
ယနေ့ကမBာတွင် ခန့်မှန်းခြေအားဖြင့် ဘာသာစကားပေါင်း ၁၀ဝ ခန့်ကို ကမBာ့နိုင်ငံအသီးသီး၏ ရုံးသုံးဘာသာစကားများအဖြစ် ပြောဆိုနေကြပါသည်။ ဤဆောင်းပါး၌ ကမBာအနှံ့ အကျယ်ပြန့်ဆုံး၊ လူဉီးရေအများဆုံး ပြောဆိုသုံးစွဲသည့် ဘာသာစကားများအခြေအနေကို မိတ်ဆက် တင်ပြလိုက်ပါသည်။
တရုတ်ဘာသာစကား
တရုတ်ဘာသာစကားသည် လူဉီးရေ တစ်ဘီလီယံကျော် (သန်းပေါင်းတစ်ထောင်ကျော်) ၏ မိခင်ဘာသာစကားဖြစ်ပါသည်။ တရုတ်ပြည်ဒေသအနှံ့ ၌ မတူကွဲပြားသော ဒေသိယသုံး စကားပြောအသုံးအနှုံး နှင့် လေယူလေသိမ်းများကို ပြောဆိုကြသည့်တိုင် စာရေးသောအခါ၌ တူညီသော အက္ခရာအရေးအသားများကို သုံးစွဲကြလေသည်။ တရုတ်လူမျိုးများအားလုံး၏ တူညီစွာသုံးစွဲကြသည့် စာပေအရေးအသားမှာ ဟန်ဇီ (ံညေဖင) စာပေအက္ခရာများ ကို အခြေခံသည့် စာပေအရေးအသားစံနစ်ပင်ဖြစ်ပါသည်။ ပီကင်းမြို့တော်တဝိုက်နှင့် တရုတ်ပြည်မြောက်ပိုင်းလေသံစကားပြောအသုံးအနှုံးကို အခြေခံသည့် မန်ဒါရင်းစကားပြောသည် တရုတ်နိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်ပြီး မန်ဒါရင်းကို ထိုင်ဝမ်နှင့် စင်္ကာပူ တရုတ်များလည်း ကျယ်ပြန့်စွာ ပြောဆို သုံးစွဲကြလေသည်။
ဒေသအလိုက် အခြေခံပြောဆိုသုံးစွဲကြသည့် အခြားမူကွဲတရုတ်စကားများကို တရုတ်ပြည်တောင်းပိုင်းနှင့် ဟောင်ကောင်၌ ‘ကန်တိုနီး’ (သို့မဟုတ်) ‘ယူ’ ကိုလည်းကောင်း၊ တရုတ်ပြည်အရှေ့ပိုင်းခရိုင်များနှင့် ရှန်ဟိုင်းတွင် ဘာသာစကား ‘ဝူ’ ကိုလည်းကောင်း၊ တရုတ်ပြည်တောင်ပိုင်းခရိုင်အချို့၊ ထိုင်ဝမ်နှင့် မလေးရှားတို့တွင် ‘မိန်’ စကားအသုံးအနှုံးကိုလည်းကောင်း၊ ‘ရှန်’ ‘ကန်’ နှင့် ‘ဟက္ကာ’ အသုံးအနှုံးများကို လည်း တရုတ်တောင်ပိုင်း နှင့် ထိုင်ဝမ်ဒေသအချို့တွင်လည်းကောင်း အသီးသီးပြောဆိုသုံးစွဲကြပြီး တရုတ်ဘာသာစကားသည် ကမBာ့ကုလသမဂ္ဂ၏ ရုံးသုံးဘာသာစကားတရပ်လည်း ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာစကား
ကမBာပေါ်တွင် အင်္ဂလိပ်ဘာသာစကားကို မိမိတို့၏မိခင်ဘာသာစကားအဖြစ် သုံးစွဲကြသည့် အရေအတွက်မှာ တရုတ်ဘာသာစကားထက် လူဉီးရေအားဖြင့် နည်းပါးနေသည့်တိုင် ကမBာအနှံ့ အကျယ်ပြန့်ဆုံး သုံးစွဲသည့် ဘာသာစကားမှာ အင်္ဂလိပ်သာစကားပင်ဖြစ်ပါသည်။ အချို့ ခန့်မှန်းခြေစာရင်းဇယားများအရ ယခုအခါ အင်္ဂလိပ်ဘာသာစကားကို အနည်းဆုံး ကမBာ့လူဉီးရေ သုံးပုံတစ်ပုံကျော် (အနည်းဆုံး လူဉီးရေ သန်းပေါင်း နှစ်ထောင်ကျော်) ပြောဆိုသုံးစွဲနေကြကြောင်း သိရှိရပါသည်။ ဗြိတိသျှ အင်ပါယာ၏ သြဇာသက်ရောက်မှုကို အခြေခံလျှက် ဉရောပအနောက်မြောက်ပိုင်း ကျွန်းနိုင်ငံ အင်္ဂလန်မှသည် အမေရိကတိုက်အထိ၊ အာဖရိကတိုက် နိုင်ငံများမှသည် အိန္ဒိယသမုဒ္ဒရာအတွင်းမှ နိုင်ငံများစွာအထိ အင်္ဂလိပ်ဘာသာစကားသည် ကမBာအနှံ့ အလွန် ကျယ်ပြန့်စွာ ပြောဆိုသုံးစွဲသည့် ဘာသာစကားတရပ်ဖြစ်လာခဲ့လေသည်။
ယခုအခါ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ သြစတြေးလျှ၊ ကနေဒါ၊ ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယား နိုင်ငံများအပါအဝင် ကမBာ့နိုင်ငံပေါင်း ၅၈ နိုင်ငံ နှင့် ကမBာ့ကုလသမဂ္ဂတို့၏ ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာကို သတ်မှတ်ထားရှိပါသည်။
ဟိန္ဒူဘာသာစကား
ခန့်မှန်းခြေအားဖြင့် အိန္ဒိယနိုင်ငံ တစ်နိုင်ငံတည်း၌ပင်လျှင် ဟိန္ဒူ ဘာသာစကားပြော လူဉီးရေ သန်းပေါင်း ၄၃၀ ကျော်ခန့်ရှိနေပါသည်။ ဟိန္ဒူ သည် အိန္ဒိယနိုင်ငံ၏ ရုံးသုံးဘာသာစကား နှစ်ခုအနက် တစ်ခုလည်းဖြစ်ပါသည်။ (အိန္ဒိယနိုင်ငံ၏ အခြားရုံးသုံးဘာသာစကားတခုမှာ အင်္ဂလိပ်ဘာသာ ဖြစ်၏။) ထို့အပြင် အိန္ဒိယနိုင်ငံသားများသည် ကမBာတလွှားသို့ သွားရောက်လျှက် အခြေချနေထိုင်လျှက် ရှိနေကြသည်ဖြစ်ရာ ထရီနီဒက်၊ ဂိုင်ယာနာ၊ တောင်အာဖရိက နှင့် မောရေးသျှ ကဲသို့သော နိုင်ငံများတွင်လည်း ဟိန္ဒူစကားကို ကျယ်ပြန့်စွာပင် ပြောဆိုသုံးစွဲကြလေသည်။
စပိန်ဘာသာစကား
ကိုလံဘတ်ကဲသို့သော နယ်မြေသစ်များ စွန့်စားရှာဖွေသူ စပိန်အမျိုးသားများကြောင့်လည်းကောင်း၊ စပိန်နယ်ချဲ့သမားများ၏ နယ်မြေများသိမ်းပိုက်ချဲ့ထွင်မှုကြောင့်လည်းကောင်း စပိန်ဘာသာစကားသည် ဉရောပတိုက် စပိန်နိုင်ငံမှ သည် အမေရိကတိုက်နှင့် အာရှတိုက်များသို့ ပြန့်နှံ့ရောက်ရှိသွားခဲ့ရာ ယခုအခါ စပိန်ဘာသာစကားကို ကမBာ့နိုင်ငံပေါင်း ၂၁ နိုင်ငံ၌ (လူဉီးရေ သန်းပေါင်း ၃၀ဝ ကျော်၏) ရုံးသုံးဘာသာစကားအဖြစ်ပြောဆိုကြပါသည်။
