Friday, April 16, 2010

ရည်မှန်းချက်နှင့်ပန်းတိုင် (၈) အီစွတ်နှင့် သူ၏ပုံပြင်များ


တခါက နတ္ခတ္တဗေဒပညာရှင်တဉီးနှင့် ‘၂၀ ရာစုနှစ်၏ ကမBာ့လူသား’ (္စနမျသည သ် အ့န ဃနညအကမပ) အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသူ သိပံပညာရှင်ကြီး အဲလ်ဘတ်အိုင်စတိုင်း (ဗူဘနမအ နငညျအနငည) တို့တွေ့ဆုံကြရာ နတ္ခတ္တပညာရှင်မှ ‘လူသည် စကြာဝဠာကြီးနှင့် နှိုင်းစာလျှင် ဘာမှမပြောပလောက်သော အရာဝတ္ထုကလေးဖြစ်ကြောင်း’ ပြောရာ အိုင်စတိုင်းမှ ‘ထို ဘာမှမပြောပလောက်သော လူ ကပင် စကြာဝဠာအကြောင်းကိုသိနေခြင်းဖြစ်ကြောင်း’ ပြန်ပြောခဲ့လေသည်။ဤသတ္တလောက၌ ‘လူ’ သည်ဉီးနှောက်ဉာဏ်စွမ်းရည်အမြင့်မားဆုံးနှင့် တီထွင်ဆန်းသစ်မှုအားအကောင်းဆုံးသက်ရှိဖြစ်သည်။ ထိုကြောင့်လည်း လူသည် ဤလောကရှိ တခြားသက်ရှိများအားလုံးကိုလွှမ်းမိုးထားနိုင်ခြင်းပင်ဖြစ်သည်။ သို့ဖြစ်ရာ ထို ‘လူ’ ဟူသောသတ္တဝါကို နည်းလမ်းပြရာ၊ ပညာပေးရာ၊ ဆုံးမ ရာ၌ တခြားသက်ရှိများကိုပြုမူသကဲသို့ ‘တုတ်တချက်ပြ၊ ကျောတချက်သပ်၊ အစာတလုပ်ကျွေး’ ပုံစံမျိုးလောက်ဖြင့်မလုံလောက်ချေ။ လူကိုပညာပေးရာ၊ ဆုံးမ ရာ၌ တိုက်ရိုက်ချဉ်းကပ်ရသည်များရှိသကဲသို့ သွယ်ဝိုက်သောနည်းလမ်းကိုအသုံးပြုရသည်များလည်းရှိသည်။ တိုတိုတုတ်တုတ်ပြောပြ၍အဆင်ပြေမှုများရှိသလို ရှည်ရှည်ဝေးဝေးရှင်းလင်းဟောပြောမှ လိုရာရောက်နိုင်သည်များလည်းရှိသည်။ တချို့အခြေအနေ၌ တိုက်ရိုက်တည့်တိုးကြီး ဟောကနဲ၊ ဒိုင်းကနဲ ပုံစံမျိုးဖြင့်အလုပ်ဖြစ်သလို တခါတရံ၌ ဉပမာ၊ ဉပမေယျများဖြင့် ခိုင်းနှိုင်းတန်ဆာဆင်ပြောပြပါမှ ဟန်ကျသည်များလည်းရှိပေသည်။ သို့ဖြစ်ရာ ထိုကဲသို့ဉပမာ၊ ဉပမေယျကလေးများဖြင့်ခိုင်းနှိုင်းတန်ဆာဆင်ကာ ‘လူ’ များကို ဆုံးမပညာပေးမှုများ ကမBာ့နေရာဒေသအနှံ့အပြား၌ လူသားတို့သမိုင်းတလျှောက်တွင်ပုံစံမျိုးစုံဖြင့် တည်ရှိခဲ့ကြသည်။ ယခုလည်းတည်ရှိနေကြသည်။ နောင်ကိုလည်း တည်ရှိနေကြဉီးမည်ပင်။ ထိုသို့ ဉပမာ၊ ဉပမေယျလေးများဖြင့်ခိုင်းနှိုင်းပြောဆိုမှုများ၌ မြန်မာနိုင်ငံတွင်ဆိုလျှင် သင်္ဂဇာဆရာတော်ဘုရားကြီး၏ ဉပမာများမှာ လွန်စွာနာမည်ကြီးပေသည်။ပုံဝတ္တုတိုငယ်များဖြင့် လူများကို ဆုံးမ၊ လမ်းပြ ရာ၌ အီစွတ် ၏ပုံပြင်များမှာ ကမBာတွင် အကျော်ကြားဆုံးပုံဝတ္တုများပင်ဖြစ်ပါသည်။ အီစွတ်ပုံပြင် ၇၀ နီးပါးခန့်ကို ကျွန်တော်ဖတ်ကြည့်ရာ ထူးခြားသောအချက်များကို ကျွန်တော်အောက်ပါကဲ့သို့သွားတွေ့ရပါသည်။(က) အီစွတ်သည် သူ၏ ပုံပြင်တပုဒ်ချင်းစီကို တိကျသော ရည်ရွယ်ချက်တခုစီဖြင့် ပြောဆိုခဲ့ခြင်း(ခ) ပုံပြင်ပါ အဓိကဇါတ်ကောင်အများစုမှာ တိရစြွာန်များဖြစ်ခြင်း(ဂ) သမိုင်းမှတ်တမ်းမှတ်ရာများ၏အဆိုအရ အီစွတ်သည် ပညာတတ်ကြီးတဉီးမဟုတ်သည်သာမက ‘ကျွန်’ တဉီးဖြစ်ခဲ့ခြင်း။ (ဃ) အီစွတ်ကွယ်လွန်ပြီး နှစ်ပေါင်း ၂၀ဝ ကျော်မှ သူ့ပုံပြင်စုစည်းမှုစာအုပ် စ တင်ပေါ်ပေါက်လာခြင်းအီစွတ်သည် လူ့သဘော၊ လူ့သဘာဝတို့ကို အတိုင်းအတာတခုထက်ပို၍ နားလည်တတ်ခဲ့သူ၊ လူတို့၏ ပညာဉာဏ်အမြော်အမြင်ရှိမှု၊ ကြီးကျယ်မြင့်မြတ်မှု များကိုလည်းကောင်း၊ လူတို့၏ မိုက်မဲမှု၊ ယုတ်ညံ့သိမ်ဖျင်းမှု အစ ရှိသည်များကို လည်းကောင်း အတော်ပင် စူးရှစွာကြည့်တတ်၊ မြင်တတ်ခဲ့သူတဉီးဖြစ်သည်။ ‘လူ’ ဟူသောသတ္တဝါသည် အတု နှင့် အစစ် တွင် အစစ် ကို ပို၍မြတ်နိုး၊ တန်ဘိုးထားစရာဖြစ်ရကောင်းမှန်းသိသော်လည်း ‘အတု’များတွင်ပို၍သာယာယစ်မူးတတ်သောသဘောရှိသည့် သတ္တဝါဖြစ်သည်။ မျက်စိကန်း နေသူတဉီးကို ‘အကန်း’ ဟုတိုက်ရိုက်သွားပြော၍မရချေ။ လောဘအလွန်ကြီးသူတဉီးကို ‘လောဘကြီး’ ကြောင်း သွားပြော၍မဖြစ်။ တနည်းအားဖြင့် သက်ရှိသတ္တဝါများအားလုံးထဲတွင် ‘လူ’ သည် အရာရာကို ဝေဖန်တတ်သည့် ‘အဝေဖန်တတ်ဆုံး’ သက်ရှိဖြစ်သကဲ့သို့ ထို ‘ဝေဖန်မှုကို မကြိုက်ဆုံး’ သော သတ္တဝါမှာလည်း ‘လူ’ ပင်ဖြစ်သည်။ သို့ဖြစ်ရာ ကျွန်တော်အထက်တွင်တင်ပြခဲ့သလိုပင် လူသားများကို သည်အတိုင်းပညာပေးသည်ထက် (လူသားတို့က မိမိတို့ထက်နိမ့်ကျသည်ဟုယုံကြည်ကြသော) တိရစြွာန်များဖြင့်ခိုင်းနှိုင်းကာ ပညာပေးမှုမှာ ပို၍သင့်တော်ကောင်းမွန်ကြောင်းကို အီစွတ် ကောင်းစွာရိပ်မိ၊ သိရှိခဲ့သည်။ ထိုကြောင့်လည်း တိရစြွာန်များနှင့်ခိုင်းနှိုင်းလျှက် မိမိပြောလိုသည်ကို တိုတိုတုတ်တုတ်နှင့် ထိထိရောက်ရောက်ပြောကာ လူများကို ပညာပေးဆုံးမ ခဲ့သည်။ တနည်းအားဖြင့် အီစွတ် သည် ‘လူများကိုပညာပေး ဆုံးမ ရန်’ ဟူသည့် သူ၏ရည်မှန်းချက်ပန်းတိုင်သို့ ရိုးစင်းသော်လည်း ပညာပါလှသည့် လိမ္မာပါးနပ်မှုအပြည့်ဖြင့် ရောက်အောင်ချီတက်နိုင်ခဲ့သူဖြစ်သည်။ စကားမပြောတတ်သည့် ခြင်္သေ့ နှင့် တောဝက်တို့စကားအချီအချပြောခန်းကိုဖတ်ရသောအခါ စာဖတ်သူ လူသားသည် ပုံပြင်ထဲရှိ ဇါတ်ကောင်များအားလုံးမှာ လူသားများကိုပင်ရည်ညွှန်းနေခြင်းဖြစ်ကြောင်း ကောင်းစွာသိရှိသော်ငြားလည်း အခင်းဖြစ်နေကြသူများမှာ ခြင်္သေ့ နှင့် တောဝက် တို့ဖြစ်ကြောင်း မိမိတို့နှင့် မဆိုင်လွန်းစွာမြင်ယောင်၊ ထင်ယောင်ကာ ဖတ်ဖြစ်သည်။ ခံစားဖြစ်သည်။ ဖတ်၍ကောင်းသည်။ သည်ပုံပြင်က ဘာ ဆိုလိုကြောင်းသင်ခန်းစာကိုတော့ယူသည်။ သည်အပိုင်းမှာ အီစွတ် ၏ပညာအပါဆုံးအပိုင်းပင်ဖြစ်သည်။ ဤနေရာ၌ အလျှဉ်းသင့်၍ ပုံပြောကဝိမော်ကြီး အီစွတ် အကြောင်းကိုလည်း စာရှုသူများ ဗဟုသုတအလို့ငှါ အနည်းငယ်ပြောပြလိုပါသည်။ အီစွတ်သည် လွန်ခဲ့သည့်နှစ်ပေါင်း သုံးထောင် (၃၀ဝ၀)ခန့်က ဂရိနိုင်တွင်ပေါ်ပေါက်ခဲ့သူ ပညာရှင်တဉီးဖြစ်ပါသည်။ တိရိစြွာန်များနှင့် ခိုင်းနှိုင်းကာ လူ့သဘော၊ လူ့မနောများကိုဖေါ်ထုတ် ပညာပေးသည့် သူ၏ပုံပြင်များကြောင့် လွန်စွာနာမည်ကြီးသူ တဉီးဖြစ်လာခဲ့လေသည်။ သူသည် ငွေဝယ်ကျွန် တဉီးဖြစ်ခဲ့ပြီး သူ၏ ပညာပါလှသော ထိုပုံပြင်များကြောင့်ပင်လျှင် ကျွန်ဘဝ မှလွတ်မြောက်ခွင့်ရ ကာ ဘုရင့်နန်းတော်တွင် ဂုဏ်ထူးဆောင် ဧည့်သည်တော်တဉီးပင်ဖြစ်လာခဲ့သည် ဟု အဆိုရှိပါသည်။ ထူးခြားချက်တခုမှာ သူ့တွင် ရေးသားထားသည့် မှတ်တမ်းစာမူ ဘာမှ မရှိခဲ့ချေ။ အီစွတ် ပြောခဲ့သည့် ပုံပြင်များကို ကြားဖူးလိုက်သူတို့က သားစဉ်မြေးဆက်လက်ဆင့်ကမ်းပြောကြားခဲ့ကြကာ သူကွယ်လွန်ပြီး အနှစ် ၂၀ဝ ခန့်ကြာမှ ပထမဉီးဆုံးသော သူ့ပုံပြင်စုစည်းမှုစာအုပ်ပေါ်ထွက်လာခဲ့လေသည်။ ထိုအချိန်မှစ ၍ အီစွတ်၏ပုံပြင်များကို ကမBာ့ဘာသာ အားလုံးနီးပါးသို့ ဘာသာပြန်ဆိုခဲ့ကြပြီး ပုံပြင်အတော်များများမှာ ကမBာ့နိုင်ငံအသီးသီး၏ စာရိတ္တ နှင့် စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ စာပေများအဖြစ် ရပ်လာခဲ့သည်မှာ ယနေ့အချိန်ထိပင်ဖြစ်ပါသည်။အီစွတ်ပုံပြင်များ၏ ကမBာတလွှား သြဇာညောင်းမှုမှာ အံ့သြစရာကောင်းလှသည်။ ငွေဝယ်ကျွန် အီစွတ်၏ ပုံပြင်များ သည် ကမBာ့စာပေလောကကိုလွှမ်းမိုးပြီး၊ သူ့ပုံပြင်များထဲမှ ဝေါဟာရများ၊ အကြောင်းအရာများသည် ကျွန်တော်တို့နေ့စဉ်ဘဝပြောဆိုသုံးစွဲမှုများ၏ စံပြုဝေါဟာရများဖြစ်လာခဲ့သည်အထိပင်ဖြစ်ပါသည်။ ဉပမာ အင်္ဂလိပ်စာပေလောက၌ တစုံတရာကို တိကျသေချာစွာမသိရှိရသေးမီ ကြိုတင်စိုးရိမ်ပူပန်တတ်သည့်၊ စိတ်ကူးယဉ်ကာ ကြိုတင် ပျော်ရွှင်တတ်သည့် လူများကိုသတိပေးပြောကြားသည့်ဉပမာအဖြစ် ‘ီသည’အ ခသကညအ ခ့ငခုနညျ ဘန်သမန အ့နပ မေန့ အေခ့နိ၏’ ဟူသောစကားရပ်များ၊ အဆင်ပြေချောမွေ့နေကြရာမှ အကြောင်းမညီညွတ်၍ ကတောက်ကဆ ဖြစ်ကြရာ တဉီးနှင့်တဉီး၊ တဖက်နှင့်တဖက် မဖွယ်မရာစကားများသုံးစွဲကာ ပြောဆိုတတ်ကြသည်ကိုရည်ညွှန်းပြောဆိုတတ်သည့် ‘စပျစ်သီးလေးတွေတော့ချဉ်ကုန်ပြီဟေ့’ ဟူသော အသုံးအနှုန်းလေးများမှာ အီစွတ်ပုံပြင်များတွင်အခြေခံသောစကားရပ်များပင်ဖြစ်ပါတော့သည်။မြန်မာစာပေနယ်ထဲတွင်လည်း အခြေခံပညာမူလတန်းတွင်သင်ယူ လေ့လာကတည်းက အီစွတ်ပုံပြင်ပေါင်းများစွာကို ကျွန်တော်တို့ဖတ်မှတ်လေ့လာခဲ့ကြပြီးဖြစ်ပါသည်။ ဉပမာ ‘ယုန်နှင့်လိပ်အပြေးပြိုင်ပွဲ’၊ ‘မစူးစမ်းမဆင်ခြင်သောယုန်သူငယ်’ ၊ ‘အဘိုးအို၏ထင်းစည်းနှင့် သားများ’ ၊ ‘လောဘကြီးသောမြေခွေး’ အစ ရှိသည်တို့မှာ အီစွတ်ပုံပြင် ဘာသာပြန်များပင်ဖြစ်လေသည်။သည်နေရာ၌ ကျွန်တော်တင်ပြလိုသည်မှာ ပါရမီရှင်များ၊ အာဂ ပုဂ္ဂိုလ်များသည် သူ ဖြစ်လိုသည်ကိုဖြစ်အောင်၊ သူအလိုရှိသည်ကို ရရှိအောင်၊ တနည်းအားဖြင့် သူ၏ရည်မှန်းချက်နှင့်ပန်းတိုင်ကို သူ့နည်းသူ့ဟန်နှင့်သူအရောက်လှမ်းတက်နိုင်ကြသူများပင်ဖြစ်ကြပါသည်။ ဤဆောင်းပါး၏အပိုင်း(၃) တွင်ကျွန်တော်တင်ပြခဲ့သည့် ဗုဒြွမြတ်စွာဘုရား၊ အေသင်မြို့မှ သူရဲကောင်း၊ ဂေါ်ရခါးစစ်သည်တော် တို့ကဲသို့သောပုဂ္ဂိုလ်များမှာ မိမိတို့ပန်းတိုင်သို့ရောက်အောင်မိမိတို့သွားရောက်ရာ၌ ကျားကုတ်ကျားခဲ၊ ဇွဲ နပဲသန်သန်၊ သတ္တိရှိရှိဖြင့် ချီတက်ခဲ့ကြသည့် အာဇာနည်များပင်ဖြစ်ကြပါသည်။ ယခု အီစွတ်ကတော့ ထိုသို့မဟုတ်ချေ။ တိုတိုနှင့် လိုရင်းကိုသာပြောထားသည့် ပုံတိုလေးများဖြင့် သူပေးလိုသော ပညာ (သို့မဟုတ်) အဆုံးအမ ကို လူသားတို့အား လိမ်မာပါးနပ်စွာဖြင့် ပြသ ပေးသွားခဲ့လေသည်။ အီစွတ်သည် ကျွန်တော်တို့လူသားသမိုင်းတွင် မည်သည့်အတန်းစာကိုမှ မသင်ယူခဲ့ဘူးသည့် ပညာရှိကြီးတဆူပင်ဖြစ်ပါသည်။ ထိုကြောင့် လူအချို့သည် မိမိအလိုရှိသည့် ပန်းတိုင်ကို ပညာဉာဏ်ရှိရှိ၊ လိမ်မာပါးနပ်စွာဖြင့်လည်း သူ့နည်းသူ့ဟန်ဖြင့် ကြံဆတီထွင်၊ ချဉ်းကပ်မှုများပြုလုပ်ကာ အရောက်ချီတက်နိုင်ကြကြောင်းကို အနည်းငယ်ဆွေးနွေးလိုသဖြင့် ကမBာကျော် ပုံပြော ကဝိမော်ကြီး အီစွတ် နှင့် သူ့ပုံပြင်များအကြောင်းကို မိတ်ဆက်သဘောရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

