Wednesday, April 7, 2010

ရည်မှန်းချက်နှင့်ပန်းတိုင် အပိုင်း(၆) အေသင်မှ သူရဲကောင်း


‘မာရသွန်’ ဟူသောဝေါဟာရကို လူတိုင်းသိပါသည်။ ကမBာတွင်တာအဝေးဆုံးအဖြစ်သတ်မှတ်ထားရှိသည့် အပြေးပြိုင်ပွဲ ဟူ၍ပင်ဖြစ်ပါလိမ့်မည်။ မာရသွန် စတင်ပေါ်ပေါက်လာရသည့် သမိုင်းကြောင်းကိုလည်း သိကြသူတွေများပါသည်။ သို့သော် မိမိ၏ရည်မှန်းချက်နှင့်ပန်းတိုင် အရောက် ကျားကုတ်ကျားခဲ ချီတက်နိုင်ခဲ့ကြသည့် ကမBာ့သမိုင်း၏ လူချွန် လူမွန်များ၊ သူရဲကောင်းများအကြောင်း တစေ့တစောင်းကိုရေးသားဖေါ်ပြရာ၌ ဂရိသူရဲကောင်း ‘ဖီဒိုက်ပီဒီ’္စ့နငိငစစငိနျ အကြောင်းကို ချန်လှပ်ထားဝံ့သည့် သတ္တိကျွန်တော့်တွင်မရှိပါ။ ဘီစီ ၄၉၂ တွင် အင်အားကောင်းလှသည့်ပါးရှန်းတပ်များနှင့် အေသင် (ဂရိ) တပ်ဖွဲ့များ ‘မာရသွန်’ အရပ်တွင် တိုက်ပွဲဖြစ်ပွါးခဲ့လေသည်။ ဂရိပိုင် မာရသွန် ဒေသကို ပါးရှန်းတပ်များသိမ်းပိုက်လိုက်သောအခါ စစ်သည်အင်အား တသောင်း ပါဝင်သည့် အေသင်တပ်ကို ဂရိဗိုလ်ချုပ်ကြီးမာဒိုနီယို (ွနညနမ္နေူမေိသညငသျ) အားဉီးစီးတိုက်ခိုက်ရန်စေလွှတ်ခြင်းခံလိုက်ရလေသည်။ မာရသွန်ဒေသရှိ ပါးရှန်းတပ်ကြီးမှာ အရေအတွက်အားဖြင့် ဂရိတို့၏တပ်ဖွဲ့ထက် အဆပေါင်းများစွာ များပြားလွန်းသည်။ ထိုအချိန်က ပါးရှန်းအင်ပါယာတပ်ဖွဲ့များသည် တိုက်ပွဲများတပွဲပြီးတပွဲအနိုင်ရကာ အင်အားကောင်းစွာဖြင့် ဒေသတလွှား၌ အင်ပါယာမြေတိုးချဲ့နေသည့်အချိန်လည်းဖြစ်သည်။ ထိုတိုက်ပွဲကိုဆင်နွဲရန်အတွက် အေသင်တို့အနေဖြင့် စပါတာတို့အား စစ်ကူတောင်းခဲ့သေးသည်။ ထိုအချိန်က ပါးရှန်းတို့နှင့်ပါက်သက်၍ ကြားနေလိုသောသဘောရှိသည့် စပါတာတို့၏ အကူအညီကိုမရသည့်အဆုံး ဂရိတို့အနေဖြင့် မိမိထက်အင်အားများစွာကြီးမားလွန်းသည့် ပါးရှန်းတပ်အား သတ္တိပြောင်မြောက်စွာဖြင့် စွန့်စားတိုက်ခိုက်ရန်မှတပါး အခြားရွေးချယ်စရာလမ်းမရှိတော့ချေ။ မာရသွန် တိုက်ပွဲတွင် အလံမလဲစတမ်း ရွတ်ရွတ်ချွံချွံတိုက်ခိုက်ခဲ့ကြသည့် အေသင်တပ်များသည် အင်အားကြီးမားလွန်းသည့် ပါးရှန်းတပ်များအားအနိုင်ရခဲ့ကြလေသည်။ ပါးရှန်းပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းတခိုတွင် ဗိုလ်ကျစိုးမိုးနေသည့် ပါးရှန်းတို့သည် ဂရိနှင့် ဉရောပတိုက်နိုင်ငံများဘက်သို့စစ်မြှားဉီးလှည့်လာနေကာ မာဆီဒိုးနီးယား သို့ဆိုက်ရောက်နေပြီဖြစ်သည့် ပါးရှန်းတပ်များအား စစ်ရှိန် တန့်သွားအောင် ပြုလုပ်လိုက်နိုင်သည့် ဤ မာရသွန်တိုက်ပွဲသည် ဂရိ နှင့် အခြားဉရောပနိုင်ငံများ၏ သမိုင်းကံကြမ္မာအလှည့်အပြောင်းတခုကို အဆုံးအဖြတ်ပေးသည့် လွန်စွာအရေးကြီးသော တိုက်ပွဲလည်းဖြစ်ခဲ့လေသည်။ ‘မာရသွန်တိုက်ပွဲ မှာ ဂရိတို့ အောင်ပွဲရပြီ’ ဟူ သည့် အရေးကြီးသတင်းစကားကို အေသင်သို့အလျှင်အမြန်ရောက်ရှိရေးအတွက် ဂရိတပ်အကြီးအကဲသည် ‘ဖီဒိုက်ပီဒီ’ ဟုအမည်ရသည့် ခြေမြန်တော်စစ်သည် ကိုရွေးချယ်ကာ အေသင်သို့စေလွှတ်ခဲ့လေသည်။ ထိုအချိန်က မာရသွန် အရပ်မှ အေသင်သို့သွားရောက်နိုင်သော လမ်းနှစ်သွယ်ရှိခဲ့သည်။ မြောက်ဖက် သို့ဉီးတည်ထွက်ခွါကာ အေသင်သို့သွားရောက်နိုင်သည့်လမ်းနှင့် တောင်အရပ်သို့ရှေးရှူထွက်ခွါကာ အေသင်သို့ဝင်ရောက်သည့်လမ်းဖြစ်သည်။ မြောက်ဖက်လမ်းသည် တောင်ကုန်းတောင်တန်းများကျော်ဖြတ်ကာ သွားရောက်ရမည်ဖြစ်ပြီး ခရီးအကွာအဝေးမှာ ၂၁"၄ မိုင် (၃၄"၅ ကီလိုမီတာ) ရှိသည်။ တောင်ဖက်လမ်းမှာမူ ခရီးအကွာအဝေး ၂၅"၄မိုင် (၄၀"၈ ကီလိုမီတာ) ရှိသော်လည်း မြေပြန့်တလျှောက်ဖေါက်လုပ်ထားခြင်း ဖြစ်သည်။ ဖီဒိုက်ပီဒီ သည် တောင်ကုန်းတောင်တန်းများကျော်ဖြတ်သွားရောက်ရသည့် ခရီးကြမ်းလမ်းကို ရွေးချယ်ခဲ့လေသည်။ (စစ်အတွင်းကာလဖြစ်ရာ တောင်ပိုင်းလွှင်ပြင်များတွင် ပါးရှန်းစစ်သည်များ ရှိနေသေးသဖြင့် ခရီးကြမ်းသော်လည်း ပိုမိုလုံခြုံသည့် မြောက်ဖက်လမ်းကို ဖီဒိုက်ပီဒီ ရွေးချယ်ခဲ့ဟန်ရှိကြောင်း သမိုင်းပညာရှင်တို့က သုံးသပ်ကြပါသည်။) မည်သို့ဆိုစေ ဖီဒိုက်ပီဒီ သည် တောင်ကုန်းတောင်တန်းများကိုဖြတ်သန်းကျော်လွှားလျှက် မိုင် ၂၀ ကျော်သော ဤ
ခရီးကို မရပ်မနားတမ်းပြေးခဲ့လေသည်။ သူသည် ရူးသွပ်နေသူတဉီးမဟုတ်ပါ။ ထူးခြားသည့်စွမ်းရည်ပိုင်ရှင်တဉီးလည်းမဟုတ်ပါ။ သို့သော် ကမBာကအသိအမှတ်ပြုလောက်သည့် သူ၏ ထူးခြားချက်မှာ သူ၏ ‘ရည်မှန်းချက်နှင့် ပန်းတိုင်’ သို့ အရောက်သွားခြင်းပင်ဖြစ်သည်။ တိကျစွါ သတ်မှတ်ထားရှိသည့် သူ၏ ပန်းတိုင်မှာ မြန်နိုင်သမျှမြန်မြန် အေသင် သို့အရောက်ချီတက်ကာ ဂရိတို့၏ အောင်ပွဲသတင်းကို သွားရောက်ပေးပို့ရေးပင်ဖြစ်သည်။ အေသင်မြို့တော်သို့ရောက်ရှိပြီး ‘အောင်ပွဲ’ (နီကီ) (ဂရိဘာသာစကားအရ နီက္ဒီငုင ဟုခေါ်ကြောင်းသိရှိရပါသည်။) ဟူသော သတင်းစကားကို ပြောကြားပြီးသည်နှင့်တပြိုင်နက် ဖီဒိုက်ပီဒီ သည် မြေပေါ်သို့ပုံလျှက်သား လဲကျကာ သေဆုံးသွားခဲ့လေသည်။ ဤသို့လျှင် မည်သည့်အခက်အခဲအတားအဆီးများပင်ရှိပါစေ၊ မည်မျှပမ်းပမ်းဆင်းရဲခံရသည်ဖြစ်ပါစေ သူရဲကောင်းတို့မည်သည် သူတို့၏ ‘ရည်မှန်းချက် နှင့် ပန်းတိုင်’ ကို ဘယ်သောအခါမှ အပျောက်မခံတတ်ကြချေ။ မိမိ၌ရှိရှိသမျှသော စွမ်းရည်ကို ပုံအောသုံးစွဲကာ အသက်ကိုပင်ပဓါနမထားပဲ လုံ့လ ဝီရိယ ကြီးမားစွာဖြင့် မိမိ၏ ပန်းတိုင်သို့အရောက် ချီတက်ခဲ့ကြလေသည်။ ထို့ကြောင့်လည်း သူတထူး၏ အပူဇော်ခံထိုက်သူများ၊ လူအများ၏ အသိအမှတ်ပြုခံရသူများ၊ ဂုဏ်ပြုခံရသူများ ဖြစ်လာခဲ့ကြသည်မဟုတ်ပါလော။မိမိ၏အသက်ကိုပေးဆပ်လျှက် ရည်မှန်းချက်နှင့်ပန်းတိုင်သို့အရောက် သွားရောက်ခဲ့သည့် ဤဂရိသူရဲကောင်းကို ဂုဏ်ပြုသောအားဖြင့် ‘မာရသွန်’ ဟူသော တာဝေးအပြေးပြိုင်ပွဲကို ကမBာတလွှားကျင်းပ လာခဲ့ကြသည်မှာ သက္ကရာဇ် ၁၈၉၆ ခုနှစ်၊ အေသင် အိုလံပစ်ပြိုင်ပွဲမှသည် ယနေ့အချိန်ထိပင်ဖြစ်ပါသည်။



No comments:

Post a Comment