Friday, October 23, 2009

လင်ကွန်းတို့ရွာ (၁)

အမေရိကန်သမ္မတများထဲတွင် လင်ကွန်းသည် အရပ်အရှည်ဆုံးဖြစ်၏။ အရပ် ၆ ပေ ၄ လက်မခန့်ရှိပြီးကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိသည်။ လင်ကွန်း၏ မျက်လုံးများမှာ မွဲပြာရောင်ဖြစ်ပြီး ဝဲဘက်မျက်လုံးသည် ယာဘက်မျက်လုံးထက်မဆိုစလောက်အနည်းငယ်မြင့်သည်။ အသက် ၄၈ နှစ်အရွယ်တွင် စာဖတ်မျက်မှန် စတင်တပ်ဆင်ရသည်။ နာရီပေါင်းများစွာ လွှဆွဲခဲ့မှုက သူ၏ရှည်လျှားသောလက်တံများတွင် ခွန်အားဗလပိုမိုပြည့်စုံစေခဲ့သည်။

ပြီးခဲ့သည့်နွေရာသီအတွင်း ကျွန်တော်တို့မိသားစုသည် အမေရိကန်သမ္မတဟောင်းလင်ကွန်းနေထိုင်ကြီးပြင်းခဲ့သည့် ရွာသို့အလည်သွားရောက်ခဲ့ပါသည်။ ရွာ၏အမည်မှာ နယူးဆလန်း ဖြစ်ပြီး ထိုရွာထဲတွင် လှည့်လည်ကြည့်ရှုစဉ်အတွင်း မှတ်တမ်းဓါတ်ပုံအချို့ကို ကျွန်တော်ရိုက်ယူခဲ့ပါသည်။
ထိုဓါတ်ပုံများကို ကျွန်တော်မျှဝေပါရစေ။

သက္ကရာဇ်၁၈၀ဝကျော်ကို ကိုယ်စားပြုသည့် လင်ကွန်းတို့ရွာမှ အခြားအိမ်တစ်လုံး၏မြင်ကွင်း။

ဓါတ်ငွေ့အပူပေးစံနစ်မရှိခဲ့သည့် ထိုခေတ်က ဆောင်းရာသီတွင်း ဆီးနှင်းခဲများ၏ ဒဏ်ကိုကာကွယ်ရန်အလို့ငှါ အိမ်များကို ဤသို့ ခိုင်ခိုင်ခံ့ခံ့ဖြင့် စံနစ်တကျတည်ဆောက်ခဲ့ကြသည်။

သည်အိမ်ရှေ့မှ ရေတွင်းသည် ရခိုင်ပြည်နှင့် အထက်မြန်မာပြည်မှ ကျွန်တော်ရောက်ခဲ့ဘူးသော ရွာတချို့အား လွန်စွာသတိရစေပါသည်။

ဖရုံ၊သခွါး၊ ငရုတ်ပင်များအပါအဝင် အခြားစားသီးပင်များစိုက်ပျိုးထားသည့် စိုက်ပျိုးခြံနှင့် အိမ်တစ်အိမ်။

လင်ကွန်းတို့ခေတ်ဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ဉီး ထိုခေတ်က ကြိုးတပ်တူရိယာတစ်မျိုးအားတီးခတ်နေပုံ။ ထိုအမျိုးသမီးကို တူရိယာတီးခတ်ပြပါရန်တောင်းဆိုရာ သူမက စိတ်ပါလက်ပါတီးခတ်ပြပါသည်။ တီးခတ်ဟန်မှာ လှပပြီး နားထောင်၍လည်းအလွန်ကောင်းရာ သီခြင်းတစ်ပုဒ်ဆုံးသည်အထိ ကျွန်တော် နားထောင်နေခဲ့ပါသည်။

(ဆက်လက်ဖေါ်ပြပါမည်။)

