Thursday, April 1, 2010

ရည်မှန်းချက်နှင့်ပန်းတိုင် အပိုင်း(၄) စာတမ်းတင်ခြင်း


ပြီးခဲ့သည့် ကျောင်းရာသီအတွင်း ‘လူမှုဗေဒ’ (ှသခငသူသါပ) ဘာသာရပ်ကို ဂုဏ်ထူးတန်းဘာသာရပ် တခုအဖြစ်ကျွန်တော် လေ့လာခဲ့ပါသည်။ လူမှုဗေဒဘာသာရပ်သင်ပြမှု၌ နာမည်ကြီးဆရာတဉီးဖြစ်သည့် ကျွန်တော် တို့ပါမောက္ခ သည် ဂုဏ်ထူးတန်းကျောင်းသားများအား အထူးတာဝန်တရပ်အနေဖြင့် လူမှုသုတေသန စစ်တမ်း ထုတ်ကာ စာတမ်းတစောင်စီ ရေးသားစေခဲ့ပါသည်။ အဆိုပါစီမံကိန်းကြီးအကောင်အထည်ပေါ်ရန်အတွက် ကျွန်တော်တို့သည် မေးခွန်းပေါင်း ၇၀ ပါဝင်သည့် စစ်တမ်းကိုရေးသားကာ ကျောင်းသားပေါင်း တစ်ထောင် (၁၀ဝ၀ ဉီး)ထံသို့ ဖြန့်ဝေခြင်း၊ အဖြေရရှိပြီးစစ်တမ်းများအားပြန်လည်သိမ်းဆည်းခြင်း၊ မေးခွန်းအားလုံး ဖြေ မဖြေ စစ်ဆေး ခြင်း၊ ဖြေဆိုထားသည့်အဖြေများသည် သုတေသနပြုလုပ်ရန် လိုအပ်သည့် စံချိန်စံညွှန်းများနျင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးခြင်း၊ မိမိတို့လိုအပ်သည့် ‘စံ’ များနှင့် ကိုက်ညီသည့် အဖြေများကို ကွန်ပျူတာရာနှုန်းကိုက် စံနစ်ထဲတွင် ထည့်သွင်းကာ အချက်အလက်များထုတ်ယူခြင်းများကို ပြုလုပ်ကြရပြီး ကွန်ပျူတာမှတွက်ချက်ထုတ်ယူ ရရှိသော အပြီးသတ်အချက်အလက်များကိုအခြေခံကာ စာတမ်းရေးသားခြင်းမှာ အဆိုပါစီမံကိန်းလုပ်ထုံးလုပ်နည်း၏ နောက် ဆုံး အဆင့် ပင်ဖြစ်ပါသည်။စာတမ်းရေးခြင်းမှအပ အခြား အဆင့်များအား သတ်မှတ်ထားသည့်နေ့ရက်အမီ ပြီးစီးအောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ကျွန်တော်တို့ပါမောက္ခ သည် ဂုဏ်ထူးတန်းကျောင်းသားများထဲမှ ကျောင်းသား ကျောင်းသူ ၃ ဉီးရွေးချယ်ကာ အချိန်ပို လုပ်အားပေး စံနစ်ဖြင့် လုပ်ကိုင်စေခဲ့ပါသည်။ အဆိုပါ ၃ ဉီးထဲတွင် ကျွန်တော် သည်လည်း တဉီးအပါအဝင်ဖြစ်ခဲ့ပါသည်။စစ်တမ်းမေးခွန်းများ ဖြန့်ဝေခြင်းမှ သည် ကွန်ပျူတာမှ အချက်အလက်များထုတ်ယူခြင်းအထိ အဆင့်များ ပြီးစီး အောင်မြင်ရန်အတွက် ၂ လ ကျော် အချိန်ယူခဲ့ကြရပါသည်။ သို့သော် ထိုအဆင့်များအားလုံးကို ကျွန်တော် တို့သည် ပင်ပမ်းနွမ်းနယ်မှုများရှိကြသည့်တိုင် တဆင့်ပြီးတဆင့် ကြိုးကြိုးစားစားဖြင့် အချိန်မီ ကျော်ဖြတ်နိုင် ခဲ့ကြပါသည်။ ကျွန်တော်နှင့် အတူ အချိန်ပို တွဲဖက်လုပ်ကိုင်ခဲ့သည့် ပိုလန်မှကျောင်းသူဆိုလျှင် ပင်ပမ်းမှုဒဏ်ကြောင့် ၃ ရက်ခန့်အနားယူရသည်အထိ ဖြစ်သွားခဲ့ပါသည်။စာတမ်းအတွက် လိုအပ်သည့် အချက်အလက်အားလုံး မိမိတို့လက်ထဲတွင်ရရှိနေပြီးဖြစ်ကာ စာတမ်း ရေးသားပြီးစီးရန်ပေးထားသည့်အချိန်မှာ တ လ ခန့် ပင် လိုနေသေးရာ ကျွန်တော်တို့အတွက် စာတမ်းရေးချိန် ပို ရသဖြင့် ဂုဏ်ထူတန်းတတန်းလုံး ပျော်တပြုံးပြုံးနှင့်။ စီမံကိန်းအကောင်အထည်ပေါ်ရန် မိမိတို့အချိန်များထဲမှ ဖဲ့ဝေ ကာ လုပ်အားပေးခဲ့ကြသည့် ကျွန်တော်တို့လုပ်အားပေးအဖွဲ့ကိုလည်း အားလုံးက ကျေးဇူးတင်၍မဆုံး။ သို့သော် အဆိုပါ တလ ဟူသော အချိန်ကာလ လွန်မြောက်ပြီးနောက် ပြီးစီးသည့်စာတမ်းများကို ပါမောက္ခ လက် အရောက်အပ်နှံနိုင်သည်မှာ ကျောင်းသားအားလုံး၏ ၃ ပုံ ၂ ပုံ ခန့်သာရှိခဲ့ပါသည်။ ကျန် ကျောင်းသား ၃ ပုံ ၁ ပုံ သည် အဘယ်ကြောင့် နောက်ကျနေကြသည် ဟု အဆွေစာဖတ်သူ ထင်မြင်ယူဆ ပါသနည်း။ နေထိုင်မကောင်း ဖြစ်နေခဲ့ကြ၍လော။ အမေရိကန်လို ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ နည်းပညာ နှင့် အာနိသင်ထိရောက်ကောင်းမွန် သောဆေးဝါများပြည့်စုံသည့်နိုင်ငံတနိုင်ငံတွင် သည်မျှများပြားသောလူငယ် ကျောင်းသားများအားလုံး တပြိုင်တည်း နေထိုင်မကောင်းဖြစ်ရန်မှာ မဖြစ်စကောင်းပါ။ သို့ဆိုလျှင် နည်းပညာအခက်အခဲကြောင့်လော။ ဤအကြောင်း ကြောင့်လည်း မဖြစ်နိုင်ပါ။ စာတမ်းရေးရန်အတွက် လိုအပ်သောအချက်အလက်များအားလုံး အဆင်သင့် မိမိတို့ လက်ထဲတွင်ရှိနေပြီးလည်းဖြစ်၊ အတော်ဆုံးကျောင်းသားကျောင်းသူများလည်းဖြစ်ကြသည့် သည်ကျောင်းသားများ သည် စာရိုက်ခြင်း၊ ဂရပ်ပုံများ၊ ရုပ်ပုံများ၊ မြေပုံများနှင့် စာရင်းဇယားများကို လိုအပ်လျှင်လိုအပ်သလိုထည့်သွင်းခြင်း အစရှိသဖြင့် စာတမ်းရေးရန်လိုအပ်သည့် နည်းပညာလောက်မှာ သာမန်ကြုံတွေ့လုပ်ကိုင်နေကျ လုပ်ရပ်များထဲမှ တခု တလေမျှသာဖြစ်ပါချိမ့်မည်။နောက်ကျကျန်ခဲ့သူ အဆိုပါကျောင်းသား ကျောင်းသူများအား ‘အဘယ်ကြောင့် စာတမ်းများ အချိန်မီ မပြီးစီးနိုင် ဖြစ်ရပါသနည်း၊ သူတို့၏ အခက်အခဲသည် အဘယ်နည်း’ ဟူသော မေးခွန်းကို အဆွေစာဖတ်သူ နှင့် ကျွန်တော်တို့မမေးဖြစ်မီ ကျွန်တော်တို့ပါမောက္ခ မှ သူတို့အားမေးမြန်းခဲ့ပြီးဖြစ်ပါသည်။ အဖြေမှာ ‘စာတမ်းအား မည်သည့်ခေါင်းစဉ်ပေးကာ မည်သည့်အချက်များကို အခြေခံရေးသားမည်ကို တိတိကျကျဆုံးဖြတ်၍မရနိုင်ပဲ ရှိနေခဲ့သည်’ ဟူ၏။သည်အကြောင်းအရာကို စ ရေးကတည်းက ကျွန်တော်မပြောပဲကျန်ရှိနေခဲ့သည့် အကြောင်းအရာလေး တရပ်ရှိနေခဲ့ပါသည်။ ၄င်းမှာ ‘စာတမ်းခေါင်းစဉ်’ နှင့် ‘ရေးသားမည့်အကြောင်းအရာ’ ကိစ္စပင်ဖြစ်ပါသည်။ လူမှုဗေဒ ပါမောက္ခ ၏ စီစဉ်ညွှန်ကြားမှုဖြင့် စစ်တမ်းထုတ်ယူခဲ့သည့် မေးခွန်းပေါင်း ၇၀ ကို မေးခွန်းအမျိုးအစားအလိုက် ခွဲခြမ်း စိတ်ဖြာလျှက် အမျိုးတူရာ ပေါင်းစပ်အုပ်စုဖွဲ့ပါက အောက်ပါအုပ်စုဝင်များကို တွေ့ရမည်ဖြစ်ပါသည် -
