Sunday, October 18, 2009

ပြောစကားများ၏အရေးပါမှု (၂)


“ယောနသန်၊ အားလုံး၏ အလယ်မှာ လာလို့ရပ်ပါ။” ဇင်ယော်အကြီးအကဲက ပြော၏။
“ယောနသန် မင်း၏ ရှက်စရာကောင်းရေ အပြုအမူတိကို သင်ပုန်းချေဖို့အတွက် အားလုံး၏ အလယ်မှာ လာလို့ရပ်ပါ။” ဇင်ယော်အကြီးအကဲက ထပ်ပြော၏။
“မလေးမစားစွာ တာဝန်မဲ့မှုအတွက်၊ ဇင်ယော် မျိုးရိုး၏ အစဉ်အလာကို ချိုးဖေါက်မှု၊ ဇင်ယော်မိသားစု၏ ဂုဏ်ကျက်သရေကို ယုတ်နိမ့်စေမှုရို့အတွက် မင်းမှာအပြစ်ဟိရေ ယောနသန်၊ တာဝန်မဲ့ရေ အပြုအမူတိအတွက် တန်ဖိုးဆိုစွာမဟိကြောင်း မင်းတရက် နားလည်လိမ့်မေ ယောနသန်၊ ဘဝတခုကို ငါရို့ရလာစွာရေ အစာစားဖို့၊ အသက်ရှည်နှိုင်သမျှရှည်အောင်ကြိုးစား၊ ထိန်းသိမ်း၊ နိန်ထိုင်ကတ်ဖို့အတွက်ဖြစ်တေ ယောနသန်။”

“တာဝန်မဲ့မှု ဆိုစွာ ဇာကိုဆိုလိုစွာပါလဲ။ သာမန်စားဖို့၊ သောက်ဖို့၊ နိန်ဖို့၊ ထိုင်ဖို့ဆိုရေ ရိုးစင်းလွန်းရေ ဘဝရည်မှန်းချက်ဘောင်ကို ကျော်လွန်ပနာ ဘဝ၏အဓိပ္ပါယ်ကို ပိုလို့ပြည့်စုံလာအောင်၊ ပိုလို့လေးနက်လာအောင် ကြိုးစားလုပ်ဆောင်ရေ ဇင်ယော်တကောင်လောက် ဇာဇင်ယော်က ပိုလို့ တာဝန်ကျီပါဖို့ရောင်၊ ငါးတကောင်ကို ဘဇောင်ဖမ်းဖို့လဲဆိုစွာကို လေ့လာမှုထဲမှာ နစ်မွမ်းပနာ နှစ်ကိုထောင်နန့်ချီဗျာယ် ကျွန်တော်ရို့တိ အဓိပ္ပါယ်မဲ့စွာ နိန်လာကတ်ပြီးဗျာယ်။ အေနိ ကျွန်တော်ရို့ဘဝမှာ လေ့လာဖို့၊ သင်ယူဖို့၊ စူးစမ်းဖို့၊ ရှာဖွီဖို့၊ လွတ်မြောက်ဖို့အတွက်လမ်းစကို စ လို့တွိကတ်ဖို့ဗျာယ်၊ ကျွန်တော့ကိုအခွင့်အရေးတခုပီးပါ။ ကျွန်တော့် ရှာဖွီတွိဟိမှုတိကို ညီအစ်ကိုရို့ကို ကျွန်တော်ပြပါရစီ” ဇင်ယော်ကောင်စီအဖွဲ့ကိုသော်လည်းကောင်း၊ ကောင်စီအဖွဲ့၏အကြီးအကဲကိုသော်လည်းကောင်း ပြန်ပြောရိုးထုံးစံ ဇင်ယော်သမိုင်းမှာတခါလည်းမဟိဖူးပါ။ သို့သော် ယောနသန်က ပြန်ပြော၏။

“မင်းကို ငါရို့နန့် ဆွီမျိုးတော်စပ်မှုစာရင်းထဲက ထုတ်ပါယ်လိုက်ဗျာယ်” ဇင်ယော်အုပ်က ပြန်ပြော၏။

(ဆက်လက်ဖေါ်ပြပါမည်။)

Picture: http://www.andong-ch.org/source/flying/Seagull.jpg

No comments:

Post a Comment