ရတနာဆိုသည်မှာအဘယ်နည်း။မြန်မာမနြယ်ပယ်၌ ရတနာ အမျိုး မျိုးရှိပါသည်။ ဆို-ကပါစို့။ ရတနာ သုံးပါး။ သားသမီးရတနာ။ ရွှေငွေ ကျောက်သံပတ္တမြားရတနာ၊ ဆင် မြင်း ရတနာ စသည်ဖြင့် အခြေအနေနှင့် အချိန်အခါအလိုက် ကွဲပြားခြားနားစွာ တန်ဖိုးထား သတ်မှတ်၊ ပြောဆို၊ သုံးနနြ်းလေ့ရှိ-ကပါသည်။ကျွန်တော်သည် အခြေအနေပေးလျှင်ပေးသလို ဆရာတော်အသျှင်သူမြတ်တို့၏ တရားတော်များကို နာ-ကားလေ့ရှိပါသည်။ အထူးသဖြင့် အသျှင်ညာဏိဿရ၏တရားတော်များ။ အသျှင်ဘုရား၏ တစ်ခုသောတရားခွေထဲ၌ ရတနာ ဟူသည်မှာအဘယ်နည်း။ ‘ရတနာ’ ဟူသော ဝေါဟာရထဲ၌ မည်သည့်အခြင်းအရာများ ကိန်းဝပ်ပါဝင်နေသနည်း။ ဌိုထိုသော မေးခွန်းများကို ဖြေ-ကားနိုင်ရန်အလို့ငှါ မြတ်စွာဘုရားသခင်၏ တရားတော်များကို အခြေပြုလျှက် ရတနာ ၏ ဂုဏ်သတ္တိခြောက်မျိုးကို အသျှင်ညာဏိဿရ၏တရားတော်ထဲ၌ အောက်ပါအတိုင်းဟောပြတော်မူပါသည်။(၁) ရတနာတို့မည်သည် ဆန်း-ကယ်သောသဘောရှိသည်။(၂) ရတနာ(အစစ်အမှန်) ကို အတုပြုလုပ်ယူ၍မရ။(၃) ရတနာတို့မည်သည် တွေ့ရခဲ၊ မြင်ရခဲ၏။
(၄) ရတနာ ဟူသည် မြတ်နိုးဖွယ်ရာဖြစ်၏။
(၅) ရတနာ တို့၏ တန်ဘိုးသည် ကြီးမား၏။
(၆) ရတနာ ကို အထက်တန်းကျသူတို့သာလျှင် ပိုင်ဆိုင်နိုင်၏။မိမိမှတ်သား နာယူဘူးသည်များထဲမှ အခြင်းအရာလေးတစ်ခုကို ဗဟုသုတအလို့ငှါ
ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ စစ်မှန်သောရတနာကို ပိုင်ဆိုင်နိုင်-ကပါစေ ဟု ဆုမွန်ခြွေလျှက်။ ။
Sunday, January 10, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment