Tuesday, October 13, 2009

စပျစ်သီးတိ ချဉ်ရေဗင်


တရက်နိခါ ဝမ်းဆာနီရေ ခဲဝါတကောင်ရေ စပျစ်ခြံ တခြံထဲသို့ ဝင်ပါလတ်တေ လှတ်။ ယေခါ အပင်အမြင့်တနေရာမှာ စပျစ်သီးမှည့်တိကို ယင်းခဲဝါတွိရပါရေလှတ်။ ယင်းစပျစ်သီးတိရေ အရောင်က လည်းလှ၊ အရည်ရရွမ်းနန့် ကကောင်းစားကောင်းဖို့ ပုံလည်း ပေါ်နိန်ပါရေလှတ်။ ခဲဝါလည်း ဝမ်းဆာဆာနန့် သူနန့်အပါးဆုံး စပျစ်သီးခိုင်ကို ခုန်ပနာ လှမ်းပါရေလှတ်။ ယေကေလည်း စပျစ်သီးတိက အင်တန်အမြင့်မှာရောက်နိန်ရေခါ ခဲဝါ ခုန်လှမ်းလို့မမှီနိုင်ဖြစ်နိန်ပါရေလှတ်။
တခေါက်ပြီးတခေါက်၊ အကြိမ်ကြိမ်သူခုန်ကေလည်း စပျစ်သီးခိုင်ကို မမှီနိုင်ဖြစ်နိန်ရေ လှတ်။ နောက်ဆုံးမှာ ယင်းစပျစ်သီးတိကို လျှာရည်တကျကျနန့်ကြည့် ကြည့်ပနာ ဝမ်းက ဆာဆာ၊ စိတ်ပျက်လက်ပျက်နန့် စပျစ်ခြံထဲကနိန် ခဲဝါပြန်ထွက်လားခပါရေလှတ်။ အထွက်မှာ ခဲဝါပါးစပ်က ဇာတိပြောလားခ ရေထင်ရောင်။ “ဒေစပျစ်သီးတိ ချဉ်လိုက်တေ ဗင်က” လို့ ပြောလားခ ပါရေလှတ်။
ဒေ ပုံပြင်ချေက ဇာကိုပြောလားရေလဲဆိုကေ “လူတချို့ရေ ကိုယ် မရ နိုင်မှန်း၊ ကိုယ်နန့်မဖြစ်နိုင်မှန်း သေချာစွာနန့် ယင်းချင့်ကို မကောင်းပြောပလိုက်ဖို့၊ မကောင်းလုပ်ပ လိုက်ဖို့ အဆင်သင့်ဖြစ်နိန်တတ်ပါရေလှတ်”။


No comments:

Post a Comment