Monday, October 19, 2009

ခဲဝါနန့်ဆိတ


တရက်နိခါ ခဲဝါတကောင်ရေ ရီတွင်းထဲသို့လိမ့်ကျလားခပြီးကေ ပြန်တက်လို့မရောက်နိုင်ဖြစ်နိန်ပါရေလှတ်။ ရီသောက်ငတ်နိန်ရေ ဆိတ်တကောင်ရေ ယင်းရီတွင်းသို့ပင် ရီသောက်ဖို့ပါလတ်တေလှတ်။ ရီတွင်းထဲမှာ ရောက်နိန်ရေ ခဲဝါကိုမြင်ရေခါ “ယော် အကိုခဲဝါ ရီတွင်းထဲမှာ ဇာလုပ်နိန်လေချင့်” လို့ မိန်းလိုက်တေလှတ်။
ယေခါ ခဲဝါက ‘ငါ ဒုက္ခရောက်နိန်စွာကို အသာချေဖုံးထားမှဖြစ်ဖို့’ လို့ကြံစည်မိပနာ “အူး အကိုဆိတ်၊ ဒေလောက်ထိ အီးမြ၊ ကြည်လင်ပြီးကေ အရသာဟိရေ ရီကို ကျွန်တော့တသက်တာမှာ တခါလည်း မသောက်ဖူးသိ၊ လောက မှာအကောင်းဆုံးရီရေ ရီတွင်းအောက်ခြီမှာရာရောက်နိန်စွာမလား၊ ကျွန်တော်တယောက်တည်း အားလုံးကိုသောက်ပလိုက်ဖို့လုပ်နိန်စွာဒေ၊ အေဂု အကိုဆိတ်ရောက်လာကေ အကိုဆိတ်အတွက် ကျွန်တော် တစိချေ ချန်ထားလိုက်မေ ဒေမှာဒေ’ လို့ ဆိုပနာ ပြောလိုက်ပါရေလှတ်။
ကကောင်းရီသောက်ငတ်နိန်ရေ ဆိတ်လည်း ‘ကောင်း၏၊ ဆိုး၏၊ သင့်တော်၏၊ မသင့်တော်၏’ တခုလည်းတွေးမနိန်ပဲ တခါတည်း ရီတွင်းထဲသို့ခုန်ချပလိုက်ပါရေလှတ်။ ရီတွင်းထဲသို့ ဆိတ်ရောက်ကေရောက်ချင်း ခဲဝါစွာရေ ဆိတ်အထက်က တက်တက်ပနာ ခုန်ပလိုက်တေခါ ရီတွင်းအပြင်သို့ရောက်လားပါရေလှတ်။
ယေခါမှရာ ဆိတ်လည်း အခြေအနေမှန်ကိုရိပ်မိပနာ ငိုမအား ရယ်မအားနန့် ‘အကိုခဲဝါ၊ ကျွန်တော့်ကိုလည်း ရီတွင်းအပြင်သို့ရောက်အောင် ကယ်ပါအုံ့’ ဆိုပြီးကေ ပြောပါရေလှတ်။ ယေခါ ခဲဝါက “အဲ အကိုဆိတ်၊ အကို့မှာ ဟိရေ မုတ်ဆိတ်အရှည်ကြီးသန်တိပိုင်ရာ ဉီးနှောက်လည်း အကြီးသန်ဟိခ ဖို့ဆိုကေ၊ အောက်သို့ မဆင်းခင်၊ အထက်သို့ဇာပိုင် ပြန်တက်ဖို့လည်း ဆိုစွာကို အယင်စိုဉ်းစားဖို့ယေနှမ်း။ ကောင်းဗျာယ်၊ ဒေတခါတော့ကေ ငါ ကယ်လိုက်မေ၊ နောက်တခါဆိုကေ ခုန်မချခင် စဉ်းစားနှမ်း” လို့ဆိုပနာ ဆိတ်ကို ရီတွင်းအပြင်သို့ရောက်အောင် ကယ်လိုက်ပါရေလှတ်။ ဆုံးဖြတ်ချက်တခုကို မချခင်မှာ ကျွန်တော်ရို့တိရေ ဖြစ်နိုင်ခြေ၊ မဖြစ်နိုင်ခြေ၊ ဝင်လမ်း၊ ထွက်လမ်း အားလုံးကို အနုလုံ၊ ပတိလုံ စဉ်းစားဖို့လိုကြောင်း ဒေပုံပြင်က ရရိုးချေ သတိပီးစွာပါ။

Sunday, October 18, 2009

ပြောစကားများ၏အရေးပါမှု (၂)


“ယောနသန်၊ အားလုံး၏ အလယ်မှာ လာလို့ရပ်ပါ။” ဇင်ယော်အကြီးအကဲက ပြော၏။
“ယောနသန် မင်း၏ ရှက်စရာကောင်းရေ အပြုအမူတိကို သင်ပုန်းချေဖို့အတွက် အားလုံး၏ အလယ်မှာ လာလို့ရပ်ပါ။” ဇင်ယော်အကြီးအကဲက ထပ်ပြော၏။
“မလေးမစားစွာ တာဝန်မဲ့မှုအတွက်၊ ဇင်ယော် မျိုးရိုး၏ အစဉ်အလာကို ချိုးဖေါက်မှု၊ ဇင်ယော်မိသားစု၏ ဂုဏ်ကျက်သရေကို ယုတ်နိမ့်စေမှုရို့အတွက် မင်းမှာအပြစ်ဟိရေ ယောနသန်၊ တာဝန်မဲ့ရေ အပြုအမူတိအတွက် တန်ဖိုးဆိုစွာမဟိကြောင်း မင်းတရက် နားလည်လိမ့်မေ ယောနသန်၊ ဘဝတခုကို ငါရို့ရလာစွာရေ အစာစားဖို့၊ အသက်ရှည်နှိုင်သမျှရှည်အောင်ကြိုးစား၊ ထိန်းသိမ်း၊ နိန်ထိုင်ကတ်ဖို့အတွက်ဖြစ်တေ ယောနသန်။”

“တာဝန်မဲ့မှု ဆိုစွာ ဇာကိုဆိုလိုစွာပါလဲ။ သာမန်စားဖို့၊ သောက်ဖို့၊ နိန်ဖို့၊ ထိုင်ဖို့ဆိုရေ ရိုးစင်းလွန်းရေ ဘဝရည်မှန်းချက်ဘောင်ကို ကျော်လွန်ပနာ ဘဝ၏အဓိပ္ပါယ်ကို ပိုလို့ပြည့်စုံလာအောင်၊ ပိုလို့လေးနက်လာအောင် ကြိုးစားလုပ်ဆောင်ရေ ဇင်ယော်တကောင်လောက် ဇာဇင်ယော်က ပိုလို့ တာဝန်ကျီပါဖို့ရောင်၊ ငါးတကောင်ကို ဘဇောင်ဖမ်းဖို့လဲဆိုစွာကို လေ့လာမှုထဲမှာ နစ်မွမ်းပနာ နှစ်ကိုထောင်နန့်ချီဗျာယ် ကျွန်တော်ရို့တိ အဓိပ္ပါယ်မဲ့စွာ နိန်လာကတ်ပြီးဗျာယ်။ အေနိ ကျွန်တော်ရို့ဘဝမှာ လေ့လာဖို့၊ သင်ယူဖို့၊ စူးစမ်းဖို့၊ ရှာဖွီဖို့၊ လွတ်မြောက်ဖို့အတွက်လမ်းစကို စ လို့တွိကတ်ဖို့ဗျာယ်၊ ကျွန်တော့ကိုအခွင့်အရေးတခုပီးပါ။ ကျွန်တော့် ရှာဖွီတွိဟိမှုတိကို ညီအစ်ကိုရို့ကို ကျွန်တော်ပြပါရစီ” ဇင်ယော်ကောင်စီအဖွဲ့ကိုသော်လည်းကောင်း၊ ကောင်စီအဖွဲ့၏အကြီးအကဲကိုသော်လည်းကောင်း ပြန်ပြောရိုးထုံးစံ ဇင်ယော်သမိုင်းမှာတခါလည်းမဟိဖူးပါ။ သို့သော် ယောနသန်က ပြန်ပြော၏။

