(မှတ်ချက်။ ။ ရခိုင်အမျိုးသမီးသမဂ္ဂ ဉက္ကဌ၊ ဆရာမ ဒေါ်မြရာဇာလင်းမှ အမျိုးသမီးမဂ္ဂဇင်းတစ်စောင် ထုတ်ဝေရန်အတွက် စာမူတောင်းခံရာ ဤဆောင်းပါးကို ကျွန်တော်ရေးသားပေးပို့ခဲ့ပါသည်။)
ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသမီးသမ္မတအဖြစ် ၁၉၈၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ကိုရာဇန်ကိုဂျူယန်ကိုအကွီနို (ဃသမဖေသည ဃသကြညေါခသ ဗဆကငညသ) ကို ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ တာလေ့စ်ခရိုင် လူဇန် မြို့၌မွေးဖွါးခဲ့သည်။ အကွီနိုတို့မိသားစုသည် နိုင်ငံရေးအစဉ်အလာကောင်း ရှိသောမိသားစုဖြစ်သည်။ သူမ၏ အဖိုးနှစ်ဉီးစလုံးသည် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်များဖြစ်ခဲ့ကြပြီး အဖေမှာ အောက်လွှတ်တော်အမတ် ဖြစ်ရာ အကွီနိုတို့မိသားစုသည် ဖိလစ်ပိုင်နိုင်ငံ၏ သြဇာတက္ကိမရှိသော အထက်တန်းလွှာ လက်ရွေးစင်မိသားစု ၅၀ မှ ၆၀ စာရင်းအတွင်းတွင်ရှိသောမိသားစု ဖြစ်ပေသည်။
ရိုမန်ကတ်သလစ် ဘာသာဝင်ဖြစ်သူ ကိုရာဇန်အကွီနိုသည် ကတ်သလစ်အသင်းတော်၏ ကူညီထောက်ပံ့မှု ဖြင့် ဖွင့်လှစ်ထားသည့် ဖိလစ်ပိုင် နှင့် အမေရိကန် နိုင်ငံများမှ ကျောင်းများတွင်ပညာသင်ကြားခဲ့လေသည်။ အကွီနို သည် အမေရိကန်နိုင်ငံ နယူးယော့မြို့ရှိ မောင့်စိန့်ဗင်းဆင့် ကောလိပ်မှ ဘွဲ့ရရှိပြီးနောက် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဖျား တက္ကသိုလ်၌ ဉပဒေပညာရပ်များကို လေ့လာခဲ့လေသည်။ သူမ၏ ပထမနှစ်ဉပဒေပညာသင်ကြားမှုအပြီး ၁၉၅၄ခုနှစ် တွင် ကိုရာဇန် သည် သူမဘဝ၏ဘဝတာအတွက် လွန်စွာအရေးပါလှသည့် သမိုင်းဝင်ဆုံးဖြတ်ချက်တခုကို ချမှတ် လုပ်ဆောင်ခဲ့လေသည်။ ၄င်းမှာ ကျောင်းမှထွက်လိုက်ကာ အောင်မြင်ကျော်ကြားစပြုနေသူလည်းဖြစ်၊ နောက် မကြာမီမှာပင် စာနယ်ဇင်းလောကမှ နိုင်ငံရေးလောကသို့ ကူးပြောင်းလာကာ ဖိလစ်ပိုင်နိုင်ငံ၏ အာဇာနည်များ ထဲတွင်တစ်ဉီးအပါအဝင်ဖြစ်လာမည့် တက်သစ်စ စာနယ်ဇင်းသမား ဘနီနို အကွီနို ဂျူနီယာ (Bနညငါညသ ဗဆကငညသယဲမ၏) နှင့် လက်ထပ်လိုက်ခြင်း ပင်ဖြစ်လေသည်။