Wednesday, April 14, 2010

ပြောစကားများ၏အရေးပါမှု (၃)


အချိန်ကာလတိ ကကောင်းကြာညောင်းလားခပြီးသကာလ သူ မွီးဖွါးနိန်ထိုင်ကြီးပြင်းခဖူးရေနေရာ၊ သူရို့၏အတောင်နန့် ပျံသန်းခြင်းစွမ်းရည်ကို အစာရှာစားဖို့အတွက်ရာ အသုံးချကတ်တေ ငှက်တိနန့် ပြည့်နှက်နီရေနေရာ၊ အစာတလုတ်အတွက် အချင်းချင်းတိုက်ခိုက် သတ်ဖြတ်ကတ်တေငှက်တိအများကြီးဟိရေနေရာ၊ ငှက်အုပ်ထဲမှာ အာဏာ ပါဝါချေတခုရဖို့အတွက် ဇာမဆိုလုပ်ဖို့ ဝန်မလီးရေ ငှက်တိ၏နေရာ သဲသောင်ပြင်သို့ ယောနသန် ဇင်ယော်ရေ အလည်တခေါက်ပြန်လို့ ရောက်ပါလတ်ပါရေ။ “ငှက်တိတကောင်လေ့မမြင်ရဗျယ်ကာ ဆူလေဗန်၊ ဇာကိုရောက်လားခကတ်လေ ယင်းငှက်တိ” “ထောင်ပေါင်းများစွာသော ငှက်တိကိုငါသိရေ ယောနသန်၊ သို့သော် (ငှက်မျိုးရိုး၏ ပကတိဂုဏ်ပုဒ်ကို ဖေါ်ထုတ်ဖို့အတွက်) အဖြေရေ မင်းတယောက်တည်းမှာရာတွိရရေ၊ မင်းရေ ငှက်ပေါင်း တသန်းမှာ တကောင်လောက်စီရာ တွိရရေ အာဂ ငှက်၊ ကျန်ရေငှက်အများစုရေ သူရို့ ဘဇောင်ဘဝအခြေအနေတိကို ဖြတ်သန်းလာကတ်တေလေ ဆိုစွာကိုလဲ ကကောင်းမမွန်မသိတတကတ်၊ ဘဇောင်ပိုင်မျိုးအနာဂါတ်အခြေအနေတရပ်ကို ရင်ဆိုင်ကတ်ရဖို့ ဆိုစွာကိုလဲ ဂရုမစိုက်၊ ငှက်အများစုက လက်ဟိဘဝအခြေအနေချေတရပ်ထဲမှာရာ ဖြစ်တေပိုင် ကျင်လည်နိန်ကတ်စွာရာဖြစ်တေ။ အေဂုဆိုကေ မင်းရေ “အစာစားဖို့” အတွက် ရှင်သန်ရေ ဘဝထဲက ရုန်းထွက်လားပြီးဗျာယ်။ အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နိန်တတ်တေ အခြေအနေတိ၏ အပြင်ဖက်သို့ရောက်လားခပြီးဗျယ်။ ကိုယ့်ငှက်အုပ်ထဲမှာ အာဏာ ပါဝါတဖဲ့ချေရဖို့အတွက် ဇာမဆိုလုပ်ဖို့ အဆင်သင့်ဖြစ်နိန်တတ်တေ ငှက်တိ၏ ဖြစ်တည်မှုထက် အဆပေါင်း များစွာ ပိုမိုမြင့်မြတ်တေ ဖြစ်တည်မှုတရပ်ထဲမှာ မင်းရောက်လားခ ဗျာယ်။ “အသက်ရှင်နိန်ထိုင်ခြင်း၏ ပြီးပြည့်စုံမှု” အခြေအနေတရပ်လို့ ပြောကေ ပြောကောင်းပါယင့် ယောနသန်။ ယင်းပိုင်မျိုးအခြေအနေရပ်ထဲကိုရောက်နိုင်ဖို့အတွက် ငှက်မျိုးနွယ်ဝင်တိရေ ဘဝပေါင်း ထောင်နန့်၊ သောင်း နန့်ချီလို့ ကြိုးစားကျော်ဖြတ်ကတ်ရရေ။ အေဂုမင်းရေ နောက်ထပ် ရာပေါင်းများစွာသော ဘဝ တိကို ဖြတ်သန်းဖို့ မလိုလိုက်ဗျာယ်။ ငါရို့တိ ဘဝမှာ အသက်ရှင်နိန်ထိုင်ခြင်း၏ အမြင့်ဆုံးသောအဓိပ္ပါယ်နန့် ပြီးပြည့်စုံမှုအခြေအနေတရပ်ကို ငါရို့ရှာတွိပြီးရေနောက်မှာ တခြားငှက်တိကိုလည်း လမ်းကြောင်းဖေါ်၊ ပြသလားကတ်ရဖို့ယောနသန်။ ဘဝတခုခုရပြီးရေခါ တခုကိုလည်း အဓိပ္ပါယ်ဟိဟိ မလေ့လာ၊ မစူးစမ်း၊ မဆင်ခြင်ပဲနန့် နိန်လားခကေ နောက်ဘဝ ကျကေလည်း ယင်းပိုင်ပဲ အဓိပ္ပါယ်မဟိပဲ၊ တိုးတက်လာမှုတခုလည်းမဟိပဲ နိန်လားရဖို့စွာဗျာယ်ဖြစ်တေ။ အေနည်းလည်းကောင်း အခက်အခဲတိ၊ အတားအဆီးတိ နန့် ပိ ဗျာယ် နိန်လားကတ်ရဖို့ဖြစ်တေ။ ငါရို့အားလုံးရေ ဘဝ တခု က နောက်တခုသို့ အကူးမှာ အယင်ဘဝက ဖြစ်တည်ပါလာရေ ပါရမီ ဓါတ်ခံတိနန့် ကာလတာခရီးရှည်ကို ဆက်လားကတ်ရစွာရေ ငါရို့တိ၏ သဘာဝနိယာမတရပ်ဗျာယ် ယောနသန်”



Friday, April 9, 2010

ရည်မှန်းချက်နှင့်ပန်းတိုင် အပိုင်း(၇) ဂေါ်ရခါးစစ်သည်တော်


စစ်ဗျူဟာစာစောင်တခု၌ ‘သတ္တိဆိုတာဘာလဲ’ (္တ့အေ ငျ ခသကမေါန။) ဟူသော ဆောင်းပါးတပုဒ်ကို ကျွန်တော်ဖတ်ရှူဖူးပါသည်။ ဒုတိယကမBာစစ်အတွင်း အင်္ဂလိပ် နှင့် ဂျပန် တို့ အာရှစစ်မြေပြင်တွင် အပြိုင်ကြဲကြချိန်က ဖြစ်ပါသည်။ ဗြိတိန်တပ်မတော်တွင် ဝင်ရောက်အမှုထမ်းခဲ့သည့် ဂေါ်ရခါးစစ်သည်တော်ကလေးတဉီးသည် ဗြိတိန်တင့်ကားပစ် တပ်ဖွဲ့တခုတွင် တာဝန်ပေးအပ်ခြင်းခံရ၏။ စစ်မြေပြင်တစ်နေရာ၌ အဆိုပါ ဂေါ်ရခါးစစ်သားလေးသည် ဂျပန်တင့်ကား တပ်ဖွဲ့နှင့် ၂၅ ကိုက်ခန့်အကွာအထိ တွားတက်သွားကာ (၂၅ ကိုက် အကွာအဝေးဆိုသည်မှာ တင့်ကားပစ် လက်နက်လို လက်နက်ကြီးမျိုးကို မဆိုထားဘိ၊ သက်စောင့် ပစ္စတို လက်နက်ငယ်များသည်ပင်လျှင် ထိရောက်မှု အားကောင်းသော အကွာအဝေးဖြစ်ပါသည်။ စကားချပ်။) ဂျပန်တင့်ကား များကို တစ်စီးပြီးတစ်စီး အနီးကပ် ချေမှုန်း ပစ်ရာ ထိုစစ်ပွဲတွင် ဂျပန်တို့ အကြီးအကျယ်အထိနာခဲ့ရပြီး အင်္ဂလိပ်တို့အနေဖြင့် အာရှစစ်မြေပြင်တွင် အတိုင်း အတာတခုထက်ပိုပြီး အသာစီးရသွားစေလောက်အောင် အဆုံးအဖြတ်ပေးသည့် တိုက်ပွဲတခုလည်းဖြစ်ခဲ့သည်ဟု ဆိုပါသည်။ စစ်ကြီးအပြီးဝယ် ဗြိတိန်တပ်မတော်သည် စစ်အတွင်းက ရွတ်ရွတ်ချွံချွံအမှုထမ်းခဲ့သည့် စစ်သည်တော်များ အား ဆုတံဆိပ်များအပ်နှင်း ချီးမြှင့်မှုများကို စွမ်းဆောင်ရည်အလိုက်ပေးအပ်ခဲ့ရာ အထက်ဖေါ်ပြပါ ဂေါ်ရခါးစစ်သား လေးသည် ဗြိတိန်တပ်မတော်တွင် ချီးမြှင့်သည့် ဆုတံဆိပ်များအနက် အဆင့်အမြင့်ဆုံးဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသည့် အနည်းငယ်သော စစ်သည်တော်များထဲတွင် တစ်ဉီးအပါအဝင်ဖြစ်ခဲ့ပါသည်။ဘွဲ့တံဆိပ်ချီးမြှင့်သည့်အခမ်းအနား၌ အမြင့်ဆုံးဆုတံဆိပ်တော်ရ စစ်သည်လေးအား တွေ့ဆုံမေးမြန်းမှု တခုပြုလုပ်ရာတွင် ‘ဂျပန်တင့်ကားတပ်ဖွဲ့အားတိုက်ခိုက်ရန်အတွက် အဘယ်ကြောင့် ထိုမျှလောက် (၂၅ကိုက်) နီးကပ်သောအကွာအဝေးထိရောက်အောင်သွားရောက်ကာ တိုက်ခိုက်ခဲ့ပါသနည်း’ ဟူသောမေးခွန်းလည်း ပါဝင်ခဲ့ပါ သည်။ စစ်သည်တော်လေး၏အဖြေမှာ သူတင့်ကားပစ်သင်တန်းတက်ရောက်ခဲ့စဉ်က ‘တင့်ကားတစီးအားပစ်ခတ်ရန် ထိရောက်မှုအားအကောင်းဆုံးသော အကွာအဝေးမှာ ကိုက် ၃၀ ဝန်းကျင်ပင်ဖြစ်သည်’ ဟု သင်တန်းဆရာ၏ သွန်သင်ပြောပြချက်ကြောင့်ဖြစ်သည် ဟု ဆိုပါသည်။ကျွန်တော့အမြင်မှာ ဤဂေါ်ရခါးစစ်သည်တော်လေးသည် သူ၏ ပန်းတိုင်ကို သူရောက်အောင် သွားခဲ့ခြင်းပင်ဖြစ်သည်။ ‘ထိရောက်မှု အားအကောင်းဆုံးအကွာအဝေး ကိုက် ၃၀’ ဟူသော အယူအဆစကား ရပ်လေးက သူ့နားထဲတွင်စွဲနေခဲ့သည်။ သို့ဖြစ်ရာ ဂျပန်တင့်ကားများအား ထိထိရောက်ရောက် ပစ်ခတ်နိုင်သည့် အကွာအဝေးထိစွန့်စားသွားရောက်ခဲ့သည့် သူ၏ ဉီးတည်ချက်မှာ တင့်ကားမှ ‘ကိုက် ၃၀ အကွာအဝေးထိ ရောက်ရှိ ရေး’ ဖြစ်သည်။ စစ်မြေပြင်ဖြစ်သည့်အတိုင်း အခက်အခဲများ၊ အတားအဆီးများ များစွာရှိနေခဲ့လိမ့်မည်ကို ယုံမှား သံသယဖြစ်စရာမလိုပါ။ သို့သော် သူသည် သူ၏ မူလဉီးတည်ချက်ဖြစ်သည့် ‘ကိုက် ၃၀ အကွာအဝေး’ သို့မရောက် ရောက်အောင်သွားရောက်ခဲ့သည်။ ‘ကိုက် ၃၀’ မှ နေ၍ ထိရောက်မှုအားကောင်းစွာဖြင့် ဂျပန်တင့်ကားများအား ချေမှုန်းပစ်ခဲ့သည်။မူလဆောင်းပါးရှင်ကတော့ ဂေါ်ရခါးစစ်သည်တော်လေး၏ ဖြေကြားချက်အပေါ်ကောက်ချက်ချကာ သတ္တိနှင့် ပါက်သက်၍ စောဒကတက်ဖွယ်ရာ၊ စဉ်းစားသုံးသပ်စရာအဖြစ် စောကြောရေးသားထားပါသည်။ ကျွန်တော့်အမြင် မှာ သူသည် ‘ဆုလဒ်’ ကိုမျှော်ကိုး၍လည်းမဟုတ်။ ရလဒ်နှင့်အဖြေ ကိုသုံးသပ်မှုကြောင့်လည်းမဟုတ်။ ဤ စစ်သည်တော်လေးအနေဖြင့် သူ၏ (အခြေအနေတခုအတွင်း၌ ဖြစ်တည်တတ်သည့်) မူလ ဘူတ ‘ရည်မှန်းချက် နှင့် ပန်းတိုင်’ ကို သူ အရောက်ချီတက်နိုင်ခဲ့သူ၊ သူ့ဉီးတည်ချက်ကိုသူ စွန့်စားကာ အကောင်အထည်ဖေါ်ခဲ့သူ တဉီး အဖြစ်ရှူမြင်သုံးသပ်ပြီး ‘ကိုက် ၃၀ အကွာအဝေးသို့ရောက်အောင်သွားရောက်ရေး’ ဟူသော သူ၏ ပန်းတိုင်ကို အရောက်ချီတက်နိုင်ခဲ့သည့်အတွက် ကြီးမားသော အောင်ပွဲနှင့် ဆုလဒ် ကို သူ့အနေဖြင့် ထိုက်တန်စွာရရှိခဲ့ခြင်း ဖြစ်သည်’ ဟု ကောက်ချက်ချပါသည်။



Wednesday, April 7, 2010

ရည်မှန်းချက်နှင့်ပန်းတိုင် အပိုင်း(၆) အေသင်မှ သူရဲကောင်း


‘မာရသွန်’ ဟူသောဝေါဟာရကို လူတိုင်းသိပါသည်။ ကမBာတွင်တာအဝေးဆုံးအဖြစ်သတ်မှတ်ထားရှိသည့် အပြေးပြိုင်ပွဲ ဟူ၍ပင်ဖြစ်ပါလိမ့်မည်။ မာရသွန် စတင်ပေါ်ပေါက်လာရသည့် သမိုင်းကြောင်းကိုလည်း သိကြသူတွေများပါသည်။ သို့သော် မိမိ၏ရည်မှန်းချက်နှင့်ပန်းတိုင် အရောက် ကျားကုတ်ကျားခဲ ချီတက်နိုင်ခဲ့ကြသည့် ကမBာ့သမိုင်း၏ လူချွန် လူမွန်များ၊ သူရဲကောင်းများအကြောင်း တစေ့တစောင်းကိုရေးသားဖေါ်ပြရာ၌ ဂရိသူရဲကောင်း ‘ဖီဒိုက်ပီဒီ’္စ့နငိငစစငိနျ အကြောင်းကို ချန်လှပ်ထားဝံ့သည့် သတ္တိကျွန်တော့်တွင်မရှိပါ။ ဘီစီ ၄၉၂ တွင် အင်အားကောင်းလှသည့်ပါးရှန်းတပ်များနှင့် အေသင် (ဂရိ) တပ်ဖွဲ့များ ‘မာရသွန်’ အရပ်တွင် တိုက်ပွဲဖြစ်ပွါးခဲ့လေသည်။ ဂရိပိုင် မာရသွန် ဒေသကို ပါးရှန်းတပ်များသိမ်းပိုက်လိုက်သောအခါ စစ်သည်အင်အား တသောင်း ပါဝင်သည့် အေသင်တပ်ကို ဂရိဗိုလ်ချုပ်ကြီးမာဒိုနီယို (ွနညနမ္နေူမေိသညငသျ) အားဉီးစီးတိုက်ခိုက်ရန်စေလွှတ်ခြင်းခံလိုက်ရလေသည်။ မာရသွန်ဒေသရှိ ပါးရှန်းတပ်ကြီးမှာ အရေအတွက်အားဖြင့် ဂရိတို့၏တပ်ဖွဲ့ထက် အဆပေါင်းများစွာ များပြားလွန်းသည်။ ထိုအချိန်က ပါးရှန်းအင်ပါယာတပ်ဖွဲ့များသည် တိုက်ပွဲများတပွဲပြီးတပွဲအနိုင်ရကာ အင်အားကောင်းစွာဖြင့် ဒေသတလွှား၌ အင်ပါယာမြေတိုးချဲ့နေသည့်အချိန်လည်းဖြစ်သည်။ ထိုတိုက်ပွဲကိုဆင်နွဲရန်အတွက် အေသင်တို့အနေဖြင့် စပါတာတို့အား စစ်ကူတောင်းခဲ့သေးသည်။ ထိုအချိန်က ပါးရှန်းတို့နှင့်ပါက်သက်၍ ကြားနေလိုသောသဘောရှိသည့် စပါတာတို့၏ အကူအညီကိုမရသည့်အဆုံး ဂရိတို့အနေဖြင့် မိမိထက်အင်အားများစွာကြီးမားလွန်းသည့် ပါးရှန်းတပ်အား သတ္တိပြောင်မြောက်စွာဖြင့် စွန့်စားတိုက်ခိုက်ရန်မှတပါး အခြားရွေးချယ်စရာလမ်းမရှိတော့ချေ။ မာရသွန် တိုက်ပွဲတွင် အလံမလဲစတမ်း ရွတ်ရွတ်ချွံချွံတိုက်ခိုက်ခဲ့ကြသည့် အေသင်တပ်များသည် အင်အားကြီးမားလွန်းသည့် ပါးရှန်းတပ်များအားအနိုင်ရခဲ့ကြလေသည်။ ပါးရှန်းပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းတခိုတွင် ဗိုလ်ကျစိုးမိုးနေသည့် ပါးရှန်းတို့သည် ဂရိနှင့် ဉရောပတိုက်နိုင်ငံများဘက်သို့စစ်မြှားဉီးလှည့်လာနေကာ မာဆီဒိုးနီးယား သို့ဆိုက်ရောက်နေပြီဖြစ်သည့် ပါးရှန်းတပ်များအား စစ်ရှိန် တန့်သွားအောင် ပြုလုပ်လိုက်နိုင်သည့် ဤ မာရသွန်တိုက်ပွဲသည် ဂရိ နှင့် အခြားဉရောပနိုင်ငံများ၏ သမိုင်းကံကြမ္မာအလှည့်အပြောင်းတခုကို အဆုံးအဖြတ်ပေးသည့် လွန်စွာအရေးကြီးသော တိုက်ပွဲလည်းဖြစ်ခဲ့လေသည်။ ‘မာရသွန်တိုက်ပွဲ မှာ ဂရိတို့ အောင်ပွဲရပြီ’ ဟူ သည့် အရေးကြီးသတင်းစကားကို အေသင်သို့အလျှင်အမြန်ရောက်ရှိရေးအတွက် ဂရိတပ်အကြီးအကဲသည် ‘ဖီဒိုက်ပီဒီ’ ဟုအမည်ရသည့် ခြေမြန်တော်စစ်သည် ကိုရွေးချယ်ကာ အေသင်သို့စေလွှတ်ခဲ့လေသည်။ ထိုအချိန်က မာရသွန် အရပ်မှ အေသင်သို့သွားရောက်နိုင်သော လမ်းနှစ်သွယ်ရှိခဲ့သည်။ မြောက်ဖက် သို့ဉီးတည်ထွက်ခွါကာ အေသင်သို့သွားရောက်နိုင်သည့်လမ်းနှင့် တောင်အရပ်သို့ရှေးရှူထွက်ခွါကာ အေသင်သို့ဝင်ရောက်သည့်လမ်းဖြစ်သည်။ မြောက်ဖက်လမ်းသည် တောင်ကုန်းတောင်တန်းများကျော်ဖြတ်ကာ သွားရောက်ရမည်ဖြစ်ပြီး ခရီးအကွာအဝေးမှာ ၂၁"၄ မိုင် (၃၄"၅ ကီလိုမီတာ) ရှိသည်။ တောင်ဖက်လမ်းမှာမူ ခရီးအကွာအဝေး ၂၅"၄မိုင် (၄၀"၈ ကီလိုမီတာ) ရှိသော်လည်း မြေပြန့်တလျှောက်ဖေါက်လုပ်ထားခြင်း ဖြစ်သည်။ ဖီဒိုက်ပီဒီ သည် တောင်ကုန်းတောင်တန်းများကျော်ဖြတ်သွားရောက်ရသည့် ခရီးကြမ်းလမ်းကို ရွေးချယ်ခဲ့လေသည်။ (စစ်အတွင်းကာလဖြစ်ရာ တောင်ပိုင်းလွှင်ပြင်များတွင် ပါးရှန်းစစ်သည်များ ရှိနေသေးသဖြင့် ခရီးကြမ်းသော်လည်း ပိုမိုလုံခြုံသည့် မြောက်ဖက်လမ်းကို ဖီဒိုက်ပီဒီ ရွေးချယ်ခဲ့ဟန်ရှိကြောင်း သမိုင်းပညာရှင်တို့က သုံးသပ်ကြပါသည်။) မည်သို့ဆိုစေ ဖီဒိုက်ပီဒီ သည် တောင်ကုန်းတောင်တန်းများကိုဖြတ်သန်းကျော်လွှားလျှက် မိုင် ၂၀ ကျော်သော ဤ
ခရီးကို မရပ်မနားတမ်းပြေးခဲ့လေသည်။ သူသည် ရူးသွပ်နေသူတဉီးမဟုတ်ပါ။ ထူးခြားသည့်စွမ်းရည်ပိုင်ရှင်တဉီးလည်းမဟုတ်ပါ။ သို့သော် ကမBာကအသိအမှတ်ပြုလောက်သည့် သူ၏ ထူးခြားချက်မှာ သူ၏ ‘ရည်မှန်းချက်နှင့် ပန်းတိုင်’ သို့ အရောက်သွားခြင်းပင်ဖြစ်သည်။ တိကျစွါ သတ်မှတ်ထားရှိသည့် သူ၏ ပန်းတိုင်မှာ မြန်နိုင်သမျှမြန်မြန် အေသင် သို့အရောက်ချီတက်ကာ ဂရိတို့၏ အောင်ပွဲသတင်းကို သွားရောက်ပေးပို့ရေးပင်ဖြစ်သည်။ အေသင်မြို့တော်သို့ရောက်ရှိပြီး ‘အောင်ပွဲ’ (နီကီ) (ဂရိဘာသာစကားအရ နီက္ဒီငုင ဟုခေါ်ကြောင်းသိရှိရပါသည်။) ဟူသော သတင်းစကားကို ပြောကြားပြီးသည်နှင့်တပြိုင်နက် ဖီဒိုက်ပီဒီ သည် မြေပေါ်သို့ပုံလျှက်သား လဲကျကာ သေဆုံးသွားခဲ့လေသည်။ ဤသို့လျှင် မည်သည့်အခက်အခဲအတားအဆီးများပင်ရှိပါစေ၊ မည်မျှပမ်းပမ်းဆင်းရဲခံရသည်ဖြစ်ပါစေ သူရဲကောင်းတို့မည်သည် သူတို့၏ ‘ရည်မှန်းချက် နှင့် ပန်းတိုင်’ ကို ဘယ်သောအခါမှ အပျောက်မခံတတ်ကြချေ။ မိမိ၌ရှိရှိသမျှသော စွမ်းရည်ကို ပုံအောသုံးစွဲကာ အသက်ကိုပင်ပဓါနမထားပဲ လုံ့လ ဝီရိယ ကြီးမားစွာဖြင့် မိမိ၏ ပန်းတိုင်သို့အရောက် ချီတက်ခဲ့ကြလေသည်။ ထို့ကြောင့်လည်း သူတထူး၏ အပူဇော်ခံထိုက်သူများ၊ လူအများ၏ အသိအမှတ်ပြုခံရသူများ၊ ဂုဏ်ပြုခံရသူများ ဖြစ်လာခဲ့ကြသည်မဟုတ်ပါလော။မိမိ၏အသက်ကိုပေးဆပ်လျှက် ရည်မှန်းချက်နှင့်ပန်းတိုင်သို့အရောက် သွားရောက်ခဲ့သည့် ဤဂရိသူရဲကောင်းကို ဂုဏ်ပြုသောအားဖြင့် ‘မာရသွန်’ ဟူသော တာဝေးအပြေးပြိုင်ပွဲကို ကမBာတလွှားကျင်းပ လာခဲ့ကြသည်မှာ သက္ကရာဇ် ၁၈၉၆ ခုနှစ်၊ အေသင် အိုလံပစ်ပြိုင်ပွဲမှသည် ယနေ့အချိန်ထိပင်ဖြစ်ပါသည်။