“မင်းကို ငါရို့နန့် ဆွီမျိုးတော်စပ်မှုစာရင်းထဲက ထုတ်ပါယ်လိုက်ဗျာယ်” ဇင်ယော်အုပ်က ပြန်ပြော၏။

(ဆက်လက်ဖေါ်ပြပါမည်။)

Picture: http://www.andong-ch.org/source/flying/Seagull.jpg

Thursday, October 15, 2009

လင်ကွန်းတို့ရွာ (၁)

အေဗရာဟင်လင်ကွန်း ကို ၁၈၀၉ ခုနှစ်တွင် မွေးဖွါးခဲ့ပြီး ၁၈၆၅ခုနှစ်တွင် ကွယ်လွန်သည်။ လင်ကွန်းသည် အမေရိကန်နိုင်ငံ၏ ၁၆ ဉီးမြောက်သမ္မတဖြစ်ခဲ့၏။ လူချမ်းသာ၊ လူတတ်၊ လူတော်များ လွန်စွာများပြားသည့် အမေရိကန်လိုနေရာမျိုးတွင် ဆင်းရဲကျပ်တည်းစွာ နေထိုင်ကြီးပြင်းခဲ့ရပြီး မီးလင်းဖိုမှ အလင်းရောင်ဖြင့် စာဖတ်ကာ မည်သည့်တက္ကသိုလ်မှ မတက်ဘဲ တစ်ကိုယ်တော်ကြိုးစားကာ ပညာဆည်းပူးခဲ့သည့် လင်ကွန်း။ အမေရိကန်နိုင်ငံသမိုင်းတွင် မည်ကာမတ္တမဟုတ်။ အထင်ကရသမ္မတကြီးများထဲတွင် တစ်ဉီးအပါအဝင်ဖြစ်ခဲ့သည့် လင်ကွန်း။ အမေရိကန်နိုင်ငံတွင် ကျွန်စံနစ်ကို အပြီးတိုင်စေခဲ့သည့် လင်ကွန်း။ အကြီးကျယ်ဆုံးသော ပြည်တွင်းစစ်ကို အနိုင်တိုက်ခဲ့သောလင်ကွန်း။ မိမိအားခါးခါးသီးသီးဆန့်ကျင် ရန်သတ္တရုပြုခဲ့သူများစွာကို မိမိ၏ဝန်ကြီးအဖွဲ့တွင် ထည့်သွင်းကာ ရာထူးကြီးများပေးခဲ့သော လင်ကွန်း။ သမ္မတသက်တမ်းမကုန်ဆုံးမီ လုပ်ကြံခံခဲ့ရသော လင်ကွန်း။ အမေရိကန်၌သာမက ကမBာ့ပြည်သူများစွာ၏ လေးစားကြည်ညိုမှုကို ရရှိသောလင်ကွန်း။ ကျွန်တော် ငယ်စဉ်ကတည်းက လွန်စွာစိတ်ဝင်စားခဲ့သော ကမBာ့ခေါင်းဆောင်များထဲတွင် လင်ကွန်းသည်ထိပ်ဆုံးစာရင်းထဲတွင် ရှိနေခဲ့ပါသည်။
ကျွန်တော့်အမျိုးသမီးသည် ဤပြည်နယ်တွင်မွေးဖွါးကြီးပြင်းခဲ့၏။ ကျွန်တော့်သား သမီး သုံးဉီးလုံးသည် ဤပြည်နယ်တွင် မွေးဖွါးခဲ့၏။ ကျွန်တော်တို့မိသားစုသည် လင်ကွန်း၏အခြေစိုက်ပြည်နယ်ဖြစ်ခဲ့သည့် အီလီနွိုက်ပြည်နယ်တွင်နေထိုင်လျှက်ရှိကြပါသည်။ ပြီးခဲ့သည့်နွေရာသီအတွင်း ကျွန်တော်တို့မိသားစုသည် အမေရိကန်သမ္မတဟောင်းလင်ကွန်းနေထိုင်ကြီးပြင်းခဲ့သည့် ရွာသို့အလည်သွားရောက်ခဲ့ပါသည်။ ရွာ၏အမည်မှာ နယူးဆလန်း ဖြစ်ပြီး ထိုရွာထဲတွင် လှည့်လည်ကြည့်ရှုစဉ်အတွင်း မှတ်တမ်းဓါတ်ပုံအချို့ကို ကျွန်တော်ရိုက်ယူခဲ့ပါသည်။
ထိုဓါတ်ပုံများကို ကျွန်တော်မျှဝေပါရစေ။




ရွာ၏အဝင်ဝတွင် ရွာမြေပုံအား ကြီးမားထင်ရှားစွာရေးဆွဲထားရှိပါသည်။ ရွာမြေပုံ၏ အနီးအဝေး ပုံ နှစ် ပုံ အားရှုမြင်နိုင်ပါသည်။

ရွာအဝင်လမ်းမကြီးအားဗဟိုပြုလျှက် ရိုက်ကူးထားသော ဓါတ်ပုံဖြစ်ပါသည်။ အဆောက်အဉီများ၊ ရှူမြင်ကွင်းများကို သက္ကရာဇ် ၁၈၀ဝ ကျော်အစောပိုင်းကာလနှင့် လျှော်ညီစေရန် နဂိုရ်ဟန်မပျက်စေပဲ အမေရိကန်အစိုးရမှ ထိမ်းသိမ်းစောင့်ရှောက် ထားရှိပါသည်။

