Friday, September 11, 2009

အကြမ်းမဖက်လှုပ်ရှားသူများ၏ အသံများ


ဆရာတော်အရှင် ဉီးဉတ္တမသည် မြန်မာနိုင်ငံတွင် အကြမ်းမဖက်လှုပ်ရှားမှုကို စတင်ခဲ့သူ၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို မျိုးစေ့ချပေးခဲ့သူတစ်ဉီးဖြစ်ပါသည်။ အရှင်ဘုရားအားဂုဏ်ပြုသည့်အနေဖြင့် အရှင်ဉီးတ္တမမတိုင်မီကလည်းကောင်း၊ အရှင်ဉီးဉတ္တမနောက်ပိုင်းတွင်လည်းကောင်း အရှင်ဘုရားကဲ့သို့ပင် အခြားအကြမ်းမဖက်လှုပ်ရှားမှုများကို ဉီးဆောင်ကာ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၏ လွတ်လပ်ရေး၊ တိုးတက်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့သူများ၏ အဆိုအမိန့်အချို့ကို ကောက်နုတ်တင်ပြလျှက် အရှင်ဘုရားအား ရိုသေလေးမြတ်စွာ ဂုဏ်ပြုအပ်ပါသည်။
ရောက်လေရာ ဘုံဘဝမှ သာဓုခေါ်တော်မူပါအရှင်ဘုရား။ ။

အကြမ်းမဖက်မှုသည် အင်အားရှိသူ၏ လက်နက်တစ်ခုဖြစ်သည်။
္နသ့ညေျိေု၏ွညေိ့င

အကြမ်းမဖက်မှုသည် ဝတ်ဆင်ရန် (သို့မဟုတ်) ချွတ်ပစ်ရန် အဝတ်အထည်တစ်မျိုးမဟုတ်။ အကြမ်းမဖက်မှု၏နေရာသည် နှလုံးသားထဲတွင်တည်ရှိပြီး ၄င်းအားကျွနှုပ်တို့၏ဖြစ်တည်မှုမှ သွေဖီခွဲခွါ၍ မရစကောင်းသောအစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်ပေသည်။
္နသ့ညေျိေု၏ွညေိ့င

အကြမ်းမဖက်မှု ဟူသည် ပြင်ပဗဟိဒ ရုပ်ပိုင်းဆိုင်ရာ၌သာအကြမ်းမဖက်ခြင်းမျိုးမဟုတ်၊ စိတ်တွင်း၊ ကိုယ်တွင်း၌ပါ တည်ရှိနေခြင်းဖြစ်သည်။ တစ်စုံတစ်ဉီးကို ပစ်ခတ်သတ်ဖြတ်ရန် ငြင်းဆန်ရုံသာမဟုတ်၊ ထိုလူအားမုန်းတီးရန်ကိုပါ ငြင်းဆန်ခြင်းဖြစ်သည်။
မာတင်လူသာကင်း ဂျူနီယာ

အကြမ်းမဖက်မှု၌ ‘အနိုင်ယူခြင်း’ (သို့မဟုတ်) ‘ရှုံးနိမ့်စေခြင်း’ ဟူသည့်အရာမျိုး လုံးဝမရှိချေ။
ဆီဇာချာဗက်

ကျွနှုပ်တို့သည် ကျွန်နှုပ်တို့ဆန့်ကျင်သော စံနစ်ကဲသို့ ဖြစ်လာစေရန် ကိုယ့်ကိုယ်ကို ခွင့်မပြုသင့်ကြပေ။
ဘုန်းတော်ကြီးဒက်စမွန်တူးတူး

အကြမ်းမဖက်မှုသည် ခက်ခဲလွန်းသောအလုပ်ဖြစ်သည်။ ဆုံးရှုံးအနစ်နာခံရန်စိတ်ပိုင်းဖြတ်မှုဖြင့်အလုပ်လုပ်ကြရသည်။ စိတ်ရှည်သီးခံမှုဖြင့် အောင်ပွဲခံကြရသည်။
ဆီဇာချာဗက်

အကြမ်းမဖက်လှုပ်ရှားမှု၏ ပထမဉီးဆုံး ဉပဒေသ မှာ မည်ကဲ့သို့သော လူလူချင်း အကြမ်းဖက်၊ ချိုးနှိမ်မှုနှင့်မှ ပူးပေါင်းဆောင်ရွက်မှု အလျှဉ်းမလုပ်ရန်ပင်ဖြစ်သည်။
ဆီဇာချာဗက်

