
စစ်ဗျူဟာစာစောင်တခု၌ ‘သတ္တိဆိုတာဘာလဲ’ (္တ့အေ ငျ ခသကမေါန။) ဟူသော ဆောင်းပါးတပုဒ်ကို ကျွန်တော်ဖတ်ရှူဖူးပါသည်။ ဒုတိယကမBာစစ်အတွင်း အင်္ဂလိပ် နှင့် ဂျပန် တို့ အာရှစစ်မြေပြင်တွင် အပြိုင်ကြဲကြချိန်က ဖြစ်ပါသည်။ ဗြိတိန်တပ်မတော်တွင် ဝင်ရောက်အမှုထမ်းခဲ့သည့် ဂေါ်ရခါးစစ်သည်တော်ကလေးတဉီးသည် ဗြိတိန်တင့်ကားပစ် တပ်ဖွဲ့တခုတွင် တာဝန်ပေးအပ်ခြင်းခံရ၏။ စစ်မြေပြင်တစ်နေရာ၌ အဆိုပါ ဂေါ်ရခါးစစ်သားလေးသည် ဂျပန်တင့်ကား တပ်ဖွဲ့နှင့် ၂၅ ကိုက်ခန့်အကွာအထိ တွားတက်သွားကာ (၂၅ ကိုက် အကွာအဝေးဆိုသည်မှာ တင့်ကားပစ် လက်နက်လို လက်နက်ကြီးမျိုးကို မဆိုထားဘိ၊ သက်စောင့် ပစ္စတို လက်နက်ငယ်များသည်ပင်လျှင် ထိရောက်မှု အားကောင်းသော အကွာအဝေးဖြစ်ပါသည်။ စကားချပ်။) ဂျပန်တင့်ကား များကို တစ်စီးပြီးတစ်စီး အနီးကပ် ချေမှုန်း ပစ်ရာ ထိုစစ်ပွဲတွင် ဂျပန်တို့ အကြီးအကျယ်အထိနာခဲ့ရပြီး အင်္ဂလိပ်တို့အနေဖြင့် အာရှစစ်မြေပြင်တွင် အတိုင်း အတာတခုထက်ပိုပြီး အသာစီးရသွားစေလောက်အောင် အဆုံးအဖြတ်ပေးသည့် တိုက်ပွဲတခုလည်းဖြစ်ခဲ့သည်ဟု ဆိုပါသည်။ စစ်ကြီးအပြီးဝယ် ဗြိတိန်တပ်မတော်သည် စစ်အတွင်းက ရွတ်ရွတ်ချွံချွံအမှုထမ်းခဲ့သည့် စစ်သည်တော်များ အား ဆုတံဆိပ်များအပ်နှင်း ချီးမြှင့်မှုများကို စွမ်းဆောင်ရည်အလိုက်ပေးအပ်ခဲ့ရာ အထက်ဖေါ်ပြပါ ဂေါ်ရခါးစစ်သား လေးသည် ဗြိတိန်တပ်မတော်တွင် ချီးမြှင့်သည့် ဆုတံဆိပ်များအနက် အဆင့်အမြင့်ဆုံးဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသည့် အနည်းငယ်သော စစ်သည်တော်များထဲတွင် တစ်ဉီးအပါအဝင်ဖြစ်ခဲ့ပါသည်။ဘွဲ့တံဆိပ်ချီးမြှင့်သည့်အခမ်းအနား၌ အမြင့်ဆုံးဆုတံဆိပ်တော်ရ စစ်သည်လေးအား တွေ့ဆုံမေးမြန်းမှု တခုပြုလုပ်ရာတွင် ‘ဂျပန်တင့်ကားတပ်ဖွဲ့အားတိုက်ခိုက်ရန်အတွက် အဘယ်ကြောင့် ထိုမျှလောက် (၂၅ကိုက်) နီးကပ်သောအကွာအဝေးထိရောက်အောင်သွားရောက်ကာ တိုက်ခိုက်ခဲ့ပါသနည်း’ ဟူသောမေးခွန်းလည်း ပါဝင်ခဲ့ပါ သည်။ စစ်သည်တော်လေး၏အဖြေမှာ သူတင့်ကားပစ်သင်တန်းတက်ရောက်ခဲ့စဉ်က ‘တင့်ကားတစီးအားပစ်ခတ်ရန် ထိရောက်မှုအားအကောင်းဆုံးသော အကွာအဝေးမှာ ကိုက် ၃၀ ဝန်းကျင်ပင်ဖြစ်သည်’ ဟု သင်တန်းဆရာ၏ သွန်သင်ပြောပြချက်ကြောင့်ဖြစ်သည် ဟု ဆိုပါသည်။ကျွန်တော့အမြင်မှာ ဤဂေါ်ရခါးစစ်သည်တော်လေးသည် သူ၏ ပန်းတိုင်ကို သူရောက်အောင် သွားခဲ့ခြင်းပင်ဖြစ်သည်။ ‘ထိရောက်မှု အားအကောင်းဆုံးအကွာအဝေး ကိုက် ၃၀’ ဟူသော အယူအဆစကား ရပ်လေးက သူ့နားထဲတွင်စွဲနေခဲ့သည်။ သို့ဖြစ်ရာ ဂျပန်တင့်ကားများအား ထိထိရောက်ရောက် ပစ်ခတ်နိုင်သည့် အကွာအဝေးထိစွန့်စားသွားရောက်ခဲ့သည့် သူ၏ ဉီးတည်ချက်မှာ တင့်ကားမှ ‘ကိုက် ၃၀ အကွာအဝေးထိ ရောက်ရှိ ရေး’ ဖြစ်သည်။ စစ်မြေပြင်ဖြစ်သည့်အတိုင်း အခက်အခဲများ၊ အတားအဆီးများ များစွာရှိနေခဲ့လိမ့်မည်ကို ယုံမှား သံသယဖြစ်စရာမလိုပါ။ သို့သော် သူသည် သူ၏ မူလဉီးတည်ချက်ဖြစ်သည့် ‘ကိုက် ၃၀ အကွာအဝေး’ သို့မရောက် ရောက်အောင်သွားရောက်ခဲ့သည်။ ‘ကိုက် ၃၀’ မှ နေ၍ ထိရောက်မှုအားကောင်းစွာဖြင့် ဂျပန်တင့်ကားများအား ချေမှုန်းပစ်ခဲ့သည်။မူလဆောင်းပါးရှင်ကတော့ ဂေါ်ရခါးစစ်သည်တော်လေး၏ ဖြေကြားချက်အပေါ်ကောက်ချက်ချကာ သတ္တိနှင့် ပါက်သက်၍ စောဒကတက်ဖွယ်ရာ၊ စဉ်းစားသုံးသပ်စရာအဖြစ် စောကြောရေးသားထားပါသည်။ ကျွန်တော့်အမြင် မှာ သူသည် ‘ဆုလဒ်’ ကိုမျှော်ကိုး၍လည်းမဟုတ်။ ရလဒ်နှင့်အဖြေ ကိုသုံးသပ်မှုကြောင့်လည်းမဟုတ်။ ဤ စစ်သည်တော်လေးအနေဖြင့် သူ၏ (အခြေအနေတခုအတွင်း၌ ဖြစ်တည်တတ်သည့်) မူလ ဘူတ ‘ရည်မှန်းချက် နှင့် ပန်းတိုင်’ ကို သူ အရောက်ချီတက်နိုင်ခဲ့သူ၊ သူ့ဉီးတည်ချက်ကိုသူ စွန့်စားကာ အကောင်အထည်ဖေါ်ခဲ့သူ တဉီး အဖြစ်ရှူမြင်သုံးသပ်ပြီး ‘ကိုက် ၃၀ အကွာအဝေးသို့ရောက်အောင်သွားရောက်ရေး’ ဟူသော သူ၏ ပန်းတိုင်ကို အရောက်ချီတက်နိုင်ခဲ့သည့်အတွက် ကြီးမားသော အောင်ပွဲနှင့် ဆုလဒ် ကို သူ့အနေဖြင့် ထိုက်တန်စွာရရှိခဲ့ခြင်း ဖြစ်သည်’ ဟု ကောက်ချက်ချပါသည်။
No comments:
Post a Comment