သက္ကရာဇ်၁၈၀ဝ ကျော်ပုံရိပ်ကို ထင်ဟပ်စေသည့်အိမ်တစ်အိမ်။

အိမ်တစ်အိမ်၏ အတွင်းပိုင်းတွင် မူလ ဟန်မပျက်ထိမ်းသိမ်းထားရှိသော အိမ်သုံး၊ လူသုံးပစ္စည်းပစ္စယများ။

(ကျွန်တော်ငယ်စဉ်က ကျင်လည်ကြီးပြင်းခဲ့ရာ ရခိုင်ပြည်မှ ရွာငယ်လေးများကို လွမ်းဆွတ်၊ တမ်းတ၊ သတိရစေပါသည်။)

(ဆက်လက်ဖေါ်ပြပါမည်။)

Wednesday, October 14, 2009

ပြောစကားများ၏အရေးပါမှု


ဝတ္တုတပုဒ်၏ အဓိကအစိတ်အပိုင်းတိထဲမှာ ရွီးသားထားရေ အကြေားင်းအရာဖေါ်ပြချက်အပိုင်းနန့် ဇါတ်ကောင် ဇါတ်ဆောင်တိ၏ ပြောစကားအပိုင်းတိပါဝင်ကတ်ပါရေ။
ကျွန်တော်အကြိုက်ဆုံးအင်္ဂလိပ်ဝတ္တုတိထဲမှ္မာငခ့မေိ Bခေ့ ရွီးရေဲသညအေ့ညေူငလငညျါအသညှနေါကူ ပါဝင်ပါရေ။
အေဝတ္တုထဲမှာ အဓိကဇါတ်ကောင်တိပြောရေ စကားရပ်တိစွာ ကကောင်းလေးနက်ပြီးကေ အရေးပါ ပါရေ။ ဇါတ်ကောင်တိ၏ သဖေါသဘာဝ နန့် လောကကြီး၏ အတိမ်အနက်သဖေါတရားတိကို အတိုင်းအတာတခုထက်ပိုပြီးကေ ထင်ဟပ်စီပါရေ။ ယေဇူးနန့် ကျွန်တော့်စာဖတ်ပရိသတ်တိနန့် မျှဝီချင်စိတ်ပေါ်လာရေအတွက် ယင်းဝတ္တုထဲက အရေးပါရေ စကားပြောစာစုချေတိကို ဘာသာပြန်ဆိုဖေါ်ပြပီးလိုက်ပါယင့်။ အားလုံး ဖတ်ပျော်နိုင်ကတ်ပါစီ။
ခင်မင်လေးစားမှုဖြင့်
မောင်ဉီးသိန်းမောင်


“သားချေ ယောနသန်၊ ဇာဖြစ်လို့ငှက်အုပ်ထဲက တခြားငှက်တိပိုင် အီးအီးလူလူ မနိန်စွာလေ။ ယင်း အနိမ့်ပျံ၊ အဝီးပျံ အလုပ်တိကို ထီးလှိုင်ငှက် ရို့ပိုင်၊ ငှက်ကြီးဝန်ပို ရို့ပိုင်ငှက်ကြီးမျိုးတိလုပ်ကတ်ပတ်စီ သားချေ။ မင်းဇာဖြစ်လို့ အစာမစားစွာလေ။ မင်းခန••ာမှာ အရိုးနန့် အတောင်ရာကျန်ဗျာယ် ငါ့သား” လို့ သူ့မိခင်က ပြောလိုက်သည်။
“ကျွန်တော့ခနာမှာ အရိုးနန့်အတောင်ရာကျန်စွာကို ကျွန်တော် ဂရုမစိုက်ပါမေမေ။ လီထဲမှာ ဇာတိလုပ်နိုင်ပြီးကေ ဇာတိမလုပ်နိုင် ဆိုစွာကို ကျွန်တော်သိချင်စွာတခုပါရာ” လို့ ယောနသန် က ပြန်ပြောလိုက်သည်။
“ဝေး ဒေမှာ ငါပြောမေ ယောနသန်၊ မကြာခင် ဆောင်းရောက်ဖို့ဗျာယ်။ မြစ်ထဲမှာ ဘုတ်တိ၊ လောင်းတိနည်းလာဖို့ဗျာယ်။ ရီပေါ်ငါးတိ ရီအောက်အနက်ထဲမှာ လားနိန်ကတ်ဖို့ဗျာယ်။ အစာဘဇောင်ရှာဖို့ ဆိုစွာကို သင်ယူလေ့လာဖို့ဆိုကေ အေဂုပိုင်အချိန်ရေ အသင့်တော်ဆုံးအချိန်ဂါး။ အဝိုင်း ယောနသန်၊ ‘လီဟုန်စီးခြင်း’ ကို မင်း ကိုက်စားလို့မရနှမ်း။ ငါရို့ငှက်တိအတွက် ‘ပျံသန်းရခြင်း’ ၏အဓိကအကြောင်းရင်းရေ ‘အစာရှာစားဖို့’ ဆိုစွာကို မင်းမမိကေ့နှမ်း” လို့ သူ့အဖက ခကြကြမ်းချေပြော၏။