စပိန်ဘာသာစကားပြောလူဉီးရေ များပြားသော နိုင်ငံများမှာ မက္ကဆီကို၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ စပိန် နှင့် ဗင်နီဇွဲလား နိုင်ငံတို့ဖြစ်ကြပါသည်။ အမေရိကန်နိုင်ငံတွင် စပိန်ဘာသာစကားကို ရုံးသုံးဘာသာစကား အဖြစ် သတ်မှတ်မထားသော်လည်း အမေရိကန်နိုင်ငံသည် ကမBာပေါ်တွင် ဆဌမမြောက် စပိန်စကားပြော လူဉီးရေ အများဆုံးရှိသော နိုင်ငံဖြစ်သည်။ ထို့အပြင် စပိန်ဘာသာစကားသည် ကမBာ့ကုလသမဂ္ဂ၏ ရုံးသုံးဘာသာစကား လည်း ဖြစ်ပါသည်။
အာရေဗျ ဘာသာစကား
အာရေဗျဘာသာစကားကို ကမBာ့နိုင်ငံပေါင်း ၂၅ နိုင်ငံ၌ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားရှိရာ ဘာသာစကားတခုခုအားကမBာ့နိုင်ငံများ၏ ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ထားရှိမှု၌ အင်္ဂလိပ်နှင့် ပြင်သစ် ဘာသာစကားများပြီးလျှင် တတိယမြောက်နေရာ၌ တည်ရှိလေသည်။ ကမBာအရပ်ရပ်တွင် လူဉီးရေ သန်းပေါင်း ၂၀ဝ ခန့်သည် အာရေဗျဘာသာစကားကို ပြောဆိုကြသည်။
အာရေဗျဘာသာသာစကားသည် အစ္စလမ်မစ် ကိုရမ်ကျမ်းစာ၏ ဘာသာစကားဖြစ်ရာ များစွာသော အိန္ဒိယလူမျိုးများ၊ အင်ဒိုနီးရှားလူမျိုးများ၊ အီရန်လူမျိုးများ၏ ဒုတိယ ဘာသာစကားတရပ်လည်း ဖြစ်လေသည်။ ထို့အပြင် အာရေဗျဘာသာစကား သည် များစွာသော မူဆလင်နိုင်ငံများ၏ ဘာသာစကားတရပ်ဖြစ်ပြီး ကမBာ့ကုလသမဂ္ဂ၏ ရုံးသုံးဘာသာစကားလည်းဖြစ်ပါသည်။
ပေါ်တူဂီဘာသာစကား
တချိန်က စပိန်ဘာသာစကား၏ ပြန့်နှံ့မှုနှင့် တန်းတူရည်တူနေရာတွင် နေခဲ့သည့် ပေါ်တူဂီဘာသာစကားကို ယခုအခါ ပေါ်တူဂီနိုင်ငံမှလွဲလျှင် အခြား ကမBာ့နိုင်ငံ ၇ နိုင်ငံ၌သာ ရုံးသုံးဘာသာစကားအဖြစ် ပြောဆိုသုံးစွဲနေကြပေသည်။ ပေါ်တူဂီဘာသာစကားကို ရုံးသုံးဘာသာတရပ်အဖြစ် သတ်မှတ်ထားရှိသည့်နိုင်ငံများတွင် အာဖရိကတိုက်မှ အင်ဂိုလာနိုင်ငံအပါအဝင် ၅ နိုင်ငံ၊ လက်တင်အမေရိကတိုက်မှ ဘရာဇီး နှင့် တရုတ်ပြည်၏ အထူးအုပ်ချုပ်ခွင့်ရ ဇုံနယ်မြေတခုဖြစ်သည့် မကာအို တို့ တွင် ဖြစ်ပါသည်။ တကမBာလုံးတွင် ပေါ်တူဂီစကားပြောဉီးရေ စုစုပေါင်း ၁၆၈ သန်းခန့်ရှိသည့်အနက် ဘရာဇီး နိုင်ငံသည် ပထမ နေရာ၌ ရှိနေပြီး စုစုပေါင်း ပေါ်တူဂီစကားပြောဉီးရေ သန်းပေါင်း ၁၅၀ ကျော်ရှိလေသည်။
