိုးကျေးဇူးများ၊ ပစ္စည်းဉစ္စာများကို ထိန်းသိမ်းနိုင်ရပါမယ်။
(၃) ကလျှာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်းများရှိရပါမယ်။
(၄) ဝင်ငွေနဲ့ထွက်ငွေညီမျှနေရပါမယ်။

ကိုယ့်ကို စိတ်ဆင်းရဲအောင် ပြောတတ်တဲ့၊ လုပ်ဆောင်တတ်တဲ့လူတွေရှေ့မှာ (စိတ်ဓါတ်ကျနေတယ်ဘဲ ထားပါဉီး) ဘယ်တော့မှ ကိုယ့်စိတ်ကို အရင်းအတိုင်းမပြရဘူး။ ထိန်းထားရပါမယ်။

သီဝရီကို မကျွမ်းကျင်တဲ့အပြင် သီဝရီကိုလက်ကိုင်ထားပြီး ကျဉ်းကျဉ်းကျပ်ကျပ်လှုပ်ရှားဆောင်ရွက်ရမယ့် ကိစ္စတွေကို ပင်ပမ်းတယ်လို့ ထင်တတ်တဲ့သူပါ။

ကြီးပွါးခြင်း၏အကြောင်းရင်းများ
(၁) ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာခြင်းဟူသော မွန်မြတ်သောလာဘ်
(၂) စာရိတ္တသီလ
(၃) ပညာရှင်တို့၏အဆုံးအမသြဝါဒ
(၄) အကြားအမြင်ဗဟုသုတ
(၅) ဒုစရိုက်တရားတို့ကိုပါယ်ရှား၍ သုစရိုက်တရားတို့ကိုကျင့်သုံးခြင်း
(၆) စိတ်ကိုမတွန့်တို၊ မနိမ့်ကျစေပဲ မြှင့်တင်ကာကြိုးစားခြင်း

ထက်မြက်ရုံ၊ ဉာဏ်ကောင်းရုံနဲ့ ထူးချွန်တယ်ဆိုတဲ့အဆင့်ကိုရောက်ဘို့ရာ ခဲယဉ်းပါတယ်။ ထူးချွန်တဲ့သူများဟာ မိမိစိတ်ကိုမိမိ အဖက်ဖက်က လိုလေသေးမရှိအောင်ဖြည့်ဆည်းနေရပါမယ်။ ကြိုးစားနေရပါမယ်။ တတ်နိုင်တဲ့အလုပ်ကို စိတ်စေတနာကောင်းနဲ့ကူညီတယ်။ အတုံ့အလှည့်ကို မမျှော်လင့်ဘူး။
သူနဲ့ အယူအဆမတူတဲ့သူများနဲ့ ပါက်သက်ပြီး အချိန်ကုန်မခံဘူးဆိုတာကိုက သူ့မှာကောင်းတဲ့အလုပ်များကိုလုပ်ဘို့ အချိန်ပိုရသွားတယ်လို့ ကျွန်မ ယူဆပါတယ်။

(အခြားမှတ်စုများကိုလည်း ဆက်လက်ဖေါ်ပြပါဉီးမည်။)

