
အေနိသည် ဒေါက်တာ မာတိန်လူသာကိန်း ဂျူနီယာနိ ဖြစ်ပါသည်။ ဒေါက်တာ ကိန်းအား ၁၉၂၉ ခုနှစ်၊ ဂျန်နဝါရီလ ၁၅ ရက်နိတွင် ဖွါးမြင်ခပြီး ၁၉၆၈ခုနှစ်၊ အေပရယ်လ ၄ ရက်နိတွင် လုပ်ကြံခံရကာ ကွယ်လွန်အနစ္စရောက်လားခပါသည်။ ဒေါက်တာကိန်း၏ ခနြွာကိုယ် ကွယ်ပျောက်လားသော်လည်း သူ၏ အိမ်မက်များ၊ သူ၏ စိတ်ဝိဉာဏ်များမှာ ကမBာ့လူသားများအားလုံး၏ နှလုံးသားများထဲတွင် အစဉ်ထာဝရ ကိန်းဝပ်နိန်ကတ်မည်သာဖြစ်ပါသည်။
မဟတ္တမဂန္ဒီ၏ မွီးနိအခါသမယတွင် ကျွန်တော်ရွီးဖူးပါသည်။ သူရို့သည် တကြိမ်တခါသာမွီးဖွါးပြီး သီဆုံးမှုမဟိသောလူသားများဖြစ်ကြပါသည်။
ဒေါက်တာမာတိန်လူသာကိန်း၏ ပြောစကားများစွာကို အသံသွင်းတိတ်ခွေများထဲတွင် ကျွန်တော်နားထောင်ဖူးပါသည်။ သူ့ပြောစကားများ၊ မိန့်ခွန်းများထဲမှ မှတ်သားဖွယ်ရာအချို့ကို နောက်နိများတွင် အလျှဉ်းသင့်သလို ကျွန်တော်ရွီးသားဖေါ်ပြလားမည်ဖြစ်ပါသည်။
အကြီးကျယ်ဆုံး၊ အတောက်ပဆုံးနှင့် လူသားအဆန်ဆုံးသော အိမ်မက်များကို မက်ကာ အမှန်လည်း အကောင်အထည်ဖေါ်လားနိုင်ခသည့် ဒေါက်တာကိန်းအား ကျွန်တော်ရို့အားလုံး လေးစားစွာဂုဏ်ပြုပါ၏။ ။
Picture: http://jean9fhunter.files.wordpress.com/2009/01/mlk2.jpg
No comments:
Post a Comment