Sunday, April 4, 2010

ရည်မှန်းချက်နှင့်ပန်းတိုင် အပိုင်း (၅) ဗုဒြွမြတ်စွာဘုရား


ဤသတ္တလောကကြီး၌ ရည်မှန်းချက်နှင့် ပန်းတိုင် ကို တိကျ ကြီးမားစွာ ချမှတ်ကာ မည်သည့် အခက်အခဲ၊ အတားအဆီးများပင် ကြုံတွေ့စေကာမူ၊ မည်မျှ ပင်ပမ်းဆင်းရဲရသည်ဖြစ်စေ ခရီးမပျက်၊ ဆက်မြဲဆက်လျှက် ဇွဲ နဘဲ ကြီးမားစွာဖြင့် အဆိုပါပန်းတိုင်သို့အရောက် ချီတက်နိုင်သူများထဲတွင် ကျွန်တော်တို့ သုံးလောက၏ အရှင်၊ မြတ်စွာဘုရားသခင်ကို တုနှိုင်းနိုင်မည့်သူ မည်သူမျှရှိမည်မဟုတ်ပါ။
ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်၊ သုမေဓါ ရှင်ရသေ့ဘဝမှသည် ဘုရားဆုကိုပန်ကာ လေးသချေင်္နှင့်ကမBာတစ်သိန်း ပါရမီဖြည့်ဆည်းလျှက် မရေမတွက်နိုင်သောဘဝခရီးပေါင်းများစွာကို ကူးပြောင်းလွန်မြောက်ပြီးမှ ဘုရားအဖြစ်သို့ရောက်ခဲ့ရခြင်းဖြစ်ပါသည်။ ဗုဒြွမြတ်စွာ ဖြစ်တည်ခဲ့ဘူးသည့် ထိုထိုသော ဘဝပေါင်းများစွာတို့အနက် ဗုဒြွဘာသာဝင်တို့နှင့် ရင်းနှီးသည့် တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ ဒ၊ ဝိ၊ ဝေ ဟူသည့် ဇါတ်ကြီးဆယ်ဘွဲ့ နှင့် အဖြစ်တော်ပေါင်း ငါးရာ တို့ကို ဖတ်ရှု ကြားနာဖူးကြလျှင်ပင် ဘုရားအလောင်းတော်၏ ကြီးမားလှစွာသော မေတ္တာတရား၊ ဂရုဏာတရား၊ မုဒိတာတရား၊ ဉပေက္ခာတရား၊ မြဲမြံခိုင်ခံ့လှစွာသော သစ္စာတရား၊ ခန္တီတရား၊ သံဓိဌါန်တရား၊ ပါရမီဆယ်ပါး အစရှိသည် တို့ဖြင့် ပြည့်စုံသည်နှင့်အညီ မိမိ၏ ရည်မှန်းချက်နှင့် ပန်းတိုင် သို့ အရောက် ပေါက်မြောက်အောင်မြင်ကာ ဘဝ၏သစ္စာတရားအား ရှာဖွေတွေ့ရှိသွားပုံကို အထင်အရှားမြင်တွေ့ကြရမည်ဖြစ်ပါသည်။
‘ဘုရားဆုကိုပန်ခြင်း’ ဟူသည် မည်မျှကြီးမားလေးလံလှသော ဆုပန်ခြင်းပါပေနည်း။ သို့သော် ပါရမီရှင်တို့သည် မည်မျှကြီးမားလေးလံသော ခရီးခဲဖြစ်ပါစေ၊ ထိုခရီးကိုရောက်အောင်သွားကြသည်။ ထိုပန်းတိုင်သို့ရောက်အောင်ချီတက်ကြသည်။ မည်သည့်အတားအဆီး၊ အခက်အခဲပင်ရှိပါစေ၊ မည်မျှပင်ကာလရှည်လျှားပါစေ သူတို့ကား မည်သည့်အခါမှ နောက်မတွန့်ကြ။ ဒူးမထောက်ကြ။ လက်မမြောက်ကြ။ စိတ်မပျက်ကြချေ။သို့ဖြစ်ရာ ‘ရည်မှန်းချက် နှင့် ပန်းတိုင်’ အကြောင်းကိုရေးရာ၌ ‘တတောဝင်၊ တတောင်တက်၊ တမြစ်ကူး၊ တကုန်းဆင်း’ အစရှိသည့် သဘာဝအတားအဆီးများ၊ လိမ်လည်လှည့်ဖျားခံရခြင်း၊ ရန်သတ္တရုပြုခြင်းခံရခြင်း၊ မတော်မတရားစွပ်စွဲခံရခြင်း၊ အထီးကျန်ဆန် ရူးသွပ်သွားသည်အထိ ဝိုင်းပါယ်ခံရခြင်း၊ ဝေဖန်တိုက်ခိုက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း အစရှိသည့် သက်ရှိတို့၏ ဘဝတာလေးများတွင်ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသော လူလုပ်အတားအဆီးများ ကိုမဆိုထားဘိ၊ ထိုထိုသော ဘဝပေါင်းများစွာကိုပင် ကူးပြောင်းကျော်ဖြတ်ကာ သူ၏ မူလရည်မှန်းချက်နှင့်ပန်းတိုင်ဖြစ်သည့် နိဗ္ဗါန်အရောက် ခရီးပေါက်အောင် သွားရောက်နိုင်ခဲ့သည့် ဗုဒြွမြတ်စွာဘုရားအကြောင်းကို စံနမူနာအဖြစ်ထုတ်နုတ်တင်ပြခြင်းဖြစ်ပါသည်။ဘုရားရှင်တော်မြတ်၏ ဂုဏ်ကျေးဇူးအထူးထူးကိုလည်း ဤစာဖြင့်ပင် ရိုကျိုးလေးမြတ် ကန်တော့အပ်ပါသည်ဘုရား။

Thursday, April 1, 2010

မယား အပြား (၇) ပါး

အနာထပိဏ်သူဌေး၏ ချွေးမ သုဇာတာ ကိုအေ-ကာင်းပြုလျှက် မြတ်စွာဘုရားဟော-ကားတော်မူသော တရားတော်ထဲ၌ မယားအပြား (၇) ပါးအေ-ကာင်းပါရှိပါသည်။အဆိုပါ သက္ကကနိပါတ်၊ ဘရိယာသုတ်တော်လာ မယားအပြား (၇) ပါးမှာ

(၁) သူသတ်နှင့်တူသောမယား
(၂) ခိုးသူနှင့် တူသောမယား
(၃) အရှင်သခင်နှင့်တူသောမယား
(၄) အမိနှင့်တူသောမယား
(၅) နှမနှင့်တူသောမယား
(၆) အဆွေခင်ပွန်းနှင့်တူသောမယား
(၇) ကျွန်နှင့်တူသောမယား ဟူ၍ဖြစ်ပါသည်။အိမ်ထောင်ပြှုပီးသား မိတ်ဆွေအမျိုးသားများအနေဖြင့် မိမိ၏အမျိုးသမီးသည် မည်သည့် အမျိုးအစားမယားအပြားများထဲတွင်ပါဝင်သနည်း ဟု သုံးသပ်-ကည့်-ကစေလိုပါသည်။အိမ်ထောင်ပြှုပီးသား မိတ်ဆွေအမျိုးသမီးများအနေဖြင့်မူ မိမိသည် မည်သို့သော မယားမျိုးပေနည်း ဟု သုံးသပ်လျှက် မိမိကိုယ်မိမိ ပြုပြင်သင့်က ပြုပြင်-ကရန်ဖြစ်ပါသည်။လူပျိုမိတ်ဆွေများအနေဖြင့်မူ သင်အိမ်ထောင်ပြုဖြစ်သောအခါ မည်သို့သော မယားအမျိုးအစားကို အလိုရှိသနည်း၊ အဘယ်ေ-ကာင့်နည်း ဟူသည်ကို စောေ-ကာလျှက် မိမိ၏ စံ နှင့် ကိုက်ညီသော သင့်တော်ကောင်းမွန်သည့် မယားအပြားမျိုးကို ရယူပိုင်ဆိုင်နိုင်ပါစေေ-ကာင်း ဆုမွန်တောင်းလိုက်ပါသတည်း။

ရည်မှန်းချက်နှင့်ပန်းတိုင် အပိုင်း(၄) စာတမ်းတင်ခြင်း


ပြီးခဲ့သည့် ကျောင်းရာသီအတွင်း ‘လူမှုဗေဒ’ (ှသခငသူသါပ) ဘာသာရပ်ကို ဂုဏ်ထူးတန်းဘာသာရပ် တခုအဖြစ်ကျွန်တော် လေ့လာခဲ့ပါသည်။ လူမှုဗေဒဘာသာရပ်သင်ပြမှု၌ နာမည်ကြီးဆရာတဉီးဖြစ်သည့် ကျွန်တော် တို့ပါမောက္ခ သည် ဂုဏ်ထူးတန်းကျောင်းသားများအား အထူးတာဝန်တရပ်အနေဖြင့် လူမှုသုတေသန စစ်တမ်း ထုတ်ကာ စာတမ်းတစောင်စီ ရေးသားစေခဲ့ပါသည်။ အဆိုပါစီမံကိန်းကြီးအကောင်အထည်ပေါ်ရန်အတွက် ကျွန်တော်တို့သည် မေးခွန်းပေါင်း ၇၀ ပါဝင်သည့် စစ်တမ်းကိုရေးသားကာ ကျောင်းသားပေါင်း တစ်ထောင် (၁၀ဝ၀ ဉီး)ထံသို့ ဖြန့်ဝေခြင်း၊ အဖြေရရှိပြီးစစ်တမ်းများအားပြန်လည်သိမ်းဆည်းခြင်း၊ မေးခွန်းအားလုံး ဖြေ မဖြေ စစ်ဆေး ခြင်း၊ ဖြေဆိုထားသည့်အဖြေများသည် သုတေသနပြုလုပ်ရန် လိုအပ်သည့် စံချိန်စံညွှန်းများနျင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးခြင်း၊ မိမိတို့လိုအပ်သည့် ‘စံ’ များနှင့် ကိုက်ညီသည့် အဖြေများကို ကွန်ပျူတာရာနှုန်းကိုက် စံနစ်ထဲတွင် ထည့်သွင်းကာ အချက်အလက်များထုတ်ယူခြင်းများကို ပြုလုပ်ကြရပြီး ကွန်ပျူတာမှတွက်ချက်ထုတ်ယူ ရရှိသော အပြီးသတ်အချက်အလက်များကိုအခြေခံကာ စာတမ်းရေးသားခြင်းမှာ အဆိုပါစီမံကိန်းလုပ်ထုံးလုပ်နည်း၏ နောက် ဆုံး အဆင့် ပင်ဖြစ်ပါသည်။စာတမ်းရေးခြင်းမှအပ အခြား အဆင့်များအား သတ်မှတ်ထားသည့်နေ့ရက်အမီ ပြီးစီးအောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ကျွန်တော်တို့ပါမောက္ခ သည် ဂုဏ်ထူးတန်းကျောင်းသားများထဲမှ ကျောင်းသား ကျောင်းသူ ၃ ဉီးရွေးချယ်ကာ အချိန်ပို လုပ်အားပေး စံနစ်ဖြင့် လုပ်ကိုင်စေခဲ့ပါသည်။ အဆိုပါ ၃ ဉီးထဲတွင် ကျွန်တော် သည်လည်း တဉီးအပါအဝင်ဖြစ်ခဲ့ပါသည်။စစ်တမ်းမေးခွန်းများ ဖြန့်ဝေခြင်းမှ သည် ကွန်ပျူတာမှ အချက်အလက်များထုတ်ယူခြင်းအထိ အဆင့်များ ပြီးစီး အောင်မြင်ရန်အတွက် ၂ လ ကျော် အချိန်ယူခဲ့ကြရပါသည်။ သို့သော် ထိုအဆင့်များအားလုံးကို ကျွန်တော် တို့သည် ပင်ပမ်းနွမ်းနယ်မှုများရှိကြသည့်တိုင် တဆင့်ပြီးတဆင့် ကြိုးကြိုးစားစားဖြင့် အချိန်မီ ကျော်ဖြတ်နိုင် ခဲ့ကြပါသည်။ ကျွန်တော်နှင့် အတူ အချိန်ပို တွဲဖက်လုပ်ကိုင်ခဲ့သည့် ပိုလန်မှကျောင်းသူဆိုလျှင် ပင်ပမ်းမှုဒဏ်ကြောင့် ၃ ရက်ခန့်အနားယူရသည်အထိ ဖြစ်သွားခဲ့ပါသည်။စာတမ်းအတွက် လိုအပ်သည့် အချက်အလက်အားလုံး မိမိတို့လက်ထဲတွင်ရရှိနေပြီးဖြစ်ကာ စာတမ်း ရေးသားပြီးစီးရန်ပေးထားသည့်အချိန်မှာ တ လ ခန့် ပင် လိုနေသေးရာ ကျွန်တော်တို့အတွက် စာတမ်းရေးချိန် ပို ရသဖြင့် ဂုဏ်ထူတန်းတတန်းလုံး ပျော်တပြုံးပြုံးနှင့်။ စီမံကိန်းအကောင်အထည်ပေါ်ရန် မိမိတို့အချိန်များထဲမှ ဖဲ့ဝေ ကာ လုပ်အားပေးခဲ့ကြသည့် ကျွန်တော်တို့လုပ်အားပေးအဖွဲ့ကိုလည်း အားလုံးက ကျေးဇူးတင်၍မဆုံး။ သို့သော် အဆိုပါ တလ ဟူသော အချိန်ကာလ လွန်မြောက်ပြီးနောက် ပြီးစီးသည့်စာတမ်းများကို ပါမောက္ခ လက် အရောက်အပ်နှံနိုင်သည်မှာ ကျောင်းသားအားလုံး၏ ၃ ပုံ ၂ ပုံ ခန့်သာရှိခဲ့ပါသည်။ ကျန် ကျောင်းသား ၃ ပုံ ၁ ပုံ သည် အဘယ်ကြောင့် နောက်ကျနေကြသည် ဟု အဆွေစာဖတ်သူ ထင်မြင်ယူဆ ပါသနည်း။ နေထိုင်မကောင်း ဖြစ်နေခဲ့ကြ၍လော။ အမေရိကန်လို ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ နည်းပညာ နှင့် အာနိသင်ထိရောက်ကောင်းမွန် သောဆေးဝါများပြည့်စုံသည့်နိုင်ငံတနိုင်ငံတွင် သည်မျှများပြားသောလူငယ် ကျောင်းသားများအားလုံး တပြိုင်တည်း နေထိုင်မကောင်းဖြစ်ရန်မှာ မဖြစ်စကောင်းပါ။ သို့ဆိုလျှင် နည်းပညာအခက်အခဲကြောင့်လော။ ဤအကြောင်း ကြောင့်လည်း မဖြစ်နိုင်ပါ။ စာတမ်းရေးရန်အတွက် လိုအပ်သောအချက်အလက်များအားလုံး အဆင်သင့် မိမိတို့ လက်ထဲတွင်ရှိနေပြီးလည်းဖြစ်၊ အတော်ဆုံးကျောင်းသားကျောင်းသူများလည်းဖြစ်ကြသည့် သည်ကျောင်းသားများ သည် စာရိုက်ခြင်း၊ ဂရပ်ပုံများ၊ ရုပ်ပုံများ၊ မြေပုံများနှင့် စာရင်းဇယားများကို လိုအပ်လျှင်လိုအပ်သလိုထည့်သွင်းခြင်း အစရှိသဖြင့် စာတမ်းရေးရန်လိုအပ်သည့် နည်းပညာလောက်မှာ သာမန်ကြုံတွေ့လုပ်ကိုင်နေကျ လုပ်ရပ်များထဲမှ တခု တလေမျှသာဖြစ်ပါချိမ့်မည်။နောက်ကျကျန်ခဲ့သူ အဆိုပါကျောင်းသား ကျောင်းသူများအား ‘အဘယ်ကြောင့် စာတမ်းများ အချိန်မီ မပြီးစီးနိုင် ဖြစ်ရပါသနည်း၊ သူတို့၏ အခက်အခဲသည် အဘယ်နည်း’ ဟူသော မေးခွန်းကို အဆွေစာဖတ်သူ နှင့် ကျွန်တော်တို့မမေးဖြစ်မီ ကျွန်တော်တို့ပါမောက္ခ မှ သူတို့အားမေးမြန်းခဲ့ပြီးဖြစ်ပါသည်။ အဖြေမှာ ‘စာတမ်းအား မည်သည့်ခေါင်းစဉ်ပေးကာ မည်သည့်အချက်များကို အခြေခံရေးသားမည်ကို တိတိကျကျဆုံးဖြတ်၍မရနိုင်ပဲ ရှိနေခဲ့သည်’ ဟူ၏။သည်အကြောင်းအရာကို စ ရေးကတည်းက ကျွန်တော်မပြောပဲကျန်ရှိနေခဲ့သည့် အကြောင်းအရာလေး တရပ်ရှိနေခဲ့ပါသည်။ ၄င်းမှာ ‘စာတမ်းခေါင်းစဉ်’ နှင့် ‘ရေးသားမည့်အကြောင်းအရာ’ ကိစ္စပင်ဖြစ်ပါသည်။ လူမှုဗေဒ ပါမောက္ခ ၏ စီစဉ်ညွှန်ကြားမှုဖြင့် စစ်တမ်းထုတ်ယူခဲ့သည့် မေးခွန်းပေါင်း ၇၀ ကို မေးခွန်းအမျိုးအစားအလိုက် ခွဲခြမ်း စိတ်ဖြာလျှက် အမျိုးတူရာ ပေါင်းစပ်အုပ်စုဖွဲ့ပါက အောက်ပါအုပ်စုဝင်များကို တွေ့ရမည်ဖြစ်ပါသည် -
(က) ကိုယ်ရေးအတ္ထုပတ္တိ
(ခ ) ရာဇဝတ်မှုနှင့် တရားမ မှု
(ဂ ) အရက်နှင့်မူးယစ်ဆေးဝါး
(ဃ) လိင်၊ လက်ထပ်ခြင်း၊ ချစ်ခြင်းမေတ္တာ နှင့် မိသားစု
(င) ဘာသာရေး
(စ) ပညာရေး
(ဆ) နိုင်ငံရေး
(ဇ) စီးပွါးရေး
(ဈ) လူနေမှုအဆင့်အတန်း
(ည) လူမျိုးနှင့် လူမျိုးစုဝင်ဆိုင်ရာများ
(Ë) လူဉီးရေ နှင့်သဘာဝပတ်ဝန်းကျင်
(ဌ) စာနယ်ဇင်း၊ လူထုမီဒီယာ၊ မြို့ပြနှင့်ကျေးလက်ယဉ်ကျေးမှု ။
ကျွန်တော်တို့ရေးသားရမည့် စာတမ်းနှင့်ပါက်သက်၍ ပါမောက္ခ၏ညွှန်ကြားချက်မှာ အထက်ဖေါ်ပြပါ မေးခွန်းများ၊ အဖြေများနှင့် စာရင်းအင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံပေးထားပြီး မည်သည့် အကြောင်းအရာ ကို အခြေတည်ကာ မည်သို့ရေးသားရမည်ကို သတ်မှတ်ထားရှိမှုမရှိပါ။ စာတမ်းခေါင်းစဉ်နှင့် အခြေတည်ရေးသား ရမည့်အကြောင်းအရာပိုင်းကို တိတိကျကျသတ်မှတ်ထားရှိမှုမရှိသည့်အလျှောက် ကျောင်းသားများအနေဖြင့် မိမိတို့ စိတ်ကြိုက်ခေါင်းစဉ်နှင့်အကြောင်းအရာများရွေးချယ်ဆုံးဖြတ်ကာ လိုအပ်သည့် ကုန်ကြမ်းအချက်အလက်များကို စစ်တမ်းအဖြေများမှ ရယူရန် ဖြစ်ပါသည်။မေးခွန်း၊ အဖြေနှင့် စိတ်ဝင်စားစရာကောင်းသည့်အချက်အလက်များ များပြားလွန်းမှုကြောင့်ဖြစ်မည် ထင်ပါသည်။ ကျွန်တော်ကိုယ်တိုင်သည်ပင်လျှင် စာတမ်းခေါင်းစဉ်နှင့် မူတည်ရေးသားမည့် အကြောင်းအရာ များကိုရွေးချယ်ရန် ရက်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ပါသည်။ ရက်ပေါင်း၂၀ ကြာမြင့်ပြီးသောအခါ၌ စာတမ်းရေးရန် သတ်မှတ်ထားရှိသည့်အချိန် ၁၀ ရက်သာလိုတော့ကြောင်း သတိထားမိသည်နှင့်အညီ ဆုံးဖြတ်ချက်တခုကို တိတိ ကျကျချမှတ်လိုက်ကာ ၄င်းကို ပုံဖေါ်ရေးသားခြင်းပြုလုပ်ခဲ့၍သာ အချိန်မှီပြီးစီးခဲ့ခြင်းဖြစ်ပါသည်။ သို့မဟုတ်ပါက သတ်မှတ်ချိန်ကျော်လွန်မှုကြောင့် သတိပေးခံရသည့် ကျောင်းသားများစာရင်းထဲတွင် ကျွန်တော်လည်းပါဝင် ခဲ့လိမ့် မည်ဖြစ်ပါသည်။သည်မှာ ကျွန်တော်တို့ကြည့်ပါ။ မည်သည့်အကြောင်းအရာကိစ္စများပြုလုပ်မှု၌မဆို ရည်မှန်းချက်ပန်းတိုင် သည်မလွဲမသွေလိုအပ်ပါသည်။ လိုအပ်သည့်အချက်အလက်များ၊ အထောက်အကူပြုပစ္စည်းများ ပြည့်ပြည့်စုံစုံ ရှိနေကြပါလျှက် တိတိကျကျ သတ်မှတ်ထားရှိသည့် ရည်မှန်းချက်ပန်းတိုင် မရှိပါက အတော်ဆုံးကျောင်းသာများ သည်ပင်လျှင် (ဘာလုပ်၍ ဘာကိုင်ရမည်မသိပဲ) အချော်ဆုံးကျောင်းသားများ
စာရင်းထဲသို့ရောက်သွားတတ် ကြောင်း သတိချပ်ရန်ဖြစ်ပါသည်။
မှတ်ချက်။ ။ သည်ဆောင်းပါးကို ၂၀ဝ၇ ခုနှစ်အတွင်းတွင် ကျွန်တော်ရေးသားခဲ့ပါသည်။

