သမိုင်းထဲမှ ကျွန်တော်ရို့ ရယူနိုင်စရာအခြင်းအရာနှစ်ရပ်ဟိပါသည်။ တစ်ခုမှာ ‘နောင်တ’ ဖြစ်၍ နောက်တခုမှာ ‘သင်ခန်းစာ’ ဖြစ်ပါသည်။ ကျွန်တော်ရို့ပြုလုပ်မိဖူးသော အမှားများ၊ မပြုလုပ်သင့်သည်ကို ပြုလုပ်မိခမှုများ၊ ပြုလုပ်သင့်သည်များကို မပြုလုပ်ခမှုများ အတွက် ကျွန်တော်ရို့ နောင်တ ရစရာအဖြစ်မျိုးကြုံကြရပါသည်။ နောင်တ ရခြင်းသည် ကောင်းပါသည်။ ဘဇောင်ကြောင့်ဆိုသော် ထို နောင်တ သည် သင်ခန်းစာ အဖြစ်သို့ ကူးပြောင်းကာ အနာဂါတ်တွင် အမှားအယွင်းနည်းပါးစွာနှင့် အလုပ်လုပ်နိုင်သူများ၊ ပြုသင့်သည်ကို အချိန်မှီမှီ ပြုသူများ၊ မပြုလုပ်သင့်သည်များကို သတိရှိရှိဖြင့် သျှောင်သျှားသူများဖြစ်လာနိုင်သောကြောင့်ဖြစ်ပါသည်။ သင်ခန်းစာ ထဲတွင် ကောင်းသောသင်ခန်းစာလည်းရှိနိုင်ပါသည်။ ဉပမာ ကောင်းသောလုပ်ရပ်များအတွက် ကောင်းသောရလဒ်များရရှိကာ ထိုလုပ်ရပ်များကိုပင် ထပ်၍လုပ်ဆောင်ရမည် ဆိုသော သင်ခန်းစာမျိုး။ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရမည် ဆိုသော သင်ခန်းစာမျိုး။ ကောင်းသောအမွီဖြစ်၍ (မပျောက်မပျက်စေရန်) မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရမည် ဆိုသော သင်ခန်းစာမျိုး။
နောက်တချက်မှာ အတိတ်သမိုင်းမှ မှားယွင်းသောလုပ်ရပ်များအတွက် နောင်တရနိန်ခြင်းဖြင့်သာ ကျွန်တော်ရို့ အချိန်မကုန်သင့်ပါ။ ထိုနောင်တများကို သင်ခန်းစာ အဖြစ်သို့ ကူးပြောင်းယူကာ ပြန်လည်တည်ဆောက်နိုင်ပါက အယင်ကထက် ပိုမို လှပ သစ်လွင် ကောင်းမွန်သော အနာဂါတ်ကို ပိုင်ဆိုင်စရာ အကြောင်းရပ်များ များစွာဟိပါသည်။ တချိန်တည်းမှာပင် အတိတ်တွင်ပြုလုပ်ဖူးသည့် မှန်ကန်၊ ကောင်းမွန်သော လုပ်ရပ်များအတွက် ကျေနပ်နှစ်သိမ့် ဂုဏ်ယူကာ အချိန်ဖြုန်းမနိန်သင့်ပါချေ။ ထို မှန်ကန်၊ ကောင်းမွန်သော လုပ်ရပ်များကို ပို၍ မှန်ကန်၊ ကောင်းမွန်လာအောင်၊ အကောင်းဆုံး၊ အမှန်ကန်ဆုံး လုပ်ရပ်များဖြစ်လာအောင် ပိုမို ကြိုးစားသင့်ပါသည်။ ပိုမို လုပ်ဆောင်သင့်ပါသည်။ ယေမှသာ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂါတ် အားလုံးတွင် မိမိတစ်ဉီးတည်းအတွက်သော်လည်းကောင်း မိမိ၏ မိသားစုအတွက်သော်လည်းကောင်း၊ မိမိ၏ ဆွီလေးပါး၊ မျိုးလေးပါးရို့ အတွက်သော်လည်းကောင်း၊ မိမိ၏ တိုင်းပြည်နှင့် လူမျိုးအတွက်သော်လည်းကောင်း ပိုမိုတိုးတက်၍၊ သင့်တော်မှန်ကန်ကာ ဟန်ချက်ညီသော စိတ်နိန်သဘာဝ၊ ကိုယ်နိန်သဘာဝများကို ရရှိပိုင်ဆိုင်၊ ဖန်တည်းနိုင်ကြမည်ဖြစ်ပါသည်။
အတ္တ၊ ပရ နှစ်လီ ဟန်ချက်ညီသော အနာဂါတ်ကို ဖန်တည်း တည်ဆောက်နိုင်ကတ်ပါစီ။
No comments:
Post a Comment