Tuesday, September 15, 2009

စာရွီးပါ


တခုခုလိုအပ်နိန်ရေပိုင်ခံစားရပါလား။
တစုံတရာကို ရင်ဖွင့်ပလိုက်ချင်ရေစိတ်တိဟိတတ်နိန်ပါရေလား။
ကိုယ်တွေးခေါ်မိ၊ ခံစားမိရေ အတွေးသစ်၊ အမြင်သစ်တိကို သူများနန့် မျှဝီပြီးကေ၊ သူများတိ၏ တွေးခေါ်မှုတိ၊ အတွိအကြုံတိကိုလည်း မျှဝီခံစားချင်ရေစိတ်တိ ဟိတတ်နိန်ပါရေလား။
ဒေမိန်းခွန်းတခုခုအတွက်သော်လည်းကောင်း၊ မိန်းခွန်းအားလုံးအတွက်သော်လည်းကောင်း အဆွီ၏ အဖြေသည် “ဟုတ်ပါယင့်” ဖြစ်နိန်ခ ကေ ယင်းလိုလားချက်တိအားလုံးကို ဖြည့်ဆည်းဖို့အတွက် နည်းလမ်းတခုရာဟိပါရေ။
“စာရွီးပါ။”

စာဖတ်ခြင်းရေ ‘ပြည့်ဝ’ ရေ လူဖြစ်စီပါရေလှတ်။
စာရွီးခြင်းရေ ‘တိကျ’ ရေ လူဖြစ်စီပါရေလှတ်။
ပြောဆိုဆွေးနွေးခြင်းက တော့ကေ ‘အဆင်သင့်ဟိရေလူ’ ဖြစ်စီရေ လို့ဆိုပါရေ။
အစစ အရာရာမှာ အောက်လည်းကျ၊ နောက်လည်းကျ၊ အားလုံးပိုင် ‘ကျ’ ကျန်လိုက်တေ ကျွန်တော်ရို့တိ ‘ပြည့်ဝ’၊ ‘တိကျ’ ပြီးကေ ‘အဆင်သင့်’ ဟိတတ်နိန်အောင် ကြိုးပမ်းလုပ်ဆောင်လားကတ်ပါမေ။
စာရွီးပါ။

ယေးလ် တက္ကသိုလ်က မှာ လုပ်ခ ဖူးရေ စစ်တမ်းတခုမှာ ကိုယ့်မိသားစုအကြောင်း၊ ဘာသာရေးအကြောင်း၊ ယုံကြည်မှုအကြောင်း၊ အချစ်၊ အမုန်း တိအကြောင်း၊ အစဟိရေ အကြောင်းအရာတိကို ချပနာ ရွီးရွီးတတ်တေ ကျောင်းသား၊ ကျောင်းသူတိရေ ယင်း ‘စာရွီးတတ်တေအလေ့အထ’ က ပင်လျှင် သူရို့၏ စာပီလေ့လာမှုတိကို အများကြီးအထောက်အကူဖြစ်စီကြောင်းနန့် စာစစ်၊ စာဖြေမှုတိမှာ အမှတ်တိအများကြီးရ စီကြောင်း သုတေသနပြု တွိဟိရရေလို့ ဆိုပါရေ။
စာရွီးပါ။

စာရွီး“တရက်မှာ ၁၅ မနိ ရာ စာရွီးပါ။ ယင်းစာရွီးသူ၏ ဘဝ ရည်မှန်းချက်ပီပြင်လာစီဖို့နန့် ယင်းရည်မှန်းချက် ပေါက်မြောက်အောင်မြင်ဖို့အတွက် အများကြီးအထောက်အကူဖြစ်စီကြောင်းတွိရပါလိမ့်မေ။ ဇာဖြစ်လို့လဲ ဆိုကေ ဉီးနှောက်နန့် နှလုံးသား ကြားမှာ ပေါင်းကူးပီးရေအရာရေ ‘စာရွီးခြင်း’ ပင်ဖြစ်လို့ပါ” လို့ နယူးယော့မြို့က နာမည်ကြီးစိတ်ပညာသျှင် ဂလက်စတီဂါစတိန် က ဆိုပါရေ။
စာရွီးပါ။

Picture: http://englishinguiaavanzado.files.wordpress.com/2009/05/writing1.jpg

No comments:

Post a Comment