Monday, March 29, 2010

ရည်မှန်းချက်နှင့် ပန်းတိုင် (အပိုင်း ၃)၊ စာစီစာကုံးတည်းဖြတ်ခြင်း


ကျွန်တော်ပညာသင်ယူနေသောကျောင်းမှာ အမေရိကန်အနောက်အလယ်ပိုင်း၏
အကြီးဆုံးကောလိပ်တခုဖြစ်ပြီး သည်ကျောင်းတော်တွင် ပညာရင်နို့သောက်စို့နေသူ ကျောင်းသားပေါင်း သုံးသောင်းကျော်ရှိပါသည်။ ကျွန်တော်တို့ကောလိပ်တွင် နှစ်ပါတ်လည်စာစီစာကုံးပြိုင်ပွဲ နှစ်စဉ်ပြုလုပ်ပါသည်။ ပြီးခဲ့သည့်နှစ်က ပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲ၏ ဆုရရှိသူများထဲတွင် ကျွန်တော်လည်းတဉီး အပါအဝင် ဖြစ်ခဲ့ပါသည်။ သို့ဖြင့် စာစီစာကုံးဆုရှင် ကျောင်းသားတဉီးလည်းဖြစ်၊ ဂုဏ်ထူးတန်းတွင်တက်ရောက်နေသည့် ကျောင်းသားတဉီးလည်းဖြစ်သဖြင့် ယခုနှစ်ပြုလုပ်သည့် နှစ်ပါတ်လည်စာစီစာကုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာစီစာကုံးများအား တည်းဖြတ်ပေးရသည့် အကဲဖြတ်၊ အမှတ်ပေးဒိုင်အဖွဲ့တွင် ကျွန်တော်ပါဝင်ခွင့်ရပါသည်။ အမှတ်ပေးဒိုင်အဖွဲ့ဝင်တဉီးအနေဖြင့် လက်ရွေးစင်စာစီစာကုံး အပုဒ် ၃၀ ကိုဖတ်ရှုရပြီး အကောင်းဆုံး စာစီစာကုံး ၅ ပုဒ်ကို (ဆုရွေးချယ်ရေးစည်းမျဉ်း စည်းကမ်း များနှင့်အညီ) ရွေးချယ်ကာ စာပေရေးရာ ညွှန်ကြားရေးမှုးများ၊ လုပ်သက်ရင့် (စီနီယာ) ပါမောက္ခများပါဝင်သည့် ဆုရွေးချယ်ရေးဘုတ်အဖွဲ့သို့ တင်ပြရပါသည်။ (ယမန်နေ့ ၊ ၂၀ဝ၇ခု မတ်လ ၂၈ ရက်နေ့က) ပြုလုပ်သည့် အဆိုပါ ဘုတ်အဖွဲ့အစည်းအဝေးသို့ ကျွန်တော်တက်ရောက်ခဲ့ပြီး ကျွန်တော်ရွေးချယ်ပေးလိုက်သော စာစီစာကုံး ၅ ပုဒ်ထဲမှ ၄ ပုဒ်မှာ ဆုရရှိခဲ့ပါသည်။
စာစီစာကုံးပြိုင်ပွဲ၏ခေါင်းစဉ်ကို ဆီလျှော်အောင်ဘာသာပြန်ရပါလျှင် ‘ဤကောလိပ် မှပြောင်းလဲပေးလိုက်သော ကျွန်တော့ဘဝ’ ဟူ၍ ဖြစ်မည်ထင်ပါသည်။ ခေါင်းစဉ်နှင့်ကိုက်ညီသည့်အကြောင်းအရာများကို ထည့်သွင်းရေးသားရေးမှာ စာစီစာကုံးကောင်းတပုဒ်၏ မရှိမဖြစ် လိုအပ်သောအခြင်းအရာတရပ်ဖြစ်ရာ ပြိုင်ပွဲဝင်သူများအနေဖြင့် ဤခေါင်းစဉ်အတွက် သူတို့ဘဝ တစိတ်တဒေသကို ထည့်သွင်းရေးဖွဲ့ကြရပါသည်။ ထိုပြိုင်ပွဲဝင်စာစီစာကုံးများကို ဖတ်ရှု၊ တည်းဖြတ်ရာမှ ကျွန်တော်သတိပြုမိသောအချက်များမှာ
(၁) ပြိုင်ပွဲဝင်သူကျောင်းသားများ၏ ထက်ဝက်ကျော်သည် ဂုဏ်ထူးတန်းကျောင်းသား ကျောင်းသူများဖြစ်ခြင်း
(၂) ဆုရစာစီစာကုံး အားလုံးမှာ ဂုဏ်ထူးတန်းကျောင်းသားများ၏စာစီစာကုံးများ ဖြစ်ခြင်း
(၃) ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူအားလုံး၏ကိုးဆယ် ရာနှုန်းခန့်သည် တိကျသော ဘဝရည်မှန်းချက်ပန်းတိုင်များ ခိုင်ခိုင်မာမာရှိသူများဖြစ်ခြင်း
(၄) မိမိတို့၏ဘဝကို မိမိတို့ကိုယ်တိုင် ရိုးသားသောကြိုးစားအားထုတ်မှုဖြင့် ပြုပြင်ပြောင်းလဲလိုစိတ်ရှိပြီး ရှိသည့်အတိုင်းလည်း ကြိုးပမ်းလုပ်ဆောင်ကြသူများဖြစ်ခြင်း ဟူသည့်အချက်များပင်ဖြစ်ပါသည်။
ပထမဆုရှင်အဖြစ်ရွေးချယ်ခံရသည့် ကျောင်းသူမှာ အမေရိကန်ပြည်ပေါက်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ထိ အခြေခံပညာအထက်တန်းမအောင်ခဲ့သေးသူတဉီးဖြစ်ပါသည်။ တနေ့တွင် ကောလိပ်ကျောင်းတက်နေသည့် သူ့ရည်းစားဖြစ်သူနှင့် ကောလိပ်ကျောင်းသို့အလည်အပတ်သဘောလိုက်လာခဲ့ရာမှ ကောလိပ်ကျောင်းသူတဉီးဖြစ်လိုသည့် ဆန္ဒ သူမ၏ရင်ထဲတွင် ပြင်းပြစွာဖြစ်တည်လာခဲ့ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်မြင်ရန်ကြိုးစားပုံ၊ အဆိုပါစာမေးပွဲကို အမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့ပုံ၊ ထိုနောက်သူမဝါသနာပါလှသည့် ဓါတ်ပုံရိုက်ခြင်းနည်းပညာဘာသာရပ်ဖြင့် ကောလိပ်စ တက်ခဲ့ပုံများ၊ ဘဝ နာခဲ့ပြီး ဝါသနာပါသည့်ဘာသာရပ်ကိုလေ့လာနေရခြင်း၊ ကောလိပ်တွင်ရရှိထားသည့်သူမ၏ အကောင်းဆုံးအရည်အသွေးများကို ဆက်လက်ထိမ်းသိမ်းထားရှိလိုစိတ်နှင့် ပိုမိုကောင်းမွန်စေရန်အမြဲတစေကြိုးစားနေခြင်းတို့ကြောင့် အောင်မြင်သည့်ကောလိပ်ကျောင်းသူတဉီးဖြစ်လာခဲ့ပုံများ၊ ဤစာစီစာကုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မှုမပြုမီ အခြားဆု နှစ်ဆုကို အခြားပြိုင်ပွဲများမှ လက်ခံရရှိခဲ့ပုံ၊ ကောလိပ်သို့ရည်းစားသည်နှင့်အလည်အပတ်သဘောလိုက်လာခဲ့ရာမှ သူမ၏ဘဝတခုလုံး၊ အနာဂါတ်တခုလုံးပြောင်းလဲစေခဲ့ပုံများ၊ သို့သော် သူမ တဉီးတည်း၏ ကြိုးစားမှုကြောင့် ဤအောင်မြင်မှု အသီးအပွင့်များကို ဆွတ်ခူးရရှိခဲ့သည်မဟုတ်ကြောင်း၊ ကျွန်တော်တို့ကောလိပ်၏ ကြီးကျယ်ခမ်းနားမှု၊ စာအုပ်စာတမ်းများမှသည် အခြားသင်ကြားမှုအထောက်အကူပြုပစ္စည်းများပြည့်စုံလွန်းမှု၊ သင်ကြားသောဆရာ၊ ဆရာမ များ၏ ကြိုးစားမှု၊ မတူညီသောနောက်ခံဘဝမျိုးစုံမှလာကြသည့် ကျောင်းသားများကို မတူ ကွဲပြားသော ချဉ်းကပ်မှုများဖြင့် ချဉ်းကပ်သင်ပြခြင်းများကြောင့်လည်းဖြစ်ကြောင်း စသည်ဖြင့် ဝေဝေဆာဆာ ရေးဖွဲ့ထားသည့် သူမ၏စာစီစာကုံးမှာ ကျွန်တော်တို့ (ဆုရွေးချယ်ရေးဘုတ်အဖွဲ့ဝင်) အားလုံး၏ ရင်ကို စွဲမက်သွားစေသည်မှာ အထူးပြောဖွယ်ရာလိုအံ့မထင်ပါ။
ဤနေရာ၌ ကျွန်တော်အထူးပြောလိုသည့်အချက်တချက်မှာ အောင်မြင်မှုရရှိသူကျောင်းသားအများစု မှာ သူတို့ဘဝတွင် သူတို့ဘာလုပ်မည်၊ အနာဂါတ်တွင် သူတို့ဘယ်လိုစခန်းသွားမည် စသည့် တိကျသေချာသောလမ်းကြောင်းများဖြင့် သူတို့ ‘ဘာ’ ဆိုသည် ကို သူတို့ ခိုင်ခိုင်မာမာ သိရှိထားသူများဖြစ်ခြင်းပင်ဖြစ်ပါသည်။

မှတ်ချက်။ ။ သည်ဆောင်းပါးကို ၂၀ဝ၇ ခုနှစ်အတွင်းတွင် ကျွန်တော်ရေးသားခဲ့ပါသည်။Picture: http://www.bisconsulting.ca/img/seminars/large/goal_setting.jpg

