Wednesday, January 13, 2010

ဒေါင်းယောင်ဆောင်ရေ ကျီး

တခါက ကျီးချေတကောင်ရေ သူ၏ မဲနက်နိန်ရေ အမွှီးအတောင်တိကို သဖေါမကျချင်ပဲဖြစ်ဖြစ်ပနာ တခြား လှပရေအမွှီးအတောင်တိနန့်အစားထိုးထိန်းကွပ်ပြီးကေ တခြားငှက်တိ၏ အလေးထား၊ လေးစားမှုတိကို ရအောင်ယူဖို့ ဆိုပြီးကေ စိတ်ကူးပါရေလှတ်။
“လူတိမှာတောင်စကားပုံဟိရေမလား။ ‘လူမှာအဝတ်၊ တောင်းမှာအကွပ်’ ဆိုပြီးကေ။ ငါလည်း မဲညစ်နိန်ရေ ဒေအတောင်တိနေရာမှာ လှပတောက်ပြောင်ရေအမွှီးအတောင်တိနန့်အစားထိုးရဖို့” ဆိုဆိုပနာ ယင်းကျီးချေရေ ဒေါင်းအမွှီး၊ အတောင်တိကို သူ့ခန•ာကိုယ်မှာ တပ်ဆင်ပြီးကေ အခြားငှက်တိထဲကို ဝ၀င့်ကြကြွားချေနန့် တိုးဝင်ပါလတ်ပါရေလှတ်။
ယေခါ တခြားငှက်တိရေ ဒေါင်းတောင်တိတပ်ဆင်ထားရေယင်းကျီးချေကို ရိုသေလေးစား၊ အလေးထားဖို့အစား ဝိုင်းပနာ ကိုက်ပလိုက်ကတ်၊ ဆိတ်ပလိုက်ကတ်စွာရေ နောက်ဆုံးမှာ ငှက်တိကြားထဲက ယင်းကျီးချေထွက်ပြီးဖို့ ကျပါရေလှတ်။ ယေဒင်မှမက၊ ယင်းကျီးချေ သူရို့ကျီးတိအထဲကို ပြန်လားရေအခါမှာလည်း တခြားကျီးတိက “အဝိုင်း ကျီးယုတ်၊ ညဇာက မင်းရေ ငါရို့တိထက် ကြီးကျယ်ရေအတွက် ငါရို့နန့်မတန်၊ ဒေနိမင်းရေ ငါရို့တိထက် နိမ့်ကျသိမ်ဖျင်းရေအတွက် ငါရို့ဘားကိုမလာကေ့” ဆိုဆို ပနာ ယင်းကျီးချေ ကျီးအုပ်ထဲသို့ဝင်ဖို့စွာကို ဝိုင်းပနာ ကန့်ကွက်ကတ်ပါရေလှတ်။
ဟန်ဆောင်မှုတိ၊ ဖုန်းကွယ်မှုတိ ဆိုစွာရေ တခါလည်းတာရှည်လည်းမခံ၊ လူသူအပေါင်း၏စစ်မှန်ရေ လေးစားမှုကိုလည်း တခါလည်းမရနိုင်ပါ။ အဝတ်အဆောင်တောက်ပြောင်တိုင်း လူကောင်းလို့မပြောနိုင်ပါ။

No comments:

Post a Comment