အတွေးအခေါ်သက်သက်အားဖြင့်သော်လည်းကောင်း၊ စကားလုံးဝေါဟာရဖေါ်ပြမှုအနေဖြင့်သော်လည်းကောင်း၊ အပြုအမူတစ်စုံတစ်ရာဖြင့်သော်လည်းကောင်း အကြမ်းမဖက်လှုပ်ရှားမှုကို အင်အားရှိလာအောင် လုပ်နိုင်စွမ်းမည်မဟုတ်ချေ။ သို့သော် အကြမ်းမဖက်မှုကို ကျွနှုပ်တို့၏ ပန်းတိုင်အဖြစ်သတ်မှတ် ထွေးပွေ့လျှက် (မည်သည့်အခြေအနေတွင်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ) ဆက်လက်သယ်ဆောင်ခရီးဆက်ကြရမည်ဖြစ်ပေသည်။
္နသ့ညေျိေု၏ွညေိ့င

လူသားဘဝတစ်ခု၏ အဆင့်အမြင့်ဆုံး (ဂုဏ်သိက္ခာအရှိဆုံး) တရားဉပဒေမှာ ‘အကြမ်းမဖက်မှု’ ပင်ဖြစ်သည်။
အန္ဒိယစကားပုံကောက်နုတ်ချက်

‘အကြမ်းမဖက်မှု’ သည် ဘာသာတရားအားလုံး၏ အကြီးကျယ်အမြင့်မြတ်ဆုံးအခြင်းအရာပင် ဖြစ်သည်။
ဆွာမိဆာဟာဂျနန်

မေတ္တာတရားအားလုံး၏ဆုံစည်းရာသည် ‘အကြမ်းမဖက်မှု’ ပင်ဖြစ်သည်။
ဲသညေ Bနေဖ

ကမBာတွင်ဖြစ်ပျက်နေသော စစ်ပွဲများကို ရပ်တန့်ပစ်ကြမည်ဆိုပါလျှင် ကျွနှုပ်တို့အားလုံးအတွက် ပထမဉီးစားပေးဆင်နွဲကြရမည့်အခြားစစ်ပွဲတစ်ခုမှာ ‘ငတ်မွတ်ခေါင်းပါးမှု’ ပင်ဖြစ်ပါလိမ့်မည်။
ီလေင္တိ၏ Bမသသျု

အကြမ်းမဖက်မှု၏ အလယ်ဗဟိုတည့်တည့်တွင် အမွန်မြတ်ဆုံးသောမေတ္တာတရား တည်ရှိပါသည်။
ၷေမအငည ဴကအ့နမ ဳငညါ ဲမ၏

တရားဉပဒေဖေါက်ဖျက်ကျူးလွန်မိသူတစ်ဉီးသည် တရားဉပဒေကိုချိုးဖေါက်မိကြောင်း ကိုယ်တိုင်သိရှိပြီးနောက်ဝယ် မိမိ၏လူမှုအသိုင်းအဝိုင်းတွင် ထိုကဲ့သို့သော တရားဉပဒေချိုးဖေါက်မှုများ နောက်ထပ်မရှိစေရေးနှင့် တရားဉပဒေစိုးမိုးရေးကို ရှေးရှူလျှက် ထိုပြစ်မှုအတွက် ကျခံရန်ရှိသည့်အပြစ်အားလုံးကို (အကြမ်းဖက်ခုခံကာကွယ်မှု အလျှဉ်းမရှိပဲ) လိုလိုလားလားလက်ခံခြင်းသည် တရားဉပဒေအား အဆင့်အမြင့်ဆုံးဖြင့် ရိုသေလေးစားခြင်းပင်ဖြစ်တော့သည်။
ၷေမအငည ဴကအ့နမ ဳငညါ ဲမ၏

အမှန်တရားသည် ကျွနှုပ်၏ဘုရားသခင်ဖြစ်ပြီး အကြမ်းမဖက်မှုသည် ထိုဘုရားသခင်အပေါ် သိရှိနားလည်စေသည့်ကျွနှုပ်၏ လမ်းကြောင်းမှန်ပင်ဖြစ်တော့သည်။
ၷသ့ေိူေၽ ဳ၏ ြေညိ့င

ဆုတ်ထားသောလက်သီးများနှင့် သင်သည် လက်ဆွဲနုတ်ဆက်မှုကို မပြုလုပ်နိုင်ပါ။
၍ညိငမေ ြေညိ့င

‘မျက်လုံးတစ်လုံးဆုံးရှုံးမှုအတွက် အခြားမျက်လုံးတစ်လုံးကို ထိုးဖေါက်ပစ်စေသည့် ဉပဒေသ သည် တကမBာလုံးအား အကန်းများနှင့် ပြည့်နှက်နေစေပါလိမ့်မည်။’
္နသ့ညေျိေု၏ွညေိ့င

မိမိ၏ဆန့်ကျင်ဖက်အား ရိုသေလေးစားစွာတုန့်ပြန်ဆက်ဆံမှု၊ တဖက်သား၏အမြင်နှင့်ခံစားချက်များအား နားလည်အောင်ကြိုးစားမှုတို့သည် အကြမ်းမဖက်မှုအတွက် အခြေခံ၊ အစပျိုးမှုပင်ဖြစ်ပါသည်။
္နသ့ညေျိေု၏ွညေိ့င



No comments:

Post a Comment