“ဘဝမှာ အသက်ရှင်ခြင်း၏ အဓိပ္ပါယ်ရေ လောင်းတိ၊ ဘုတ်တိနောက်က လိုက်ပနာပျံဖို့၊ အစာရှာစားဖို့ လောက်ဆိုစွာကို ငါ လက်မခံနိုင်။ ဘဝတခု၏အဓိပ္ပါယ်၊ အသက်ရှင်ရပ်တည်ခြင်း၏အဓိပ္ပါယ်ရေ ယင်းချင့်ထက်အများကြီးပိုသင့်ရေ။ ငါကိုယ်တိုင်၏ နမော်နမဲ့အသက်ရှင်နိန်မှု၊ ငါ့အဖေါ် ငါ့အမျိုးတိကို ဂရုမစိုက်ပဲနိန်ထိုင်နိန်မှု၊ သူရို့တိကလည်း တခြားတိကို အထင်မကြီး၊ မလေးမစားနန့်ဖြစ်နိန်ကတ်မှု တိကို ကျော်ဖြတ်ပနာ ပျံသန်းခြင်းကို ငါရို့ ပိုလို့အလေးထားလေ့ကျင့်သင့်ရေ။ မြင့်နိုင်သမျှအမြင့်ပျံဖို့ကြိုးစားယက်ပင်း ငါရို့၏ ဂုဏ်သိက္ခာနန့် ငါရို့၏ ဖြစ်တည်မှုတိကို မြှင့်တင်ကတ်သင့်ရေ။ ငါရို့ရေ ‘ကျွမ်းကျင်လိမ္မာရေ၊ ထက်မြက်တေ၊ သာမန်ထက်ပိုရေ’ ငှက်မျိုးရိုးထဲက ဆိုစွာကို ငါရို့ကိုယ်တိုင် ပြသဖို့ ကြိုးစားကတ်ရလိမ့်မေ။ ငါရို့အမြင့်ပျံဖို့စွာကို လေ့လာကတ်ရဖို့။ လေ့ကျင့်ကတ်ရဖို့။ လွတ်မြောက်ရာလမ်းကို ငါရို့ရှာကတ်ရဖို့”

(ဆက်လက်ဖေါ်ပြပါမည်။)



Tuesday, October 13, 2009

မုတ်ဆိုးနန့်ခွီး


တရက်နိခါ မုတ်ဆိုးတယောက်ရေ သစ်ပင်အောက်မှာ အညောင်းဖြေနိန်ရေ ယုန်တကောင်ကိုမြင်ရေခါ ဖမ်းဖို့လိုက်ပါရေလှတ်။ ယုန်လည်း မုတ်ဆိုးခြီသံကို ကြားစွာနန့် ဇကုန်ထွက်ပြီးလားခစွာ မုတ်ဆိုးမမှီပဲ ကျန်လိုက်ပါရေလှတ်။
ယင်းအဖြစ်အပျက်ကို လှမ်းမြင်လိုက်တေ ခွီးတကောင်က ‘အကိုမုတ်ဆိုး၊ အကိုယုန်ကိုလိုက်စွာ မရလိုက်ယာမလားယေ၊ ယင်းယုန်ချေရေ အကို့ခနြွာ ဆယ်ပုံတပုံလောက်ရာဟိဖို့၊ အကို ယုန်ကိုတောင်မှီအောင် မပြီးနိုင်’ ဆိုဗျာယ် ပြစ်တင် ပျက်ရယ်ပြုရေစကားကိုပြောပါရေလှတ်။
ယေခါ မုတ်ဆိုးက ‘အေး အကိုခွီးချေ၊ အကိုပြောကေလည်းခံရဖို့၊ ယေကေလည်း အကိုနားလည်ဖို့ကောင်းစွာတခုက ကျွန်တော်ရေ ညဇာဖက်ထမင်းစားဖို့ ဟင်းကောင်းမဟိလို့ ယုန်ကိုလိုက်စွာရာ ဖြစ်တေ၊ ယုန် ကတော့ကေ သူ့အသက်သီရေး၊ရှင်ရေးအတွက်ပြီးစွာဖြစ်တေ၊ ပြီးခြင်းနှစ်ခုကြားမှာ ရည်ရွယ်ချက် ကွာသိရေ’ ဆိုပြီးကေ ပြန်ပြောလိုက်ပါရေလှတ်။ ယေနန့် ဇာသတ္တဝါမဆို သီရေး၊ ရှင်ရေးနန့်ကျလာကေ တခါတည်းအတောင်ဟိရေယှောင်ပိုင် အယင်ပြီးနိုင်ကတ်စွာရေ သဘာဝတခု လို့ဆိုပါရေ။