အမှန်မှာ များစွာသော ကြံစိုက်ခင်းကြီးများပိုင်ဆိုင်ကာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝလှသည့် ဘနီနို တို့မိသားစုသည်လည်း အကွီနို တို့မိသားစုလိုပင် နိုင်ငံ၏ ထိပ်တန်းလက်ရွေးစင် မိသားစုများစာရင်းဝင် ကြသူများပင် ဖြစ်ပါသည်။ သို့ရာတွင် ၁၉၆၈ခုနှစ်ထုတ် နိုင်ငံခြားရေးရာမဂ္ဂဇင်း၌ ဘနီနိုရေးသားလိုက်သည့် “လက်တဆုတ်စာအလျှံပါယ်ကြွယ်ဝသူများနှင့်ကျန်တနိုင်ငံလုံးကုန်းကောက်စရာမရှိသည့်မွဲပြာကျများဖြင့် ပြည့်နှက် နေသည့် ဤနိုင်ငံ” ဆောင်းပါးဖြင့် သူ၏ အမိနိုင်ငံအရေးအရာများအပေါ်လွန်စွာစိတ်ဝင်စားမှုရှိခြင်း၊ မိမိတို့မိသားစု သည် ကျိကျိတက်ချမ်းသာသော်လည်း ဆင်းရဲသူလူများစုဘက်မှရပ်တည်လိုစိတ်ရှိခြင်းနှင့် နိုင်ငံ့အရေးအရာများ၌ ပါဝင်ပါက်သက်လိုသည့်ပြင်းပြသောဆန္ဒရှိခြင်းတို့ကို ပြသလိုက်ခြင်းပင်ဖြစ်လေသည်။ ၁၉၆၅ခုနှစ်တွင် ဖါဒီနန်မားကို့စ် (င်္နမိငညည္နေိမေခသျ) အာဏာရလာပြီး၊ ၁၉၇၂ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ပြီးနောက်ဝယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဖိလစ်ပိုင်လွှတ်တော်အမတ်တဉီးလည်းဖြစ်သူ နီနွိုင်အကွီနို အား ထောင်ဒဏ် ၇ နှစ်အပြစ်ပေးလိုက်လေသည်။
သူမ၏အမျိုးသားဖြစ်သူထောင်သွင်းအကျဉ်းကျခံနေရသည့်ကာလသည် ကိုရာဇန်အကွီနို၏ဘဝတသက် တာအတွက် ‘အကျပ်အတည်းများကြားထဲမှ အရေးပါသောကာလ’ ဟု သတ်မှတ်ပြောဆိုခဲ့သည်။ ခင်ပွန်းသည် ထောင်နန်းစံနေသောကာလတလျှောက်၌ အကွီနိုသည် အမေလည်းသူ၊ အဖေလည်းသူ အဖြစ်ဖြင့် သားသမီး ငါး ယောက်အား ပြုစုစောင့်ရှောက်ကာ မိသားစုတခုလုံး၏တာဝန်ကို ဒိုင်ခံထမ်းဆောင်ရလေသည်။ ထို့အပြင် နိုင်ငံရေး ခံယူချက် ခိုင်ကျည်လှသည့် နီနွိုင်အနေဖြင့် ထောင်နံရံများအတွင်းမှနေ၍ သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်နေခဲ့ရာ အကွီနိုသည် ပြင်ပကမBာနှင့် နီနွိုင် ကြားထဲတွင် ကူးပြောင်းဆက်သွယ်ပေးသော တံတားသဖွယ် ဆောင်ရွက်ပေးရသူဖြစ်လာခဲ့လေသည်။ သို့ဖြင့် နီနွိုင်၏ နိုင်ငံရေးဆိုင်ရာ၊ အယူအဆပိုင်းဆိုင်ရာများနှင့် ဖိလစ်ပိုင် နိုင်ငံရေးရာများ၊ အမျိုးသားရေးရာများကို အကွီနိုအနေဖြင့် အပါတ်စဉ် လေ့လာခွင့်ရရှိခဲ့လေသည်။ ထိုသို့ထောင်ကျ နေစဉ်တွင်ပင် နီနွိုင်၏ ကျန်းမာရေးအခြေအနေယိုယွင်းဆုတ်ယုတ်လာမှုကြောင့် နီနွိုင်အား အမေရိကန်နိုင်ငံသို့ သွားရောက်ကာဆေးကုသမှုခံယူရန် မားကို့စ် အစိုးရက ခွင့်ပြုခဲ့လေသည်။ ဤသို့ဖြင့် အကွီနိုတို့ မိသားစုသည် အမေရိကန်နိုင်ငံ၊ မတ်ဆာချူးဆက်ပြည်နယ်၊ နယူတန်မြို့၌နေထိုင်ကာ ၁၉၈၀ မှ ၁၉၈၃ ခုနှစ် ကာလများအတွင်းဝယ် နီနွိုင်နှင့်အတူ ဟားဗက် နှင့် မက်ဆာချူးဆက်စက်မှုတက္ကသိုလ်တို့တွင် သုတေသနပြုလုပ်ငန်းများကို ဆောင်ရွက် နေခဲ့လေသည်။ ဤသို့နေထိုင်နေရင်းဖြင့် ၁၉၈၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင် ရွေးကောက်ပွဲသစ်ပြန်လည်ပြုလုပ်မည် ဖြစ်ကြောင်း မားကို့စ် အစိုးရမှ ကြော်ငြာလိုက်ရာ ဘနီနိုအကွီနို သည် ဖိလစ်ပိုင်နိုင်ငံသို့ပြန်သွားရန် ဆုံးဖြတ် လိုက်လေသည်။ သို့ဖြင့် ကြီးမားသောမျှော်လင့်ချက်များ ရင်ထဲတွင်ပွေ့ပိုက်လာခဲ့သည့် ပြည်တော်ပြန် ဘနီနိုအကွီနို သည် ဖိလစ်ပိုင်အမိမြေသို့ ပြန်လည်ခြေချသည့် ၁၉၈၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင်ပင် မနီလာလေဆိပ်၌ လုပ်ကြံခံလိုက်ရလေသည်။ နီနွိုင် လုပ်ကြံခံရသည့် သတင်းစကားကို အမေရိကန်နိုင်ငံ၌သာရှိနေသေးသည့် အကွီနို တို့မိသားတစုသည် တယ်လီဖုန်းထဲမှတဆင့် လက်ခံရရှိခဲ့ကြလေသည်။
ဤသို့ဖြင့် အမျိုးကိုချစ်သူ၊ မိမိကိုယ်တိုင်လူကုံထံတဉီးဖြစ်သော်လည်း ဖိလစ်ပိုင်ဆင်းရဲသား လူများစု အတွက် ရပ်တည်တိုက်ပွဲဝင်ကာ အမိမြေပေါ်၌ ထာဝရအိပ်စက်အနားယူသွားပြီဖြစ်သည့် ခင်ပွန်းသည်၏ ရုပ်ကလပ် အား မြေချရန်အလို့ငှါ ကိုရာဇန်အကွီနို သည် ဟင်းလင်းပွင့်နေသလောက် လေးလံထိုင်းမှိုင်းနေသည့် ရင်တွင်း ခံစားချက်များနှင့်အတူ ဖိလစ်ပိုင်မြေသို့ ပြန်သွားခဲ့လေသည်။ ထိုနောက်သူမသည် မားကို့စ်အတိုက်အခံပါတီ၊ မားကို့စ်အတိုက်အခံရွေးကောက်ပွဲဝင်သူများအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မနေမနား ဆောင်ရွက်နေခဲ့လေ သည်။ အကွီနိုတို့၏ မားကို့စ် အတိုက်အခံအုပ်စုသည် ၁၉၈၅ခုနှစ်၊ အောက်တိုဘာတွင် ဖိလစ်ပိုင်လွှတ်တော်၌ အမတ်နေရာ ၅၆နေရာ အနိုင်ရရှိခဲ့လေသည်။ အစပိုင်းတွင် အကွီနိုအား နိုင်ငံရေးခေါင်းဆောင်တဉီးအဖြစ် သတ်မှတ် ရှုမြင်ရန် အခြေအနေနည်းနေခဲ့သော်လည်း အချိန်အတိုင်းအတာတခုကို ဖြတ်သန်းပြီးနောက်ဝယ် မားကို့စ် အတိုက်အခံအုပ်စုများသည် အကွီနို အား လက်ရှိသမ္မတ မားကို့စ်အပေါ် ယှဉ်ပြိုင်အနိုင်ယူနှိုင်သည့် စွမ်းအားပြည့် အတိုက်အခံခေါင်းဆောင်တဉီးဖြစ်ကြောင်းသဖေါပေါက်ရှုမြင်လာခဲ့ကြလေသည်။ သို့ဖြင့်“အားလုံးအတွက် သင့်တော် မှန်ကန် သမ္မတသစ် ရာထူးအတွက် ကိုရာဇန်” ဟူသော အမျိုးသမီးတစ်ဉီး ဉီးဆောင်သည့် သမိုင်းဝင်မားကို့စ် အတိုက်အခံလှုပ်ရှားမှုကြီး စတင်ပါလေတော့သည်။ သူမသည် အတိုက်အခံပြု၏။ တောင်းဆိုမှုများပြုလုပ်၏။ တောင်းဆိုသောအရာများအားလုံးကိုလည်း လက်ခံရရှိခဲ့သည်ဟု ဆိုရပါချိမ့်မည်။ သမ္မတရာထူးအတွက် အကွီနို လှုပ်ရှားမှု စတင်သည့် ပထမ တစ်လ ခန့်အတွင်းမှာပင် သန်းနှင့်ချီသည့် ထောက်ခံလက်မှတ်တပြုံတခေါင်းကြီးကို ဖိလစ်ပိုင်ပြည်သူများထံမှ အကွီနိုရရှိခဲ့လေသည်။ အကွီနိုလှုပ်ရှားမှု စတင်သည့် ပထမ ၄၅ ရက်အတွင်းမှာပင် သမ္မတ မားကို့စ်တို့ဘက်မှ ထိုးနှက်လှုံ့ဆော်သံ တစ်သံ စတင်ထွက်လာခဲ့လေသည်။ ယင်းမှာ “အမျိုးသမီးတစ်ဉီးအတွက် နေရာမှန်သည် အိပ်ခန်းထဲမှာရှိသည်” ဟူသော ဆောင်ပုဒ်ပင်တည်း။ မကြာမတင်မီမှာပင် မားကို့စ်တို့အုပ်စုသည် ရွေးကောက်ပွဲ၌ မဲခိုးရန်စီစဉ်ကြိုးစားကြပါလေတော့သည်။ ထောင်ပေါင်းများစွာသော ဖိလစ်ပိုင်ပြည်သူများသည် မနီလာလမ်းမကြီးများပေါ်ရောက်ရှိလာကာ မားကို့စ်အားရှုံ့ချကာ ခံဆန္ဒပြကြပါလေတော့သည်။ မားကို့စ်၏ ခါးပိုက် ဆောင် အဓိကစစ်ရေးခေါင်းဆောင်နှစ်ဉီး တော်လှန်ဖြုတ်ချခြင်းခံလိုက်ရ၏။ ဖိလစ်ပိုင်၏ ဒီမိုကရေစီစံနစ်ကို အရုပ်ဆိုး အကျည်းတန်စေခဲ့သည့် မားကို့စ်အားပြည်ပသို့ထွက်ခွါသွားရန် ဖိလစ်ပိုင်ပြည်သူတို့ ဖိအားပေးကြသည့်အလျှောက် တချိန်တည်းတွင်ပင် ကိုရာဇန်အကွီနို သည် ဖိလစ်ပိုင်နိုင်ငံ၏ သမိုင်းဝင် အမျိုးသမီး သမ္မတ တစ်ဉီးဖြစ်လာခဲ့လေပြီ။
အကွီနိုအနေဖြင့် ဤရာထူးကို လက်ခံရရှိခဲ့သည်မှာ သူမခင်ပွန်းသည်၏ အသက်ပေးစွန့်လွှတ်အနစ်နာ ခံကာ ဖိလစ်ပိုင်နိုင်ငံတွင် ဒီမိုကရေစီစံနစ် ပြန်လည်ရှင်သန်အမြစ်တွယ်ရန် ကြိုးပမ်းအားထုတ်မှုများ၏ နောက်ဆက် တွဲရလဒ်ဖြစ်ကြောင်း သုံးသပ်ရှုမြင်ခဲ့လေသည်။ လူသားတစ်ဉီးအား ဘာမဆိုလုပ်ပိုင်ခွင့်ပေးထားသည့် အထူးအခွင့် အရေးများကို ဖယ်ရှားနိုင်ရန်အတွက် အကွီနိုသည် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထား နိုင်ရေးအချက်များပါဝင်စေလျှက် နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေကို ပြန်လည်ရေးဆွဲခဲ့လေသည်။