ရုရှားဘာသာစကား
ရုရှားဘာသာစကားကို လူဉီးရေ သန်းပေါင်း ၁၃၀ ခန့်က မိခင်ဘာသာစကားအဖြစ် သတ်မှတ်ပြောဆိုကြ ပါ၏။ နိုင်ငံအရေအတွက်အားဖြင့်ကား ၂ နိုင်ငံတည်းတွင်သာဖြစ်ပါသည်။ ရုရှား နှင့် ဘိုင်လာရုစ် နိုင်ငံတို့ပင် ဖြစ်သည်။ သို့သော် ယခင် ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံဟောင်းအချို့ဖြစ်သော ယူကရိန်း၊ ကိုင်ဇက်စတန်၊ ဉဇဘက်ကစ္စတန်၊ ကာဇက်စတန်နှင့် မိုဒိုးဗား နိုင်ငံတို့တွင် ရုရှားဘာသာစကားကို ကျယ်ပြန့်စွာ ပြောဆိုသုံးစွဲ နေကြဆဲဖြစ်ပါသည်။ ရုရှားဘာသာစကားသည် ကမBာ့ကုလသမဂ္ဂ၏ ရုံးသုံးဘာသာစကားတရပ်လည်း ဖြစ်ပါသည်။
ဂျပန်ဘာသာစကား
ဂျပန်ဘာသာစကားကို ဂျပန်နိုင်ငံ တနိုင်ငံတည်းတွင်သာ မိခင်နှင့် ရုံးသုံးဘာသာစကားအဖြစ် ပြောဆိုကြသည်။ အရေအတွက်အားဖြင့် ဂျပန်စကားပြောဉီးရေ ၁၂၅ သန်းကျော်ရှိပြီး ဘရာဇီးနိုင်ငံတွင် ၆သိန်း ကျော်နှင့် အမေရိကန်ပြည်ထောင်စုတွင်လည်း ၅ သိန်းနီးပါးခန့်ရှိပေသည်။ ခေတ်သစ် ဂျပန်စာပေရေးသား၊ ဖတ်ရှူနည်း ၄ နည်းရှိရာ ၄င်းတို့မှာ ခန်းဂျီး (တရုတ် ဟန်ဇီ မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။)၊ ဟိုင်ရာဂါနာ၊ ကာတာကာနာ နှင့် ရိုမာဂျီ နည်းတို့ပင်ဖြစ်ပါသည်။
ဘင်္ဂါလီ ဘာသာစကား
ဘင်္ဂါလီဘာသာစကားသည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်ပြီး လူဉီးရေသန်းပေါင်း ၁၂၀ ကျော်ပြောဆိုကြသည်။ ထို့အပြင် ဘင်္ဂါလီ ဘာသာစကားကို အိန္ဒိယ လူဉီးရေ သန်း ၇၀ ကျော် (အထူးသဖြင့် အနောက် ဘင်္ဂလားပြည်နယ်သားများ) တို့လည်း သုံးစွဲပြောဆိုကြပေသည်။
ဂျာမန် ဘာသာစကား
ဂျာမန်ဘာသာစကားကို ဉရောပနိုင်ငံ ၆ နိုင်ငံ၌ လူဉီးရေသန်းပေါင်း ၁၂၀ ခန့်က သုံးစွဲပြောဆိုကြသည်။ ဂျာမန်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ပြောဆိုကြသော အဆိုပါနိုင်ငံများမှာ ဂျာမဏီ၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ လူဇင်ဘတ်၊ လိုင်ချက်စတိန် နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့ပင်ဖြစ်ပါသည်။ ဂျာမန်ဘာသာစကားပြောသူ အတန်ငယ်ရှိသော အခြားနိုင်ငံများမှာ ပိုလန်၊ ရုရှား၊ ဘရာဇီး နှင့် အမေရိကန်ပြည်ထောင်စုတို့ပင်ဖြစ်ပါသည်။
