
ဤသတ္တလောကကြီး၌ ရည်မှန်းချက်နှင့် ပန်းတိုင် ကို တိကျ ကြီးမားစွာ ချမှတ်ကာ မည်သည့် အခက်အခဲ၊ အတားအဆီးများပင် ကြုံတွေ့စေကာမူ၊ မည်မျှ ပင်ပမ်းဆင်းရဲရသည်ဖြစ်စေ ခရီးမပျက်၊ ဆက်မြဲဆက်လျှက် ဇွဲ နဘဲ ကြီးမားစွာဖြင့် အဆိုပါပန်းတိုင်သို့အရောက် ချီတက်နိုင်သူများထဲတွင် ကျွန်တော်တို့ သုံးလောက၏ အရှင်၊ မြတ်စွာဘုရားသခင်ကို တုနှိုင်းနိုင်မည့်သူ မည်သူမျှရှိမည်မဟုတ်ပါ။
ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်၊ သုမေဓါ ရှင်ရသေ့ဘဝမှသည် ဘုရားဆုကိုပန်ကာ လေးသချေင်္နှင့်ကမBာတစ်သိန်း ပါရမီဖြည့်ဆည်းလျှက် မရေမတွက်နိုင်သောဘဝခရီးပေါင်းများစွာကို ကူးပြောင်းလွန်မြောက်ပြီးမှ ဘုရားအဖြစ်သို့ရောက်ခဲ့ရခြင်းဖြစ်ပါသည်။ ဗုဒြွမြတ်စွာ ဖြစ်တည်ခဲ့ဘူးသည့် ထိုထိုသော ဘဝပေါင်းများစွာတို့အနက် ဗုဒြွဘာသာဝင်တို့နှင့် ရင်းနှီးသည့် တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ ဒ၊ ဝိ၊ ဝေ ဟူသည့် ဇါတ်ကြီးဆယ်ဘွဲ့ နှင့် အဖြစ်တော်ပေါင်း ငါးရာ တို့ကို ဖတ်ရှု ကြားနာဖူးကြလျှင်ပင် ဘုရားအလောင်းတော်၏ ကြီးမားလှစွာသော မေတ္တာတရား၊ ဂရုဏာတရား၊ မုဒိတာတရား၊ ဉပေက္ခာတရား၊ မြဲမြံခိုင်ခံ့လှစွာသော သစ္စာတရား၊ ခန္တီတရား၊ သံဓိဌါန်တရား၊ ပါရမီဆယ်ပါး အစရှိသည် တို့ဖြင့် ပြည့်စုံသည်နှင့်အညီ မိမိ၏ ရည်မှန်းချက်နှင့် ပန်းတိုင် သို့ အရောက် ပေါက်မြောက်အောင်မြင်ကာ ဘဝ၏သစ္စာတရားအား ရှာဖွေတွေ့ရှိသွားပုံကို အထင်အရှားမြင်တွေ့ကြရမည်ဖြစ်ပါသည်။
‘ဘုရားဆုကိုပန်ခြင်း’ ဟူသည် မည်မျှကြီးမားလေးလံလှသော ဆုပန်ခြင်းပါပေနည်း။ သို့သော် ပါရမီရှင်တို့သည် မည်မျှကြီးမားလေးလံသော ခရီးခဲဖြစ်ပါစေ၊ ထိုခရီးကိုရောက်အောင်သွားကြသည်။ ထိုပန်းတိုင်သို့ရောက်အောင်ချီတက်ကြသည်။ မည်သည့်အတားအဆီး၊ အခက်အခဲပင်ရှိပါစေ၊ မည်မျှပင်ကာလရှည်လျှားပါစေ သူတို့ကား မည်သည့်အခါမှ နောက်မတွန့်ကြ။ ဒူးမထောက်ကြ။ လက်မမြောက်ကြ။ စိတ်မပျက်ကြချေ။သို့ဖြစ်ရာ ‘ရည်မှန်းချက် နှင့် ပန်းတိုင်’ အကြောင်းကိုရေးရာ၌ ‘တတောဝင်၊ တတောင်တက်၊ တမြစ်ကူး၊ တကုန်းဆင်း’ အစရှိသည့် သဘာဝအတားအဆီးများ၊ လိမ်လည်လှည့်ဖျားခံရခြင်း၊ ရန်သတ္တရုပြုခြင်းခံရခြင်း၊ မတော်မတရားစွပ်စွဲခံရခြင်း၊ အထီးကျန်ဆန် ရူးသွပ်သွားသည်အထိ ဝိုင်းပါယ်ခံရခြင်း၊ ဝေဖန်တိုက်ခိုက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း အစရှိသည့် သက်ရှိတို့၏ ဘဝတာလေးများတွင်ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသော လူလုပ်အတားအဆီးများ ကိုမဆိုထားဘိ၊ ထိုထိုသော ဘဝပေါင်းများစွာကိုပင် ကူးပြောင်းကျော်ဖြတ်ကာ သူ၏ မူလရည်မှန်းချက်နှင့်ပန်းတိုင်ဖြစ်သည့် နိဗ္ဗါန်အရောက် ခရီးပေါက်အောင် သွားရောက်နိုင်ခဲ့သည့် ဗုဒြွမြတ်စွာဘုရားအကြောင်းကို စံနမူနာအဖြစ်ထုတ်နုတ်တင်ပြခြင်းဖြစ်ပါသည်။ဘုရားရှင်တော်မြတ်၏ ဂုဏ်ကျေးဇူးအထူးထူးကိုလည်း ဤစာဖြင့်ပင် ရိုကျိုးလေးမြတ် ကန်တော့အပ်ပါသည်ဘုရား။
No comments:
Post a Comment