ခြောက်နှစ်ကြာသမ္မတသက်တမ်းကုန်ဆုံးသွားပြီးနောက် အကွီနိုသည် သူမကိုယ်တိုင်ဉီးဆောင်ရေးဆွဲခဲ့ သည့် ထို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေသစ်ကြောင့်ပင်လျှင် သူမသည် နောက်ထပ်အရွေးမခံခဲ့တော့။ အကွီနို၏ သမ္မတသက်တမ်းတလျှောက်သည် ပန်းခင်းသည့်လမ်းတော့မဟုတ်ခဲ့ပါချေ။ ခြောက်နှစ်ကြာကာလအတွင်းဝယ် စဉ်ဆက်မပြတ်သည့် စစ်ဘက်တော်လှန်ရေးများ (ခုနစ်ကြိမ်တိတိ) ဖြင့်ပြည့်နှက်နေခဲ့ပြီး ထိုလှုပ်ရှားမှုများအတွက် လူပေါင်း ၁၅၀ ခန့်သေဆုံးခဲ့ရလေသည်။ “တကယ်တော့ ဒီတော်လှန်ရေးဟာ ကျမ ခင်ပွန်းသည်ရဲ့ ခေါင်းထဲကို ပစ်သွင်းလိုက်တဲ့ ဖိလစ်ပိုင်စစ်သားတစ်ဉီးရဲ့သေနတ်ကထွက်လာတဲ့ ကျည်ဆံက အစပြုခဲ့တာပါ” ဟူသော စကားရပ် ကို ဖိလစ်ပိုင်စစ်တက္ကသိုလ်သို့ သမ္မတအဖြစ်သွားရောက်လည်ပတ်စဉ်အတွင်း ကိုရာဇန် မှ ပြောဆိုခဲ့လေသည်။
ကမBာ့အမျိုးသမီးခေါင်းဆောင်များစာအုပ်ကို ရေးသားရန်အတွက် စာရေးဆရာမူကေမေ ဗူငျတသသိ နှင့်တွေ့ဆုံမေးမြန်းခန်းတခုပြုလုပ်ရာတွင် အကွီနိုက “ကျမ ပထမဉီးဆုံးတွေ့ကြုံရတဲ့အခက်အခဲကတော့ စစ်ဘက် ဆိုင်ရာတွေနဲ့ဆက်ဆံရေးပါ။ အမျိုးသမီးတယောက်ကို ကာကွယ်ရေးဉီးစီးချုပ်အဖြစ်လက်ခံဘို့ကိစ္စဟာ ထိပ်တန်းစစ် ခေါင်းဆောင်တွေအတွက် အတော်လေး ခဲယဉ်းနေတာကို တွေ့ရပါတယ်။ ရှင်းရှင်းပြောရရင် ကာကွယ်ရေးဉီးစီးချုပ် တာဝန်ကို ထမ်းဆောင်ရာမှာ ကျမကိုယ်တိုင်အတွက်လည်း အခက်အခဲတွေ အများကြီးရှိနေခဲ့တာတော့ အမှန်ပါပဲ။ စစ်ဘက်ဖွဲ့စည်းပုံတချို့ကို ပြန်လည်ဖွဲ့စည်းရတာမျိုးတွေ၊ အလတ်တန်းစစ်ဘက်ခေါင်းဆောင်တွေကို ရွေးချယ်ခန့်အပ် ရတာမျိုးတွေလို ကိစ္စမျိုးတွေပေါ့။ ဗိုလ်မှုးကြီးရာထူးအတွက် ရွေးချယ်ခန့်အပ်မှုတွေပြုလုပ်ရာမှာ အတော်လေး ခက်ခဲ မှုတွေရှိပြီးတော့ သတိလည်းထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဗိုလ်မှုးကြီးတွေဟာ နောင်တချိန်မှာ ဗိုလ်ချုပ် တွေ၊ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာကြမှာမဟုတ်လား။ ကျမသမ္မတ မဖြစ်ခင်က စစ်ဘက်မှာ ဒီလိုကိစ္စမျိုးတွေဟာ ပုဂ္ဂိုလ် စွဲပုံစံမျိုးတွေနဲ့ စခန်းသွားနေခဲ့တာပါ။ ပြောရမယ်ဆိုရင် အဲလိုမျိုးတွေဖြစ်နေခဲ့တဲ့အတွက် အချို့စစ်အရာရှိတွေဟာ သူတို့ရာထူးနဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ ရှိမနေတာမျိုးတွေကိုတွေကို တွေ့ရတတ်ပါတယ်” ဟု စစ်ဘက်နှင့် ပါက်သက်၍တွေ့ကြုံခဲ့ရသည့် သူမ၏အတွေ့အကြုံကို ပြောပြခဲ့လေသည်။
အကွီနိုသည် သူမ၏သမ္မတသက်တမ်းတလျှောက်၌ ရာထူးကြီးနေရာများတွင် အမျိုးသမီးများစွာကို ခန့်အပ်ထားခဲ့လေသည်။ အစိုးရဌါနကြီးများ၏ အကြီးအကဲများအဖြစ် အမျိုးသမီးများကို ခန့်အပ်ခြင်း၊ အဖွဲ့ဝင် ၁၅ဉီးပါဝင်သော နိုင်ငံတော်တရားသူကြီးများအဖွဲ့တွင် အမျိုးသမီး ၃ ဉီးကို ထည့်သွင်းပါဝင်စေခြင်း ကဲသို့သော လုပ် ဆောင်ချက်များဖြင့် နိုင်ငံအတွင်း အမျိုးသမီးတို့၏ ဉီးဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့လေသည်။
သူမ၏သမ္မတသက်တမ်းနောက်ဆုံးနှစ်များအတွင်းတွင် အကွီနိုသည် အစိုးရမဟုတ်သော အဖွဲ့အစည်း (္ဒွဉ) များနှင့် ၄င်းတို့၏ လုပ်ငန်းဆောင်တာများအပေါ်၌ အထူးအလေးထားကာဆောင်ရွက်ခဲ့လေသည်။္ဒွဉ လုပ်ငန်းများသည် သူမ၏ သမ္မတရာထူးမှ အနားယူပြီးနောက် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းရပ်များအဖြစ် လည်း ခံယူထားရှိခဲ့လေသည်။ တခါက စာနယ်ဇင်းသမားတဉီးနှင့်တွေ့ဆုံရာ၌ အကွီနိုက “အစိုးရတရပ်တည်းက နိုင်ငံရဲ့ ကိစ္စအဝ၀ကို ပြီးပြတ်အောင်မဆောင်ရွက်နိုင်ပါဘူး၊ ဒါကြောင့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ငန်း ဆောင်တာတွေမှာ ပါဝင်ပါက်သက်လုပ်ဆောင်သွားဘို့ ကျမ ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောဆိုခဲ့ဘူးလေသည်။
အကွီနိုသည် တိုင်းမ် (ဤငာန) မဂ္ဂဇင်း၏ ၁၉၈၆ ခုနှစ်၏ တစ်နှစ်တာအတွက်အမျိုးသမီး (္တသာညေ သ် အ့န ၌နမေ) အဖြစ် ရွေးချယ်ခြင်းခံခဲ့ရလေသည်။ သူမ၏သမ္မတသက်တမ်းအပြီးတွင်လည်း အကွီနိုသည် ဆုတံဆိပ် ပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့၏။ ဂဲလ်မေယာရိုလ်ကာ (ွငေူ ၷနပနမ ၼသုူေ) ရေးသားပြီး ၁၉၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင် ထုတ်ဝေခဲ့သည့် “ကမBာ့သမိုင်းကို ပုံသွင်းထုဆစ်ခဲ့ကြသည့်အမျိုးသမီး ၁၀ဝ” စာအုပ်တွင် ထည့်သွင်းဖေါ်ပြခြင်းခံခဲ့ရလေသည်။ ၁၉၉၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာများအကြား (အချင်းချင်း) အပြန်အလှန် သဘောပေါက် နားလည်မှုများအတွက် ချီးမြှင့်သည့် ဂျေဝီလီယံဖေါ့ဘရိုက် ဆုကို အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာ၊ တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား တို့နှင့်အတူလည်းကောင်း၊ ၁၉၉၉ခုနှစ်၊ သြဂုတ်လ တွင်ထုတ်ဝေသည့် တိုင်းမ် (ဤငာန) မဂ္ဂဇင်း၏ “၂၀ ရာစုအတွင်းသြဇာအညောင်းဆုံးအာရှတိုက်သား ၂၀” စာရင်း ထဲတွင်လည်းကောင်း၊ တိုင်းမ် (ဤငာန) မဂ္ဂဇင်းမှပင် ၂၀ဝ၆ ခုနှစ် နိုဝင်ဘာလအတွင်းရွေးချယ်ခဲ့သည့် ‘အာရှတိုက်၏ အကြီးကျယ်ဆုံးသောသူရဲကောင်း ၆၅ ဉီး’ စာရင်းထဲတွင် အိန္ဒိယမှ မဟတ္တမဂန္ဒီ၊ မြန်မာမှ ဒေါ်အောင်ဆန်းစုကြည်၊ စင်္ကာပူမှ လီကွမ်ယူ၊ ထိုင်းဘုရင်မင်းမြတ် ဘူမိဘိုးအဒူယာဒေ့ တို့နှင့်အတူ လည်းကောင်း၊ ဉရောပအခြေစိုက် ‘မတူသောအမြင်တစ်မျိုး’ စာစဉ်၏ ၂၀ဝ၈ ခုနှစ်ဇန္နဝါရီလထုတ်တွင် ‘ကမBာ့ဒီမိုကရေစီ ချံပီယံ ၁၅ ဉီး’ စာရင်းထဲ၌ အမေရိကန်မှ အေဗရာဟင်လင်ကွန်း၊ ဒေါက်တာမာတင်လူသာကင်း ဂျူနီယာ၊ ပိုလန်မှ လေ့ခ်ျဝါလ်ဆာ၊ ချက်သမ္မတ နိုင်ငံမှ ဗာကလဗ်ဟေဗယ် တို့နှင့်အတူလည်းကောင်း အသီးသီးလက်ခံရရှိခြင်း၊ ရွေးချယ်ခြင်းခံခဲ့ရလေသည်။
ဤသို့လျှင် ဖိလစ်ပိုင်နိုင်ငံအတွက်သာမက၊ အာရှတိုက်အတွက်ပါ ပထမဉီးဆုံးအမျိုးသမီးသမ္မတဖြစ်ခဲ့သည့် ကိုရာဇန်ဂျူယန်ကိုအကွီနို အကြောင်းကို တစေ့တစောင်းဂုဏ်ပြုရေးသားတင်ပြရင်းဖြင့် ရခိုင်အမျိုးသမီးအပေါင်း၊ မြန်မာအမျိုးသမီးအပေါင်းတို့ ပခက်လွှဲသောလက်များကို ပိုင်ဆိုင်သလောက်၊ အရည်အချင်းလည်းပြည့်ဝ၊ ခံနိုင်ရည် လည်းပြည့်ဝသည့် နှလုံးသားနှင့် ရင့်ကျက်သည့် စိတ်ဓါတ်ကိုမွေးကာ သတ္တိ နှင့် ဇွဲ၊ အံကိုခဲလျှက် ခေါင်းဆောင်နေရာ များဆီသို့ အရောက်လှမ်းတက်နိုင်ကြပါစေကြောင်း ဆုတောင်းဆန္ဒပြုလိုက်ရပါသည်။ ။
အားလုံးကိုခင်မင်လေးစားလျှက်
မောင်ဉီးသိန်းမောင်
ကျမ်းကိုးစာရင်း
၁။ ၲသာနည ၲသမိူ ဴနေိနမၽ ဘပ ဴေကမေ ဗ၏ ဴငၽတသသိ
၂။ တတတ၏တငုငစနိငေ၏သမါ
၃။္တသမို ဗူာညေခေ ၂၀ဝ၇
Picture: http://damarre.files.wordpress.com/2009/08/s5f2h4p_large.jpg

No comments:
Post a Comment