အဉ္ဇန၊ မာလာ၊ ခိုင်စိန်






Wednesday, March 17, 2010

ရည်မှန်းချက်နှင့် ပန်းတိုင် (အပိုင်း ၂) အားကစားပြိုင်ပွဲများ


‘အားကစားပြိုင်ပွဲများ’ ဟု ညွှန်းဆိုလိုက်သည့်အတွက် မည်သည့်အားကစားပြိုင်ပွဲတွေများ ပါဝင်ဆင်နွဲနေပါလိမ့် ဟု လွန်ကျွံမတွေးမိပါစေနှင့်။ ကျွန်တော်က အားကစားပြိုင်ပွဲများ၌ ကိုယ်တိုင်ပါဝင်ဆင်နွဲမှုမရှိသော်လည်း ကြည့်ရှုအားပေးတတ်သူများစာရင်းထဲတွင်တော့ ထိပ်ဆုံး မရောက်လျှင်နေမည်၊ အလယ်အလတ်တော့ကျော်သည် ဟု မိမိကိုယ်မိမိ သေချာစွာယုံကြည်ဖြစ်ပါသည်။ အထူးသဖြင့် ဘောလုံးပွဲများ။ ကမBာ့ဖလားမှ သည် ရပ်ကွက်ပွဲစဉ်တွေအထိ အချိန်နှင့်အခြေအနေပေးလျှင်ပေးသလို ကျွန်တော် ကြည့်ဖြစ်အောင်ကြည့်ပါသည်။ နက်ဖြန်စာမေးပွဲရှိသည်ကိုပင် ယနေ့ဘောလုံးပွဲကောင်းရှိပါက စာဖတ်သည်ကို ခေတ္တရပ်ကာ ထိုပွဲစဉ်ကို ကျွန်တော်အလွတ်မပေးတတ်။ တန်တော့။ ကျွန်တော်ဘောလုံးပွဲကြည့်တတ်သည်ကို အဓိကပြောလိုရင်းမဟုတ်ပါ။
ချီကာဂိုမြို့ထဲတွင် ဇန်နဝါရီလအတွင်းက ကျွန်တော် ဘောလုံးပွဲတပွဲသွားကြည့်ဖြစ်ပါသည်။ ချီကာဂိုမှ ဃ့ငခေါသ င်္ငမန အသင်းနှင့် ဝါရှင်တန်မှလာသည့်ီဃ္ကညငအနိ အသင်းတို့ကန်ကြသည့်ပွဲဖြစ်ပါသည်။ ပွဲစဉ်က အကောင်းကြီးလည်းမဟုတ်သလို အဆိုးကြီးလည်းမဟုတ်။ ကြည့်ပျော်ရှုပျော်လေးတော့ရှိသည်။ ပွဲကြည့်ပြီးအပြန်လမ်းခရီးတွင် သူငယ်ချင်းတယောက်က ‘ဘောလုံးပွဲဆိုတာ တကယ်တွေးကြည့်ရင်တော့ အလုံးလေးတလုံးကို ဟိုဖက်က နေ ဒီဖက်၊ ဒီဖက်က နေ ဟိုဖက် ကို သယ်ယူသွားနေကြတာပဲကွ’ ဟု ရယ်စရာလိုလို တွေးစရာလိုလို ပြောချလိုက်ပါသည်။ ကျွန်တော်ကတော့ ပြုံးပြုံးလေးသာနေလိုက်မိပါသည်။ သို့သော် ကျွန်တော့ခေါင်းထဲတွင်တော့ အတွေးတခုက တံခါးလာခေါက်ပါသည်။
ဘောလုံးပွဲများတွင် ‘ဂိုးသွင်းသည်’ ‘တဖက် ဘယ်နှစ်ဂိုး’ ‘ဂိုးမရှိ သရေ’ အစ ရှိသည်တို့ကို ပြောပြောနေကြသည့် ‘ဂိုး’ွသေူ ဟူသည့်အသုံးအနှုန်းမှာ အမှန်မှာ အင်္ဂလိပ် စကားပင်ဖြစ်သည်။ မြန်မာလို ဘာသာပြန်လျှင် ‘ပန်းတိုင်’ ‘ရည်မှန်းချက်’ ‘ဉီးတည်ချက်’ စ တာတွေဖြစ်ပါလိမ့်မည်။ ဘောလုံးအသင်းတသင်း သို့မဟုတ် ဘောလုံးကစားသမားများ၏ ‘ဂိုး’ သို့မဟုတ် ‘ပန်းတိုင်’ မှာ (ကျွန်တော့သူငယ်ချင်းပြောသလိုပင်) အလုံးလေးကို တဖက်၏ ဂိုးပေါက်ထဲသို့ သွင်းပေးရန်ဖြစ်သည်။ သို့သော်ထိုပန်းတိုင်သို့ချီတက်ရာလမ်းခရီးဝယ် တိတိကျကျစီမံတည်ဆောက်ထားရှိသည့် အေရိယာ အကျယ်အဝန်း ရှိသည်။ တိတိကျကျ သတ်မှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများရှိသည်။ တရားမျှတမှု ရှိစေရေးအတွက် ကွင်းလယ်နှင့် ဘေးစည်း တရားသူကြီးများ (ကွင်းလယ် နှင့် အရံ ဒိုင်လူကြီးများ) ရှိသည်။ ကစားသမားဉီးရေကိုလည်း တိကျစွာကန့်သတ်ထားရှိသည်။ တိတိကျကျသတ်မှတ်ထားရှိသည့် ကစားချိန် ရှိသည်။
အပြေးပြိုင်ပွဲဆိုပါစို့။ မီတာ ၁၀ဝ၊ မီတာ ၅၀ဝ ၊ မာရသွန် စသည်ဖြင့်။
ပြေးရမည့် လိုင်းကို တိကျစွာသတ်မှတ်ထားရှိပါသည်။ မဖြစ်မနေလိုက်နာရမည့် ပြိုင်ပွဲစည်းကမ်းများရှိပါသည်။ ဆေးဝါးသုံးစွဲထားရှိမှု ရှိ မရှိ ကို စစ်ဆေးခံရပါသည်။ ပြေးရမည့်အကွာအဝေးအားတိကျစွာသတ်မှတ်ထားရှိပါသည်။ မီတာ ၁၀ဝ ပြိုင်ပွဲဝင် အပြေးသမား တဉီးသည် မီတာ ၁၀ဝ ထက်ပိုပြေး၍မရ။ လျော့ပြေး၍လည်းမရ။ ပိုပြေး၊ လျော့ပြေးပါက ဘာမှအဓိပ္ပါယ်မရှိ။ တနည်းအားဖြင့် သူ့ဉီးတည်ချက်သည် မီတာ ၁၀ဝ ကို မြန်နိုင်သမျှမြန်မြန် ရောက်ရှိနိုင်ရေး၊ မီတာ ၁၀ဝ အကွာတွင်ရှိသည့် ဖြတ်မျဉ်းအား အမြန်ဆုံးနှုံးတခုဖြင့် ဖြတ်ကျော်ရေးဖြစ်သည်။ ၄င်းမှာသူ့ပန်းတိုင် ဖြစ်သည်။
သည်ပြိုင်ပွဲများကိုကြည့်ရင်း၊ ပြိုင်ပွဲပုံသဏာန်များကို သုံးသပ်တွေးတောရင်းဖြင့် အခြင်းအရာ နှစ်ခု ကို ကျွန်တော်ရရှိလိုက်ပါသည်။
(၁) တိကျစွာသတ်မှတ်ထားရှိသည့် ‘ပန်းတိုင်’ သည် ကျွန်တော်တို့ မည်သည့်အလုပ်ကိုပင်လုပ်သည်ဖြစ်စေ၊ မည်သည့်နေရာ၌ဖြစ်စေ၊ မည်သည့်အခြေအနေ၌ဖြစ်စေ မရှိမဖြစ် လိုအပ်သည်။
(၂) ထိုပန်းတိုင်သို့အရောက်ချီတက်ရာ လမ်းခရီး၌ (မိမိလုပ်ချင်တိုင်းလုပ်၍မရ၊ ပြုမူချင်တိုင်း ပြုမူ၍မရ သောသဘောကိုဆောင်သည့်) စည်း၊ ဘောင်၊ အကန့်အသတ်လေးများ ရှိနေသည်။ တနည်းအားဖြင့် ကျွန်တော်တို့၏ လုပ်ကိုင်ဆောင်ရွက်မှုများ၌ လို၍ ပို၍ မရတတ်သည့်၊ ကျော်၍ ချော်၍ မဖြစ်ကောင်းသည့် အခြင်းအရာလေးများ မလွဲမရှောင်သာစွာ တည်ရှိနေသည်။


မှတ်ချက်။ ။ သည်ဆောင်းပါးကို ၂၀ဝ၇ ခုနှစ်အတွင်းတွင် ကျွန်တော်ရေးသားခဲ့ပါသည်။
Picture: http://www.bisconsulting.ca/img/seminars/large/goal_setting.jpg

Friday, February 26, 2010

ရည်မှန်းချက် နှင့် ပန်းတိုင် (အပိုင်း ၁)


ကျွန်တော်သည် အမေရိကန်ပြည်ထောင်စု တွင်နေထိုင်ကာပညာဆည်းပူးနေသောရခိုင် ကျောင်း သားတဉီးဖြစ်ပါသည်။ အမေရိကန်အမျိုသမီးတဉီးနှင့် အိမ်ထောင်ကျကာ (ကျွန်တော့အမျိုးသမီးကအချိန် ပြည့်အလုပ်လုပ်၍ကျွန်တော်ကအချိန်ပိုင်းသာအလုပ် လုပ်ပြီးကျောင်းတက်နေသူတဉီးဖြစ်ရာ)‘ကလေးထိမ်းခြင်း’ တာဝန်ကို နေ့စ ဓူဝ ထမ်းဆောင်နေရသည့် ကလေးနှစ်ယောက်၏ ဖခင်တဉီးလည်း ဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စုတွင် ကျွန်တော်ကြုံတွေ့ ရသည့် နေ့စဉ်ဘဝ အတွေ့အကြုံများ၊ ပညာသင် ကြားရာမှရရှိသော အတွေ့အကြုံများကို စာဖတ်သူ များနှင့် မျှဝေလိုစိတ်ဖြစ်ပေါ်လာခဲ့ပါသည်။ ထိုသို့ ကောင်းသောအရာများကိုမျှဝေလိုသည့်ဆန္ဒ ဖြစ်ပေါ် ရာမှ ဤစာ ကို ရေးဖြစ်ခြင်းဖြစ်ကြောင်း မိတ်ဆက် စကား ဉီးစွာဆိုပါရစေ။မိတ်ဆက်စကားဆိုပြီးနောက်‘ရည်မှန်းချက် နှင့်ပန်းတိုင်’ ဟု ခေါင်းစဉ်ပေးထားသည့် ကျွန်တော့ ဆောင်းပါ့း  ဆက်သွားကြရအောင်ပါ။ ဤဆောင်းပါး ကို ကျွန်တော်သည် အပိုင်းများ ခွဲကာရေးသားမည် ဖြစ်ပြီး ယခုပထမပိုင်းတွင်ကျွန်တော်တို့၏ နေ့စဉ်ဘဝ များတွင်လည်းကောင်း၊ ဘဝ၏အစိတ်အပိုင်းလေးများ အတွက် လည်းကောင်း၊ တဘဝလုံးစာအတွက် လည်းကောင်း ‘ရည်မှန်းချက်နှင့်ပန်းတိုင်’ မှာ မည်မျှ အရေးပါသောအခန်း ကဏ မှ ပါဝင်သည်ကို ကျွန် တော့ဘဝအတွေ့အကြုံများမှ ရရှိသည့်အတွေး အ မြင်လေးများကို အခြေခံကာ ဉီးစွာရေးသားတင်ပြ သွားမည်ဖြစ်ပါသည်။