လူ နန့် ခြင်္သေ့


တခါက လူတယောက်နန့်ခြင်္သေ့တကောင်ခရီးအတူလားကတ်တေလှတ်။ ခရီးလားနိန်ကတ်ယက်ပင်း ‘လူနန့်ခြင်္သေ့ အသူက ပိုလို့ တော်ရေ၊ သန်မာရေလဲ’ ဆိုစွာကိုရာ ငြင်းကတ်တေဗျာယ်လှတ်။ လူက လည်း လူတိဇာလောက်ထိ သန်မာကတ်တေ၊ ဇာလောက်ထိတော်ကတ်တေဆိုစွာတိကို ပြောပြီးကေ ခြင်္သေ့က လည်း ခြင်္သေ့တိ ဇာလောက်ထိတော်ကြောင်း၊ သန်မာကြောင်းတိကို အချီအချ ငြင်းပနာ လားနိန်ကတ်တုန်းမှာ လမ်းနန့်မပါးမဝီးတနေရာမှာ ကျောက်ရုပ်တရုပ်ကိုတွိပါရေလှတ်။ ကျောက်ရုပ်က ဇာပိုင်ကျောက်ရုပ်လဲဆိုကေ ‘လူတယောက်က ခြင်္သေ့တကောင်ကို နှင်တံနန့် သတ်ဗျာယ် လေ့ကျင့်ပီးနိန်ရေပုံ’ ကို ထုထားစွာပါလှတ်။
ယေခါ လူက ‘ယေမလားယေ အကိုခြင်္သေ့၊ အကိုမြင်ယာမလားယေ၊ ကျွန်တော်ရို့ လူတိက အကိုရို့ခြင်္သေ့တိကို ဇာပိုင်ဖမ်းရေ၊ လေ့ကျင့်ပီးရေဆိုစွာကို ယင်းကျောက်ရုပ်ကပြနိန်စွာယာယေ၊ ယေဇူးနန့်ကျွန်တော်ပြောစွာ၊ လူရေခြင်္သ့တိထက် အများကြီးပိုလို့တော်လည်းတော်ရေ၊ သန်လည်းသန်မာရေ လို့’ ဆိုပြီးကေပြောပါရေလှတ်။ ယေခါ ခြင်္သေ့က ဇာပိုင်ပြန်ပြောရေထင်ရေလဲ။ ‘အေး အကိုလူသား၊ ဒေကျောက်ရုပ်ရေ လူကထုထားရေကျောက်ရုပ်ဖြစ်လို့ ယင်းပိုင်မျိုးပုံဖေါ်ထုထားစွာ၊ အူး ငါရို့ခြင်္သေ့တိရာ ယင်းပိုင်ကျောက်ရုပ်ထုဖို့တတ်ကြည့်ဗလင်တချက်၊ အကိုရို့လူတိကို ငါရို့ခြီဖဝါးအောက်မှာ ထားပနာဂျေးယာ ထုထားဖို့ယေ’ လို့ပြန်ပြောပါရေလှတ်။ ကျွန်တော်ရို့တိ စကားပြောကတ်၊ ငြင်းကတ်ခုန်ကတ်တေခါ အမှန်တရားထက် ပြောရေလူ ဇာပိုင်အဆုံးသတ်ချင်ရေလဲ ဆိုစွာအပေါ်မှာ မူတည်ပနာ စကားဝိုင်းပြီးလားကတ်စွာများရေ လို့ဆိုပါရေ။

ငှက်ဖမ်းသမားနန့် ငှက်တကိုယ်ကောင်း


တရက်နိခါ ငှက်ဖမ်းသမားတယောက်ဘားမှာ ငှက်ချေတကောင်ဖမ်းမိရေလှတ်။ ငှက်ဖမ်းသမားပိုက်ထဲကနိန် ယင်းငှက်ချေကို ထုတ်ယူဖို့လာရေခါယင်းငှက်ချေက
“အို အရှင် ငှက်ဖမ်းသမား၊ ကျွန်တော့်ကို ကျေးဇူးပြုလို့ တချက် မသတ်ပါကေ့။ အရှင်ရာ ကျွန်တော့ကို ဒေတခါလွှတ်ပီးလိုက်ဖို့ဆိုကေ နောက်ငှက်တိအများကြီးကို အရှင့်ပိုက်ထဲမှာ လာလို့ကျအောင် ကျွန်တော်ကြံဆောင်ပီးဖို့ ဂတိပီးပါယင့်” လို့ ပြောလိုက်ပါရေလှတ်။
ငှက်ဖမ်းသမားက
“အေးငှက်ဆိုး အစ ခါဆိုကေ နင်က ငယ်လည်းအငယ်ချေ၊ တစားစာလည်း မပြည့် ဆိုပြီးကေ ငါ နင့်ကိုလွှတ်ပီးလိုက်ဖို့ စိတ်ကူးထားစွာ၊ အေဂုပိုင် နင်က ပြောချလိုက်တေ အတွက် ငါနင့်ကိုမလွှတ်ယာ။ ‘နင်အသက်ရှင်ဖို့အတွက် အခြားလူတိကို သီအောင် လုပ်ဖို့’ ကြံစည်ရေနင့်ကို ငါ ကကောင်းမုန်းရေ၊ နင့်ထိုက်နန့်နင့်ကံ၊ သီရာသီလီဖိ” လို့ဆိုပနာ ပြောလိုက်ပါရေလှတ်။
“ကိုယ်တယောက်တည်း ကောင်းစားဖို့၊ အသက်ရှင် ရပ်တည်ဖို့အတွက် အခြားလူ တိကို သတ်ပလိုက်ဖို့ ကြံစည်ရေ စိတ်ကူးလောက် ယုတ်ညံ့သိမ်ဖျင်း၊ အောက်တန်းကျ ရေစိတ်ကူးမျိုး လူ့လောကမှာ မဟိ” လို့ ဒေပုံပြင်ချေက သင်ခန်းစာပီးစွာပါယေ။


Picture: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2GGL-iInl5C8JpO_MnolqH7K_VyAZsy9OnFTjPbD0tjwHi-bbjeDmMGv9jpDc9qc6hAATtqToNg6Ey1CoGGVHKaZ5z1JiopxL-2aIV8ecgrh3I0lcxYdkDhYDThd4LEd3Ls2r8TP-6oD/s400/bird+in+hand+1.jpg