Picture: http://www.news.com.au/common/imagedata/0,,5736143,00.jpg

Friday, November 6, 2009

လင်းယုန်နန့်လိပ


တရက်နိခါ လိပ်တကောင်ရေ သူ့ဘဝကိုသူ မကျေမနပ်ဖြစ်ပနာ လိပ် အဖြစ်ကနိန်ရုန်းထွက်ပြောင်းလဲလားဖို့ ပျင်ဆင်ပါရေလှတ်။ “တစ်လက်မချင်း၊ တစ်ပေချင်း တရွိရွိနန့် တွားတွားပနာ တခုနေရာသို့လည်း ဟုတ်တိပါတ်တိ မလားနိုင်၊ မရောက်နိုင်ပဲနန့်နိန်ရစွာ ငါ စိတ်ကုန်လာဗျာယ်။ လီဟုန်စီးနိုင်ရေ ငါ၊ လီထဲမှာ ဂျွမ်းတိ အပါတ်ပါတ်ထိုးပလိုက်နိုင်ရေ ငါ၊ ပျံလွှားနိုင်ရေ ငါ ဖြစ်နိုင်ကေ ဇာလောက်ကောင်းလီဖို့လဲနှမ်း” ဆိုပနာ ကိုယ့်ကိုကိုယ် စိတ်ကူးယဉ်ပနာပြောနိန်မိပါရေလှတ်။
လိပ်ရေ ယင်းစိတ်ကူးတိကို လင်းယုန်တကောင်ဘားမှာ လားပြောပါရေလှတ်။ ယေခါ လင်းယုန်က “အဆွီလိပ်၊ အဆွီရေ ပျံဖို့အတွက် ဖြစ်လာရေ သတ္တဝါအမျိုးအစားကားမဟုတ်၊ ဇာဖြစ်လို့ယင်းမဖြစ်နိုင်စွာတိကို လားလို့ စိတ်ကူးယဉ်နိန်ရောင်” ဆိုပြီးကေ လိပ်အတွက် စိတ်အားငယ်စရာစကားတိကို ပြန်ပြောပါရေလှတ်။
ယေခါ လိပ်က “ယင်းချင့်အတွက် မပူကေ့အဆွီ၊ ငှက်တိဘဇောင်ပျံရေလဲဆိုစွာကို ငါ အလှပလ စောင့်ကြည့်ဖူးပြီးပါဗျာယ်။ ငါ့မှာအတောင်မဟိသိတိုင် ခြီထောက်လေးချောင်းဟိရေ။ ယင်းခြီထောက်တိနန့် ငါ ရီထဲမှာ ကူးရေပိုင် လီထဲမှာလည်း ယင်းပိုင်မျိုး ပုံစံတူလှုပ်ရှားပလိုက်ဖို့ဆိုကေ ပျံပြီးသားဖြစ်လီဖို့စွာရာ။ မိတ်ဆွီအနိန်နန့် အကျွန့်ကို အမြင့်တနေရာသို့ရာ ဆောင်လားပီး။ ယင်းကနိန်အကျွန်ပျံပြမေ။ အဆွီကို နောက်တခုပြောရဖို့သိ။ အဆွီရာ အကျွန့်ကို မိုးရိပ် မိုးသားတိဟိရေအမြင့်တနေရာသို့ရာ ဆောင်ယူပီးလားဖို့ဆိုကေ သမုဒ္ဒရာရီအောက်ကြမ်းပြင်မှာဟိရေ အဖိုးတန် သျှားပါးပုလဲရတနာတိကို အဆွီအတွက် လက်ဆောင်မွန်အဖြစ် အကျွန်ယူလာပီးပါမေ” လို့ လင်းယုန်ကိုစကားကမ်းလှမ်းမှုနန့်အတူ ပြန်ပြောပါရေလှတ်။
ယင်းပိုင်မျိုးမက်လုံးပီး ကမ်းလှမ်းလာရေခါ လင်းယုန်ကလည်း “ကိုင်းအဆွီ ကိုင် ယင်းပိုင်ဆိုကေ အကျွန် အဆွီကို မိုးသားတိမ်လိပ်တိဟိရေ အမြင့်နေရာသို့ ခေါ်ဆောင်လားပီးမေ” လို့ ဆိုပနာ လိပ်ကို အမြင့်ကြီးနေရာသို့ ခေါ်ဆောင်လားပါရေလှတ်။ မိုးသားတိမ်လိပ်တိဟိရေအမြင့်နေရာသို့ရောက်တေခါ လင်းယုန်က “ကိုင် အဆွီ ပျံဖိ” လို့ ဆိုဆိုပနာ လိပ်ကို လွှတ်ချ လိုက်ပါရေလှတ်။ လိပ်လည်း ဇာပြောကောင်းဖို့လဲ။ မိုးသားလောက်အမြင့်နေရာကနိန် လိပ်ရေ ဝရုန်းသုန်းကားလွတ်ပနာကျ ပါလတ်စွာ မြေပြင်သို့အရောက်မှာ ကျောက်တုံးကြီးတစ်တုံးထက်မှာ တင်ကျ ကျ ပနာ သူ့ခန•ာကိုယ်လည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲလားခ ပါရေလှတ်။
အခြေအနေအတော်များများမှာ ကိုယ်ရောက်နိန်ရေနေရာနန့် ဖြစ်တည်နိန်ရေ အဖြစ်တိကို အကျွန်ရို့ ကျေနပ်ကတ်သင့်ပါရေ။ ယင်းပိုင်မဟုတ်ကေ တခါတလီမှာ အမြင့်သို့ရောက်လီ၊ ပြန်အကျမှာ ပိုလို့နာလီ ဖြစ်တတ်ပါရေ။

