Thursday, January 21, 2010

ဂါရီသမားနန့် ကူနတ် ကယ်နတ်

တရက်နိခါ ဂါရီသမားတယောက်ရေ ဂါရီမောင်းပါလတ်ယက်ပင်း ရွှံ့တိဟိရေနိန်ရာတခုသို့အရောက်မှာ ဂါရီရေ နွံထဲသို့တပိုင်းလောက် မြုပ်ဝင်လားပါရေလှတ်။ ဂါရီသမားလည်း စိတ်ပျက်လက်ပျက်နန့် ဂါရီအောက်သို့ ဆင်းဗျာယ် ကူနတ်ကယ်နတ်တိကို တမ်းတ လိုက်ပါရေလှတ်။
ယေပြီးကေ ဂါရီ ဘေးနားချေက ထိုင် ထိုင်ပနာ “အို ကူနတ်ကယ်နတ်အပေါင်းရို့ ကျွန်တော့်ဂါရီ ကို တချက်ချေလောက် လာလို့ ဆွဲတင်ပီးကတ်ဖို့ ကျွန်တော်မျိုး တောင်းဆိုပါယင့်” လို့ အသံအကျယ်ကြီး အော်ပလိုက် ပါရေလှတ်။
ကူနတ်ကယ်နတ် နတ်မင်းကြီးလည်း ယင်း အသံကိုကြားလို့ အခြေအနေကိုတချက် သုံးသပ် ကြည့်လိုက် တေခါ ကိုယ့်ကိုကိုယ် တခုချေလည်း မကြိုးစားသိပဲနန့် သူများပါးက အကူအညီကိုရာ ကုန်းအော်ပနာတောင်းနိန်ရေ ဂါရီသမားကိုတွိရရေခါ “အဝေး ဂါရီသမား၊ မင်းပက်ခုန်းကို ဂါရီအောက်မှာအယင်သွင်း သွင်းပနာ တခေါက်ချေ တွန်းတင်ပနာ ကြိုးစားကြည့်အုံ့၊ ယေပြီးလို့ မရ ခါမှ ငါ့ကိုခေါ်” လို့ပြန်ပြောလိုက်ပါရေလှတ်။ ‘ကိုယ့်ကိုကိုယ် ဇကုန်ကြိုးစားကြည့်လို့ တခုပိုင်လည်း မရနိုင်ခါမှ သူများပါးက အကူအညီကို ရ ယူဖို့ ကြိုးစားသင့်ပါကြောင်း၊ ကျွန်တော်ရို့ကိုယ် ကျွန်တော်ရို့အယင် ရုန်းဖို့လိုကြောင်း’ ဒေပုံပြင်က ပြောပြစွာပါ။

No comments:

Post a Comment