ပြင်သစ်ဘာသာစကား
ပြင်သစ်ဘာသာစကားကို ပြောဆိုသုံးစွဲသည့် လူဉီးရေ မှာ ခန့်မှန်းခြေအားဖြင့် သန်းတရာ နီးပါးခန့်သာရှိသော်လည်း ဤ ဘာသာစကားသည် ကမBာ့နိုင်ငံပေါင်း ၃၂နိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်ရာ အင်္ဂလိပ်ဘာသာစကားပြီးလျှင် ဒုတိယနေရာတွင် ရပ်တည်လျှက်ရှိပေသည်။
ပြင်သစ်ဘာသာစကားသည် ကမBာ့ကုလသမဂ္ဂ၏ ရုံးသုံးဘာသာစကားလည်းဖြစ်ပြီး ပြင်သစ်စကားအား ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ပြောဆိုကြသော နိုင်ငံများတွင် ပြင်သစ်၊ ကနေဒါ၊ အိုင်ဗရီကို့စ်၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ ကင်မရွန်း၊ နီဂါ၊ မါဒါဂါစကာ နှင့် ဆွစ်ဇာလန် နိုင်ငံတို့ ပါဝင်လေသည်။
မလေးဘာသာစကား
ဒေသအလိုက် မတူကွဲပြားစွာ သုံးနှုံးပြောဆိုကြသော်လည်း ပင်မ မလေးဘာသာစကား ပြောဆိုမှုများကို အင်ဒိုနီးသျှား တွင် ‘ဘာဟာစာအင်ဒိုနီးသျှား’ ဟူ၍လည်းကောင်း၊ မလေးရှားနိုင်ငံတွင် ‘ဘာဟာစာမလေးရှား’ ဟူ၍လည်းကောင်း၊ စင်္ကာပူ နှင့် ဘရူနိုင်း နိုင်ငံတို့တွင် ‘ဘာဟာစာ မေလာယု’ ဟူ၍လည်းကောင်း အသီးသီး သတ်မှတ်ထားရှိသည်ကို တွေ့ရှိရပေသည်။
အထက်ဖေါ်ပြပါ နိုင်ငံ လေးနိုင်ငံပေါင်း လူဉီးရေသည် သန်းပေါင်း ၂၂၀ ကျော်ခန့်ရှိသော်လည်း မလေးဘာသာစကားသည် အဆိုပါ နိုင်ငံ အားလုံး၏ အဓိက လူပြောအများဆုံး ဘာသာစကားတရပ်တော့ မဟုတ်ပါချေ။ ခန့်မှန်းခြေအားဖြင့် လူဉီးရေ ၃၃ သန်းခန့်သာ မလေးဘာသာစကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသုံးစွဲကြလေသည်။ အင်ဒိုနီးသျှားနိုင်ငံတွင် မလေးဘာသာစကားပြောဆိုသည့်လူဉီးရေသည် တတိယ အများဆုံး နေရာ၌ ရှိပြီး နိုင်ငံ၏ ပထမ နှင့် ဒုတိယ လူဉီးရေအများဆုံး ပြောဆိုသည့် ဘာသာစကားများမှာ ဂျာဗားစကားနှင့် ဆူဒါနီးစ် ဘာသာစကားတို့ပင် ဖြစ်ပါသည်။
မောင်ဉီးသိန်းမောင်
မှတ်ချက်။ ။ နယူးယော့တိုင်းမ် သတင်းစာဌါနမှထုတ်ဝေသော ကမBာ့စွယ်စုံကျမ်း (၂၀ဝ၇) မှ ၷေႁသမ ဴေညါကေါနၽ သ် အ့န္တသမို ကို ဘာသာပြန်ဆိုတင်ပြခြင်းဖြစ်ပါသည်။
Picture:
http://www.wikinomics.com/blog/uploads/internet-languages.JPG