Picture: http://images-0.redbubble.net/img/art/size:large/view:main/2595066-4-the-tortoise-and-the-eagle.jpg

ရေအတူချိုးကြမလား (အာ့ပ်နမ့်ကမ်မိုင်း)


ပြီးခဲ့တဲ့ရက်အနည်းငယ်က ထုန်ချိုင်းရဲ့ ယိုးဒယားသီချင်းခွေလေးတခွေကို နားထောင်ဖြစ်ပါတယ်။ အဲဒီမှာ သီချင်းစာသားလေးတစ်ခုရဲ့အဓိပ္ပါယ်က “(လောကမှာ) ငွေအတွက် ပူတဲ့လူက ပူတယ်။ ရာထူးဌါနန္တရတွေအတွက် ပူတဲ့လူကပူတယ်။ အချစ်အတွက်ပူတဲ့လူကပူတယ်။ ပြောမယ်ဆိုရင် အားလုံးကတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပူနေကြတာပါပဲ။ ကျုပ်လည်းပူတယ်။ ခင်ဗျားလည်းပူတယ်။ သူလည်းပူတယ်။ ကဲ လာပါဗျာ ကျုပ်တို့ ရေအတူချိုးရအောင်” ဆိုပြီးတော့ ဘဝရဲ့အမှန်တရားတစ်ခုကို ရယ်စရာလေးနှောပြီးဆိုထားတာပါ။

သည်လိုနဲ့ မနေ့ကပေါ့။ ကျွန်တော်အလယ်တန်းကျောင်းသားဘဝက ဖတ်ဘူးခဲ့တဲ့ အိုမာခိုင်ယမ်ရဲ့ကဗျာလေးတပုဒ်ကို သွားသတိရနေမိရဲ့။

“ကန္တာရအလယ်က
သစ်ရိပ်အေးမြမြမှာ
ကျမ်းကဗျာတစောင်
ပေါင်မုန့်တချပ်
ဝိုင်အရက်ချိုတအိုး
ပြီးတော့ ကိုယ့်ဘေးနားမှာ
တေးသွားချိုမြ ရွတ်ဆိုပြမယ့်
နှမသက်ထားရှိနေရင်
အို့ ကန္တာရကြမ်း နိဗာန်နန်းပေါ့” ဆိုတဲ့ကဗျာလေးပါ။

