အေဗရာဟင်လင်ကွန်း ကို ၁၈၀၉ ခုနှစ်တွင် မွေးဖွါးခဲ့ပြီး ၁၈၆၅ခုနှစ်တွင် ကွယ်လွန်သည်။ လင်ကွန်းသည် အမေရိကန်နိုင်ငံ၏ ၁၆ ဉီးမြောက်သမ္မတဖြစ်ခဲ့၏။ လူချမ်းသာ၊ လူတတ်၊ လူတော်များ လွန်စွာများပြားသည့် အမေရိကန်လိုနေရာမျိုးတွင် ဆင်းရဲကျပ်တည်းစွာ နေထိုင်ကြီးပြင်းခဲ့ရပြီး မီးလင်းဖိုမှ အလင်းရောင်ဖြင့် စာဖတ်ကာ မည်သည့်တက္ကသိုလ်မှ မတက်ဘဲ တစ်ကိုယ်တော်ကြိုးစားကာ ပညာဆည်းပူးခဲ့သည့် လင်ကွန်း။ အမေရိကန်နိုင်ငံသမိုင်းတွင် မည်ကာမတ္တမဟုတ်။ အထင်ကရသမ္မတကြီးများထဲတွင် တစ်ဉီးအပါအဝင်ဖြစ်ခဲ့သည့် လင်ကွန်း။ အမေရိကန်နိုင်ငံတွင် ကျွန်စံနစ်ကို အပြီးတိုင်စေခဲ့သည့် လင်ကွန်း။ အကြီးကျယ်ဆုံးသော ပြည်တွင်းစစ်ကို အနိုင်တိုက်ခဲ့သောလင်ကွန်း။ မိမိအားခါးခါးသီးသီးဆန့်ကျင် ရန်သတ္တရုပြုခဲ့သူများစွာကို မိမိ၏ဝန်ကြီးအဖွဲ့တွင် ထည့်သွင်းကာ ရာထူးကြီးများပေးခဲ့သော လင်ကွန်း။ သမ္မတသက်တမ်းမကုန်ဆုံးမီ လုပ်ကြံခံခဲ့ရသော လင်ကွန်း။ အမေရိကန်၌သာမက ကမBာ့ပြည်သူများစွာ၏ လေးစားကြည်ညိုမှုကို ရရှိသောလင်ကွန်း။ ကျွန်တော် ငယ်စဉ်ကတည်းက လွန်စွာစိတ်ဝင်စားခဲ့သော ကမBာ့ခေါင်းဆောင်များထဲတွင် လင်ကွန်းသည်ထိပ်ဆုံးစာရင်းထဲတွင် ရှိနေခဲ့ပါသည်။
ကျွန်တော့်အမျိုးသမီးသည် ဤပြည်နယ်တွင်မွေးဖွါးကြီးပြင်းခဲ့၏။ ကျွန်တော့်သား သမီး သုံးဉီးလုံးသည် ဤပြည်နယ်တွင် မွေးဖွါးခဲ့၏။ ကျွန်တော်တို့မိသားစုသည် လင်ကွန်း၏အခြေစိုက်ပြည်နယ်ဖြစ်ခဲ့သည့် အီလီနွိုက်ပြည်နယ်တွင်နေထိုင်လျှက်ရှိကြပါသည်။ ပြီးခဲ့သည့်နွေရာသီအတွင်း ကျွန်တော်တို့မိသားစုသည် အမေရိကန်သမ္မတဟောင်းလင်ကွန်းနေထိုင်ကြီးပြင်းခဲ့သည့် ရွာသို့အလည်သွားရောက်ခဲ့ပါသည်။ ရွာ၏အမည်မှာ နယူးဆလန်း ဖြစ်ပြီး ထိုရွာထဲတွင် လှည့်လည်ကြည့်ရှုစဉ်အတွင်း မှတ်တမ်းဓါတ်ပုံအချို့ကို ကျွန်တော်ရိုက်ယူခဲ့ပါသည်။
ထိုဓါတ်ပုံများကို ကျွန်တော်မျှဝေပါရစေ။


ရွာ၏အဝင်ဝတွင် ရွာမြေပုံအား ကြီးမားထင်ရှားစွာရေးဆွဲထားရှိပါသည်။ ရွာမြေပုံ၏ အနီးအဝေး ပုံ နှစ် ပုံ အားရှုမြင်နိုင်ပါသည်။

ရွာအဝင်လမ်းမကြီးအားဗဟိုပြုလျှက် ရိုက်ကူးထားသော ဓါတ်ပုံဖြစ်ပါသည်။ အဆောက်အဉီများ၊ ရှူမြင်ကွင်းများကို သက္ကရာဇ် ၁၈၀ဝ ကျော်အစောပိုင်းကာလနှင့် လျှော်ညီစေရန် နဂိုရ်ဟန်မပျက်စေပဲ အမေရိကန်အစိုးရမှ ထိမ်းသိမ်းစောင့်ရှောက် ထားရှိပါသည်။

သက္ကရာဇ်၁၈၀ဝ ကျော်ပုံရိပ်ကို ထင်ဟပ်စေသည့်အိမ်တစ်အိမ်။
အိမ်တစ်အိမ်၏ အတွင်းပိုင်းတွင် မူလ ဟန်မပျက်ထိမ်းသိမ်းထားရှိသော အိမ်သုံး၊ လူသုံးပစ္စည်းပစ္စယများ။
(ကျွန်တော်ငယ်စဉ်က ကျင်လည်ကြီးပြင်းခဲ့ရာ ရခိုင်ပြည်မှ ရွာငယ်လေးများကို လွမ်းဆွတ်၊ တမ်းတ၊ သတိရစေပါသည်။)
(ဆက်လက်ဖေါ်ပြပါမည်။)
No comments:
Post a Comment