(က) ကိုယ်ရေးအတ္ထုပတ္တိ
(ခ ) ရာဇဝတ်မှုနှင့် တရားမ မှု
(ဂ ) အရက်နှင့်မူးယစ်ဆေးဝါး
(ဃ) လိင်၊ လက်ထပ်ခြင်း၊ ချစ်ခြင်းမေတ္တာ နှင့် မိသားစု
(င) ဘာသာရေး
(စ) ပညာရေး
(ဆ) နိုင်ငံရေး
(ဇ) စီးပွါးရေး
(ဈ) လူနေမှုအဆင့်အတန်း
(ည) လူမျိုးနှင့် လူမျိုးစုဝင်ဆိုင်ရာများ
(Ë) လူဉီးရေ နှင့်သဘာဝပတ်ဝန်းကျင်
(ဌ) စာနယ်ဇင်း၊ လူထုမီဒီယာ၊ မြို့ပြနှင့်ကျေးလက်ယဉ်ကျေးမှု ။
ကျွန်တော်တို့ရေးသားရမည့် စာတမ်းနှင့်ပါက်သက်၍ ပါမောက္ခ၏ညွှန်ကြားချက်မှာ အထက်ဖေါ်ပြပါ မေးခွန်းများ၊ အဖြေများနှင့် စာရင်းအင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံပေးထားပြီး မည်သည့် အကြောင်းအရာ ကို အခြေတည်ကာ မည်သို့ရေးသားရမည်ကို သတ်မှတ်ထားရှိမှုမရှိပါ။ စာတမ်းခေါင်းစဉ်နှင့် အခြေတည်ရေးသား ရမည့်အကြောင်းအရာပိုင်းကို တိတိကျကျသတ်မှတ်ထားရှိမှုမရှိသည့်အလျှောက် ကျောင်းသားများအနေဖြင့် မိမိတို့ စိတ်ကြိုက်ခေါင်းစဉ်နှင့်အကြောင်းအရာများရွေးချယ်ဆုံးဖြတ်ကာ လိုအပ်သည့် ကုန်ကြမ်းအချက်အလက်များကို စစ်တမ်းအဖြေများမှ ရယူရန် ဖြစ်ပါသည်။မေးခွန်း၊ အဖြေနှင့် စိတ်ဝင်စားစရာကောင်းသည့်အချက်အလက်များ များပြားလွန်းမှုကြောင့်ဖြစ်မည် ထင်ပါသည်။ ကျွန်တော်ကိုယ်တိုင်သည်ပင်လျှင် စာတမ်းခေါင်းစဉ်နှင့် မူတည်ရေးသားမည့် အကြောင်းအရာ များကိုရွေးချယ်ရန် ရက်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ပါသည်။ ရက်ပေါင်း၂၀ ကြာမြင့်ပြီးသောအခါ၌ စာတမ်းရေးရန် သတ်မှတ်ထားရှိသည့်အချိန် ၁၀ ရက်သာလိုတော့ကြောင်း သတိထားမိသည်နှင့်အညီ ဆုံးဖြတ်ချက်တခုကို တိတိ ကျကျချမှတ်လိုက်ကာ ၄င်းကို ပုံဖေါ်ရေးသားခြင်းပြုလုပ်ခဲ့၍သာ အချိန်မှီပြီးစီးခဲ့ခြင်းဖြစ်ပါသည်။ သို့မဟုတ်ပါက သတ်မှတ်ချိန်ကျော်လွန်မှုကြောင့် သတိပေးခံရသည့် ကျောင်းသားများစာရင်းထဲတွင် ကျွန်တော်လည်းပါဝင် ခဲ့လိမ့် မည်ဖြစ်ပါသည်။သည်မှာ ကျွန်တော်တို့ကြည့်ပါ။ မည်သည့်အကြောင်းအရာကိစ္စများပြုလုပ်မှု၌မဆို ရည်မှန်းချက်ပန်းတိုင် သည်မလွဲမသွေလိုအပ်ပါသည်။ လိုအပ်သည့်အချက်အလက်များ၊ အထောက်အကူပြုပစ္စည်းများ ပြည့်ပြည့်စုံစုံ ရှိနေကြပါလျှက် တိတိကျကျ သတ်မှတ်ထားရှိသည့် ရည်မှန်းချက်ပန်းတိုင် မရှိပါက အတော်ဆုံးကျောင်းသာများ သည်ပင်လျှင် (ဘာလုပ်၍ ဘာကိုင်ရမည်မသိပဲ) အချော်ဆုံးကျောင်းသားများ
စာရင်းထဲသို့ရောက်သွားတတ် ကြောင်း သတိချပ်ရန်ဖြစ်ပါသည်။
မှတ်ချက်။ ။ သည်ဆောင်းပါးကို ၂၀ဝ၇ ခုနှစ်အတွင်းတွင် ကျွန်တော်ရေးသားခဲ့ပါသည်။

No comments:

Post a Comment