သည်မှာ ကျွန်တော် ဆက်စပ်ပြီးတွေးနေမိတာက ကဗျာထဲက ပုဂ္ဂိုလ်ဟာ ပူလောင်ပြင်းပြလှတဲ့ ကန္တာရထဲမှာ သစ်ရိပ်တစ်ရိပ်၊ ကျမ်းကဗျာလေးတစ်စောင်၊ ပေါင်မုန့်လေးတစ်ချပ်၊ ဝိုင်အရက်လေးတစ်အိုး၊ နှမသက်ထားလေးတစ်ယောက်ရှိနေရင် အဲဒါ သူ့အတွက် နိဗာန်နန်းပဲတဲ့။ ကျွန်တော်တို့ ဒီမှာ ကန္တာရလည်းမဟုတ်ဘူး။ ကမBာ့ခေတ်အမှီဆုံးမြို့ကြီးတွေမှာ နေနေကြတာ။ အကုန်ရှိတယ်ဗျာ။ သစ်ရိပ်လေးတစ်ရိပ်မဟုတ်ဘူး။ လေအေးပေးစက်၊ လေနွေးပေးစက်၊ ပန်ကာတွေ အကုန်တပ်ဆင်ထားတဲ့ အိမ်ထဲမှာ နေနေတာ။ ကားရှိတယ်။ ဖုန်းရှိတယ်။ ကျမ်းကဗျာစာအုပ် ဘယ်နှစ်အုပ်ဖတ်ချင်လဲ။ ကောလိပ်စာကြည့်တိုက်မှာ။ ပြည်သူ့စာကြည့်တိုက်မှာ။ ကိုယ်ပိုင်စာအုပ်စင်မှာ။ အိန်တာနက်ပေါ်မှာ။ ယုတ်စွအဆုံး ခပ်ပျင်းပျင်းနဲ့ မရှင်းလင်းပဲထားတဲ့ အိပ်ရာနံဘေး ကုလားထိုင်ပေါ်က စာအုပ်ပုံထဲမှာ။ စာအုပ်နံမည်တွေကိုဖတ်ရင်းနဲ့ကို ဒီတစ်သက် သေသွားလောက်ရဲ့။

ပေါင်မုန့်ကတော့ ထားလိုက်ပါတော့ဗျာ။ ငါးဒေါ်လာလောက်ပေးရတဲ့ပေါင်မုန့်ရှည်ကြီးတစ်လုံးဆိုရင် မနက်ညစာ အားလုံးပြီးတယ်။ ဝိုင်အရက်လား။ ဟာဗျာ။ ဘယ်နိုင်ငံကလာတဲ့ ဘယ်လိုဝိုင်အမျိုးအစားလဲ။ အကုန်ရတယ်။ ဝိုင်အပြင် ဝီစကီရှိတယ်။ ဘီယာရှိတယ်။ ဘရန်ဒီရှိတယ်။ ဘာသောက်ချင်လဲ။ အကုန်ရတယ်။ ကျန်တဲ့ကိစ္စကတော့ပြောမနေတော့ပါဘူး။ ခင်ဗျားတို့က ကျုပ်ထက်ပိုသိမှာပါ။ ဒါပေမယ့် အဲဒါက ကျွန်တော်ဆိုလိုရင်းမဟုတ်ဘူး။ ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ ခင်ဗျားတို့ အိမ်ကောင်းကောင်းနဲ့ နေလားနေရဲ့။ ဖတ်ချင်တာလည်းဖတ်လို့ရပါရဲ့။ သောက်ချင်တာလည်းသောက်လို့ရပါရဲ့။ စားချင်တာလည်းစားလို့ရပါရဲ့။ နားထောင်ချင်တာလည်းနားထောင်ရပါရဲ့။ ဒါပေမယ့် နေ့စဉ်ဘဝတွေထဲမှာ ကျုပ်ပူနေရတယ်။ ခင်ဗျားလည်းတစ်ခုခုအတွက်တော့ပူနေမှာပါပဲ။ အရာတွေအများကြီးအတွက်ပူတာလည်းဖြစ်ချင်ဖြစ်နေမှာပါ။

ထုန်ချိုင်းဆိုထားသလိုပဲ။ ခင်ဗျားလည်းပူတယ်။ ကျုပ်လည်းပူတယ်။ သူလည်းပူတယ်။ သူတို့လည်းပူတယ်။ ပုံသာန်နဲ့အတိုင်းအဆ ပဲ ကွာမယ်။ ပူတာကတော့ပူနေကြတာပါပဲ။ အဲဒီတော့ ကျုပ်မိတ်ဆွေရေ။ ကဲမထူးဘူး။ ရေအတူချိုးကြပါစို့။ ။

Picture: http://www.johnmh.com/hygiene/shwr.jpg