တောလိုက်မုတ်ဆိုးနန့် ထင်းခွပ်သမား


တရက်နိခါ တောလိုက်မုတ်ဆိုးတယောက်ရေ တောလိုက်ထွက်ပါလတ်ယက်ပင်း တောတွင်းတနေရာမှာ သစ်ပင်လှဲနီရေထင်းခွပ်သမားတယောက်ကို တွိပါရေလှတ်။
ယင်းမုတ်ဆိုးက
“အဝေး ထင်းခွပ်သမား ဒေနားတိမှာ ခြင်္သေ့ခြီရာတိကို မတွိမိလားဝေ၊ ငါ့ကို တချက် ပြဗလာ၊ ခြင်္သေ့ဂူကို ပြနိုင်ကေပိုလို့ကောင်းယင့်၊ ငါရေ ခြင်္သေ့ လိုက်မုတ်ဆိုးဝေး” လို့ခကြကြမ်းချေပြောပနာ မိန်းပါရေလှတ်။
ယေခါ ထင်းခွပ်သမားက “ဂိုးချေ မုတ်ဆိုး၊ ကျွန်တော် ဂိုးချေမိန်းရေ မိန်းခွန်း တိထက် ပိုလို့ကောင်းရေ အဖြေကိုပီးနိုင်ပါယင့်၊ ခြင်္သေ့ခြီရာနန့် ခြင်္သေ့ဂူကိုရာမဟုတ်၊ ခြင်္သေ့ဇာမှာဟိရေလဲဆိုစွာကို ကျွန်တော် လိုက်ပြပါမေ၊ လာ ကျွန်တော်နန့်တခါတည်း လာ” လို့ပြောပါရေလှတ်။ ယေခါ ယင်းမုတ်ဆိုးက ဇာပြန်ပြောရေလဲ ဆိုကေ
“အာ ကျွန်တော်ပြောစွာခြင်္သေ့ခြီရာကိုပါရာ၊ ခြင်္သေ့ကို တခါတည်းတွိဖို့ ပြောစွာ ကား မဟုတ်ပါ၊ ကျေးဇူးတင်ပါယင့်ဂိုးချေ” လို့ရာပြန်ပြောပနာ အသာချေထွက်လားခ ပါရေလှတ်။
ယေခါ ထင်းခွပ်သမားက
“ဂိုးချေမုတ်ဆိုး၊ ဂိုးချေပထမပြောရေခါ ကိုယ့်ကိုကိုယ် ခြင်္သေ့လိုက်မုတ်ဆိုး ဆို။ ဂိုးချေ ရဲရင့်ရေစကားကိုပြောလည်း ပြောပြီးကေ လုပ်တေခါ လည်း အဂေါင့်လည်းဂေါင့် ရဲရဲရင့်ရင့်လုပ်တေလူတိကို သူရဲကောင်း လို့ခေါ်ရေ ဂိုးချေ” လို့ ပြန်ပြောလိုက်ပါရေလှတ်။
ပြောရေခါတမျိုး၊ လုပ်တေခါတမျိုး လုပ်ကေ တခြားလူတိ၏ ယုံကြည်ကိုးစားမှူကိုတခါလည်းမရ ဆိုစွာကို မှတ်ထားကတ်နှမ်း။

ခြင်္သေ့ အကွန်ဆောင်ရေ မြည်း


တရက်နိခါ မြည်းတကောင်ရေ ခြင်င်္သေ့ရီ (ခြင်္သေ့အရီ) တခုကောက်ရရေလှတ်။ ယေခါ ယင်း မြည်း ရေ ခြင်္သေ့ရီကို ချုံ ချုံ ပနာ ခြင်္သေ့ အကွန်ဆောင်ဗျာယ် တောထဲက တွိသမျှ တိရစန်တိကို ဟောက်ခါဟောက်လိုက်၊ ခြောက်ခါခြောက်လိုက်ရာ လုပ်နိန်လီပါ ဗျာယ်လှတ်။
ယပိုင်နန့်ပင် ယင်း ခြင်္သေ့အကွန်ဆောင်မြည်းရေ ခဲဝါတကောင်ကိုမြင်ရေခါ အဂေါင့် လည်းဂေါင့်ခြင်္သေ့ပိုင်ယှောင် လုပ်ဗျာယ် အာခေါင်သံနန့် ဟောက် ပလိုက်ပါရေလှတ်။ ခဲဝါ က လည်း အသံကိုကြားစွာနန့် ယင်းချင့်ရေ မြည်း မှန်း ချက်ချင်းသိလိုက်ပါရေလှတ်။ ယေခါ ခဲဝါ က ‘အော် အကိုမြည်း၊ အကို့ အသံကိုရာ မကြားလိုက်ရပဲနိန်ဖို့ဆိုကေ ကျွန်တော် လည်း တခြားအကောင်တိပိုင်ဗျာယ် အကိုမြည်းကို ခြင်္သေ့ ထင်ပနာ ကြကြောက် လလန့် ဇာလောက်ထိ ထွက်ပြီးလီမေ မသိ’ လို့ ပြန်ပြောလိုက်ပါရေလှတ်။ ဒေပုံပြင်ချေက ဇာသင်ခန်းစာကိုပီးရေလဲဆိုကေ ‘အပေါ်ယံ အကာပိုင်းတိရေ မစူးစမ်း၊ မဆင်ခြင်တတ်တေ လူမိုက်လူပေါတိကိုရာလှည့်စားနိုင်ပြီးကေ အတုအယောင်တိ၊ ဟန်ဆောင်မှုတိ ဆိုစွာရေ တချက်ချေရာ ခံ ပါရေလှတ်’။

စပျစ်သီးတိ ချဉ်ရေဗင်


တရက်နိခါ ဝမ်းဆာနီရေ ခဲဝါတကောင်ရေ စပျစ်ခြံ တခြံထဲသို့ ဝင်ပါလတ်တေ လှတ်။ ယေခါ အပင်အမြင့်တနေရာမှာ စပျစ်သီးမှည့်တိကို ယင်းခဲဝါတွိရပါရေလှတ်။ ယင်းစပျစ်သီးတိရေ အရောင်က လည်းလှ၊ အရည်ရရွမ်းနန့် ကကောင်းစားကောင်းဖို့ ပုံလည်း ပေါ်နိန်ပါရေလှတ်။ ခဲဝါလည်း ဝမ်းဆာဆာနန့် သူနန့်အပါးဆုံး စပျစ်သီးခိုင်ကို ခုန်ပနာ လှမ်းပါရေလှတ်။ ယေကေလည်း စပျစ်သီးတိက အင်တန်အမြင့်မှာရောက်နိန်ရေခါ ခဲဝါ ခုန်လှမ်းလို့မမှီနိုင်ဖြစ်နိန်ပါရေလှတ်။
တခေါက်ပြီးတခေါက်၊ အကြိမ်ကြိမ်သူခုန်ကေလည်း စပျစ်သီးခိုင်ကို မမှီနိုင်ဖြစ်နိန်ရေ လှတ်။ နောက်ဆုံးမှာ ယင်းစပျစ်သီးတိကို လျှာရည်တကျကျနန့်ကြည့် ကြည့်ပနာ ဝမ်းက ဆာဆာ၊ စိတ်ပျက်လက်ပျက်နန့် စပျစ်ခြံထဲကနိန် ခဲဝါပြန်ထွက်လားခပါရေလှတ်။ အထွက်မှာ ခဲဝါပါးစပ်က ဇာတိပြောလားခ ရေထင်ရောင်။ “ဒေစပျစ်သီးတိ ချဉ်လိုက်တေ ဗင်က” လို့ ပြောလားခ ပါရေလှတ်။
ဒေ ပုံပြင်ချေက ဇာကိုပြောလားရေလဲဆိုကေ “လူတချို့ရေ ကိုယ် မရ နိုင်မှန်း၊ ကိုယ်နန့်မဖြစ်နိုင်မှန်း သေချာစွာနန့် ယင်းချင့်ကို မကောင်းပြောပလိုက်ဖို့၊ မကောင်းလုပ်ပ လိုက်ဖို့ အဆင်သင့်ဖြစ်နိန်တတ်ပါရေလှတ်”။


ပရွတ်စိ နန့် နှံကောင်


ရာသီဉတု သာယာလှပ ရေ နွီရာသီ ရက်တရက်မှာ နှံကောင်တကောင်ရေ အပူအပင်ကင်းစွာနန့် လီချွန်ပနာ သီခြင်းဆိုနိန်ပါရေလှတ်။ ပရွတ်စိတကောင်ရေ ဆန်စိအကြီးသန်တစိကို ကိုက် ကိုက်ပနာ ယင်း လီချွန်နီရေ နှံကောင်အနားက ဖြတ်ပနာ သူ့အိမ်သို့လားပါရေလှတ်။
မြက်ပင်ချေထက်မှာ အီးအီးလူလူ မျိုဉ်းနီရေနှံကောင်ရေ အလုပ်ရှုပ်နီရေ ပရွတ်စိကိုကြည့်ဗျာယ် “ဒေလောက် သာသာယာယာ လှပ ရေနိလယ်နိခင်းတိမှာ ဇာတိကိုအလုပ်ရှုပ်နီလေ အဆွေပရွတ်စိ၊ အလုပ်ရှုပ်ဖို့အချိန်လည်းမဟုတ်၊ အခါလည်းမဟုတ်သိ၊ လာ ဒေမှာလာ၊ ကျွန်တော်နန့်အတူတူ သီခြင်းဆိုကတ်မေ” ဆိုပနာ လှမ်းခေါ်ပါရေလှတ်။
ယေခါ ပရွတ်စိက “အို အဆွီနှံကောင်၊ ကျွန်တော့်မှာ အဆွီပိုင် ပျော်ဖို့၊ သီခြင်းဆိုဖို့ အချိန်မဟိပါ၊ မကြာခင်မိုးရာသီကို ရောက်ဖို့ဗျာယ်ဖြစ်တေအတွက် အစာရီစာတိကို ကြိုတင်စုဆောင်းနီရပါရေအဆွီ၊ နီခါဖက်မှာ အစာရီစာတိကို ဒေပိုင်မျိုးမစုထားကေ မိုးတွင်းမှာ အပြင်ကိုလည်းထွက်လို့မရ၊ အစာရီစာက လည်းရှားနန့် အားလုံး ဒုက္ခရောက်ကတ်ရဖို့ဟိပါရေ၊ ယေဇူးနန့် အကို့ကိုလည်း ကျွန်တော်နန့်အတူ အစားအစာကြိုတင်စုဆောင်းထားရှိဖို့ ပြောချင်ပါယင့်” လို့ပြောပါရေလှတ်။ ယေခါ နှံကောင်ရေ ရယ် ရယ်ပနာ ‘မိုးတွင်းမှာစားဖို့အစာအတွက် အေဂုကပင် ငါရို့ ဇာဖို့ပူစရာ လိုဖို့လဲ အကို ပရွတ်စိ၊ ကျွန်တော့်မှာအေဂုစားဖို့အစာ အလုံအလောက်ဟိရေ’ ဆိုပနာ ပြန်ပြောလိုက်ပါရေလှတ်။
လ အင်တန်ကြာလို့ မိုးတွင်းသို့ရောက်ပါလတ်တေခါ သူ့အိမ်မှာ အစာရီစာအပြည့်နန့်ဖြစ်လို့ ပရွတ်စိမှာ တခုလည်းပူစရာမလို။ နှံကောင်မှာရာ စားစရာလည်းတခုလည်းမဟိ၊ လားစရာလည်းနေရာမဟိနန့် ကကောင်း ဒုက္ခရောက်ရပါရေလှတ်။ ယေဇူးနန့် အနာဂါတ်ကိုကြိုတွေးပြီးကေ အနာဂါတ်အတွက်လိုအပ်ချက်တိကို ပစ္စုပန်မှာကြိုတင်ဖြည့်ဆည်း ပြင်ဆင်ထားဖို့စွာရေ လူလိမ္မာတိအတွက် မရှိမဖြစ်လိုအပ်တေ တင်ကူးစီမံမှုတခုပင်ဖြစ်ပါရေ။