လမ်းလည်ထွက်ခြင်း
ကျွန်တော်တို့မိသားစုသည် အမေရိကန် ပြည်ထောင်စု၏ တတိယမြို့တော်ဖြစ်သည့် ချီကာဂို မြို့၏ အနောက်ဖက်ဆင်ခြေဖုံးတွင်နေထိုင်ပါသည်။ ပြီးခဲ့သည့် ၂၀ဝ၆ ဒီဇင်ဘာလအတွင်းက ကျွန်တော့် အမျိုးသမီးနှင့် ကလေးငယ်များ နယူးယော့မြို့ရှိ ဆွေမျိုးများထံ လေးရက်ကြာ အလည်အပတ်ခရီး ထွက်သွားကြပြီး ကျွန်တော်က စာမေးပွဲရက်နှင့် တိုက်ဆိုင်နေ၍လိုက်မသွားဖြစ်ရာအိမ်တွင် (လူပျိုကြီး အဖြစ်နှင့်) တယောက်တည်း ကျန်နေခဲ့ပါသည်။ ဤိမ်ထောင်သည်ဘဝ၊ အချိန်ပိုင်းအလုပ်၊ကျောင်းစာ၊ နေ့စဉ်ကလေးထိမ်းနေရခြင်းများနှင့် လုံးချာလည်နေခဲ့ သောကျွန်တော့မှာ မိသားစုအား လေဆိပ်သို့ ပို့ ဆောင်ပြီး အပြန်လမ်းတွင် (အမှန်တကယ်နှင့် ရေ ရှည်မဟုတ်သည့်တိုင်) လွတ်လပ်သောအရသာကို အတိုင်းအတာတခုထိ ခံစားဖြစ်ပါသည်။ကားတံခါးကို မသိမသာဖွင့်၏။ ဆီးနှင်း ကြောင့် အတော်အေးနေသည့်တိုင် ပြင်ပ လေကို နှစ်ခြစ်စွာ ရှုရှိုက်ပစ်လိုက်၏။ ရခိုင်စတီရီယိုသီခြင်း သစ်များကို(ကားထဲတွင်) အသံကျယ်လောင်စွာဖွင့် ကာနားထောင်ပစ်လိုက်၏။ ကျွန်တော်ဘယ်သွား သွား ကျွန်တော့သားနှင့် သမီးက ပါ ပါ နေရာ သူတို့ အပေါ်ငဲ့ညှာနေရင်းဖြင့် သီခြင်းများကို ဤသို့ခပ် ကျယ်ကျယ်လေး ဖွင့်နားမထောင်ရသည်မှာ ကြာပြီ။သို့ဖြင့် ကျွန်တော်တို့အိမ်ဖက်သို့အဝင် လမ်းသို့မရောက်မီ ဖြတ်ရမည့်မီးပွိုင့်ကြီးတခုသို့ ရောက်လာခဲ့ပါသည်။ မီးနီမိသဖြင့် ကားရပ်လိုက် သည်။ ကျွန်တော့်ကားမှာ မီးနီမိ သည့် ကားတန်း၏ တတိယမြောက်ကားဖြစ်ပြီးလမ်းကြောင်းမှာ အတည့် လည်းသွား၍ရသည်။ ညာဖက်သို့ ကွေ့သွား၍လည်း ရသည်။ သည်မှာပင် အတွေးတခုက ကျွန်တော့်ခေါင်း ထဲသို့ရောက်လာခဲ့သည်။ အိမ်သို့မဝင်သေးပဲ (လွတ် လပ်ပေါ့ပါးစွာဖြင့်) ‘တနေရာရာသို့သွားရန်’ဟူသည့် အတွေး။ ထိုနေ့က ကျွန်တော် အဓိကသွားလိုသည့် နေရာနှစ်နေရာရှိနေခဲ့ပါသည်။ တခုမှာမြို့နယ်ပြည်သူ့ စာကြည့်တိုက်ဖြစ်ပြီးနောက်နေရာတခုမှာ ကျွန်တော် ကျောင်းတက်နေသည့် ကောလိပ် သို့ပင်ဖြစ်ပါသည်။ ပြည်သူ့စာကြည့်တိုက်မှ အခမဲ့ကြည့်ခွင့်ရသည့်ဗီဒီယို ခွေအနည်းငယ်ငှါးယူလို၍ ကောလိပ်၏ကွန်ပျူတာ ခန်း ထဲတွင် ကျွန်တော့စာတမ်းအတွက် လိုအပ်မည့် ဆောင်းပါးအချို့ကို ရှာရှာဖွေဖွေလေးသွားလုပ်ချင် သည်။လမ်းကြောင်း အနေအထားအရ အတည့်သွား လျှင် ကောလိပ်သို့ရောက်မည်ဖြစ်ပြီး လက်ယာဘက် သို့ ကွေ့သွားပါက စာကြည့်တိုက်သို့ ဉီးတည်ပြီး ဖြစ်သွားပါလိမ့်မည်။ ကျွန်တော် မည်သည့်နေရာသို့ သွားမည်ကို တိတိကျကျ မဆုံးဖြတ်ရသေးမီမှာပင် မီးက စိမ်းသွားခဲ့ပြီဖြစ်သည်။ ကျွန်တော့ရှေ့မှ ကား နှစ်စီးမှာ စ ထွက်ပြီဖြစ်၏။ ကျွန်တော်လည်းကားဘီး လိမ့်လိုက်သည်။ သို့သော် မီးပွိုင့်၏အတည့် (သို့မ ဟုတ်) ညာဘက် တခုခုသို့ သွားရမည့် နေရာတွင် ရောက်လာခဲ့သည်။ ကျွန်တော်ဘယ်သွားရမည်မသိ။ ကားအရှိန်ကို အနည်းငယ်လျှော့ချလိုက်သည်။ ကား ရပ်လုနီးပါးဖြစ်သွားခဲ့သည်။ ကျွန်တော့နောက်မှကား များ ဟွန်း တတီတီဝိုင်းပေးကြသည်။ သို့ဖြင့် တိတိ ကျကျရယ်မဟုတ်ပဲ လက်ယာဘက်သို့ ကွေ့ချလိုက် သည်။ ကျွန်တော့နောက်မှကားမှာ လက်ယာဘက် သို့ကွေ့မည့်ကားဖြစ်ပြီး ရှေ့မှကျွန်တော်ကဘာ အ ချက်မှ မပြပဲနှင့်ညာသို့ကွေ့ချလိုက်ရာ ကျွန်တော့ ကား နောက်ပိုင်းနှင့် သူ့ကား ရှေ့ပိုင်း တိုက်မိလုနီးနီး ဖြစ်သွားခဲ့သည်။ သူဘရိတ်အနည်းငယ် အုပ်လိုက်ရ ကြောင်း၊ သူ့နောက်မှကားများလည်း အားလုံး ဘရိတ်အုပ်လိုက်ကြရကြောင်း ကျွန်တော်ရိပ်မိလိုက် သည်။ ဤနေရာမှာ လမ်းမကြီးဖြစ်နေရာ ကားရပ်၍ မရ။ တောင်းပန်စကားပြောချိန် (သို့မဟုတ်) တောင်း ပန်သည့် ဟန် ပြရန် အချိန်မရ။ နောက်ကြည့်မှန်ထဲမှ ကြည့်လိုက်ရာ ကားမောင်းသူ၏ ဒေါသတကြီး စိုက် ကြည့်နေသောမျက်နှာကို မြင်လိုက်ရပါသည်။ နောက် ကြည့်မှန်ထဲမှပင် ကျွန်တော် အသာလေး လက်ပြ လိုက်သည်။ ‘နားလည်ပေးပါ’ ဟူသည့်သဘော။ ပုဂ္ဂိုလ်က ဘာအမူအယာမှပြန်၍တော့မပြ။ သို့သော် ဟွန်းတီး၊ မီးအချက်ပြကာ ကျွန်တော့ကားကို အရှိန် ပြင်းပြင်းနှင့် ကျော်တက် သွားပါသည်။အကယ်၍ ထိုနေ့က ကားတိုက်မှု (သို့မ ဟုတ်) မည်သည့်အခြင်းအရာဖြစ်စေ တခုခု ဖြစ်ပျက် ခဲ့ပါလျှင် ကျွန်တော့တွင်လုံးဝ တာဝန်ရှိပါသည်။ ထို ဖြစ်ပျက်မှု၏ အဓိကတရားခံမှာလည်း ကျွန်တော့၏ ‘တိကျပြတ်သားမှု မရှိခဲ့သော ဆုံးဖြတ်ချက်’ ဖြစ်ခဲ့ လိမ့်မည်ဖြစ်ပြီး၊ အဆိုပါ တိကျပြတ်သားမှု မရှိခဲ့ခြင်း မှာလည်း ကျွန်တော်၏ ‘ရေရာ သေချာမှုမရှိခဲ့သော ရည်မှန်းချက်ပန်းတိုင်’ ပင်ဖြစ်ပါလိမ့်မည်။အဆိုပါအဖြစ်အပျက်မှ ကျွန်တော် ဆက်စပ် တွေးယူမိသည်မှာ ‘လမ်းလည်ထွက်ရာ၌ပင် တိကျ သော ရည်မှန်းချက်ပန်းတိုင် ရှိရန်လိုအပ်သည်’ ဟူ သော သင်ခန်းစာပင်ဖြစ်ပါသည်။

မှတ်ချက်။ ။ သည်ဆောင်းပါးကို ၂၀ဝ၇ ခုနှစ်အတွင်းတွင် ကျွန်တော်ရေးသားခဲ့ပါသည်။

Thursday, January 21, 2010

ဂါရီသမားနန့် ကူနတ် ကယ်နတ်

တရက်နိခါ ဂါရီသမားတယောက်ရေ ဂါရီမောင်းပါလတ်ယက်ပင်း ရွှံ့တိဟိရေနိန်ရာတခုသို့အရောက်မှာ ဂါရီရေ နွံထဲသို့တပိုင်းလောက် မြုပ်ဝင်လားပါရေလှတ်။ ဂါရီသမားလည်း စိတ်ပျက်လက်ပျက်နန့် ဂါရီအောက်သို့ ဆင်းဗျာယ် ကူနတ်ကယ်နတ်တိကို တမ်းတ လိုက်ပါရေလှတ်။
ယေပြီးကေ ဂါရီ ဘေးနားချေက ထိုင် ထိုင်ပနာ “အို ကူနတ်ကယ်နတ်အပေါင်းရို့ ကျွန်တော့်ဂါရီ ကို တချက်ချေလောက် လာလို့ ဆွဲတင်ပီးကတ်ဖို့ ကျွန်တော်မျိုး တောင်းဆိုပါယင့်” လို့ အသံအကျယ်ကြီး အော်ပလိုက် ပါရေလှတ်။
ကူနတ်ကယ်နတ် နတ်မင်းကြီးလည်း ယင်း အသံကိုကြားလို့ အခြေအနေကိုတချက် သုံးသပ် ကြည့်လိုက် တေခါ ကိုယ့်ကိုကိုယ် တခုချေလည်း မကြိုးစားသိပဲနန့် သူများပါးက အကူအညီကိုရာ ကုန်းအော်ပနာတောင်းနိန်ရေ ဂါရီသမားကိုတွိရရေခါ “အဝေး ဂါရီသမား၊ မင်းပက်ခုန်းကို ဂါရီအောက်မှာအယင်သွင်း သွင်းပနာ တခေါက်ချေ တွန်းတင်ပနာ ကြိုးစားကြည့်အုံ့၊ ယေပြီးလို့ မရ ခါမှ ငါ့ကိုခေါ်” လို့ပြန်ပြောလိုက်ပါရေလှတ်။ ‘ကိုယ့်ကိုကိုယ် ဇကုန်ကြိုးစားကြည့်လို့ တခုပိုင်လည်း မရနိုင်ခါမှ သူများပါးက အကူအညီကို ရ ယူဖို့ ကြိုးစားသင့်ပါကြောင်း၊ ကျွန်တော်ရို့ကိုယ် ကျွန်တော်ရို့အယင် ရုန်းဖို့လိုကြောင်း’ ဒေပုံပြင်က ပြောပြစွာပါ။

Wednesday, January 20, 2010

လူသားအမှန်စိတ်ဓါတ်

ဒေနိမိုးထဖက် ကျွန်တော်နန့် ကျွန်တော့သားကြီး အဉ္ဇ္ဈန စာအုပ်တစ်အုပ်ကို အတူတူဖတ်ဖြစ်ကတ်ပါရေ။ စာအုပ်က တိုက်တန်းနိုက် သင်္ဖောကို ယင်းသင်္ဖောမြုပ်လားရေနေရာမှာ ပြန်လို့ရှာဖွီမှု၊ တွိဟိမှုနန့် ယင်းချင့်တိနန့်ပါက်သက်လို့ တခြားအမြင်ချေတိကို ရွီးထားရေစာအုပ်ချေတအုပ်ပါ။

စာအုပ်ကိုဖတ်အပြီးမှာ အဉ္ဇ္ဈန ကို ကျွန်တော်မိန်းခွန်းချေတခုမိန်းကြည့်ပါရေ။ “သင်္ဖောမြုပ်တေအချိန်မှာ မင်းယင်းသင်္ဖောပါလာရေ လူတိထဲကတယောက်လို့ဆိုကေ မင်းဇာလုပ်ဖို့လဲ” ဆိုပြီးကေ ကျွန်တော်က သူ့ကို မိန်းကြည့်ပါရေ။ အဉ္ဇ္ဈန က ဇာပြန်ပြောရေလဲဆိုကေ “မောင်မောင် ရီကူးနိန်ဖို့ပါပါ” လို့ ပြန်ပြောပါရေ။ “ကောင်းဗျာယ်၊ မင်းရီကူးချင်ပိုင်ကူးနိန်၊ အသက်ကယ်လောင်းလည်းတစင်းလည်းမြင်လည်းမမြင်ရကေဝါ မင်းဆက်လို့ ကူးနိန်ဖို့သိလား” ဆိုပြီးကေ ကျွန်တော်က ထပ်မိန်းပါရေ။ ယင်းသူက “ကူးနိန်ပါဖို့သိ” လို့ပြန်ပြောပါရေ။ ယေကေ “ဇာဖြစ်လို့လဲ” ဆိုပြီးကေ ကျွန်တော်က ထပ်မိန်းပါရေ။ ယေခါ အဉ္ဇ္ဈန တိန်းလားခပါရေ။

ကျွန်တော်နားလည်လိုက်ပါရေ။ ခြောက်နှစ်သားချေတယောက်အတွက် မိန်းခွန်းက တစိချေလောက် ဖြေဖို့ ခဲယဉ်းရေ ဆိုစွာကိုပါ။ဘဇောင်ပင်ဆိုစီ။ အဉ္ဇ္ဈန ဖြေရေအဖြေတိကို ကျွန်တော် ကကောင်းကျေနပ်၊ ပီတိဖြစ်မိပါရေ။ ဇာဖြစ်လို့လဲဆိုကေ ယင်းချင့်ရေ လူသားအမှန်စိတ်ဓါတ်ပါ။ ကမ်းမမြင်၊ လမ်းမမြင်၊ မျှော်လင့်ချက် မဟိချောင်ပိုင်ဖြစ်နိန်ပါတ်စီ။ ကျွန်တော်ရို့၏ နောက်ဆုံးထွက်သက်အထိ ဇွဲမလျှော့ပဲ ကူးခပ်နိန်ရဖို့စွာရေ လူသားအမှန်စိတ်ဓါတ်ပါ။ ယင်းအချိန်၊ ယင်းအခြေအနေမှာ အဓိပ္ပါယ်ရှိရှိ အားထုတ်လုပ်ဆောင်နိုင်ရေ တခုတည်းသော ကြိုးပမ်းမှုလည်းဖြစ်နိန်လို့ပါ။အဉ္ဇ္ဈန အဖြေအတွက် ကျွန်တော်ပျော်ပါရေ။

Tuesday, January 19, 2010

အောက်မိဖြစ်ကေလည်း

နှင်းခဲတိ ဖဖွေးဖြူ
ချီကာဂို ဆောင်းတွင်း
ချမ်းယက်ပင်း ချမ်းရေကြားက
လွမ်းယက်ပင်းလည်း လွမ်း။ ။

အိမ်ကိုလည်းလွမ်း
ရွာကိုလည်းလွမ်း
အမိအဖကိုလည်း အောက်မိ
အဖိုးအဘောင်ကိုလည်း အောက်မိ
ကျွဲကျောင်းဖက်သူငယ်ချင်းတိကိုလည်း အောက်မိ
ရီတတီချေကြိုက်ဖူးခရေ
ကောင်မချေကိုလည်း အောက်မိ။ ။

ဇာခါရာတခေါက်
ပြန်လို့ရောက်လီဖို့လ
ဲတွေးလို့လည်းမပိုင်
စဉ်းစားလို့လည်း မနိုင်ဗျာယ်
ငါ့ရွာစွာ ငါ့ရွာကားမဟုတ်။
ငါ့ပြည်စွာ ငါ့ပြည်ကားမဟုတ်။ ။

Monday, January 18, 2010

မင်္ဂလာပါ ဒေါက်တာကိန်း


အေနိသည် ဒေါက်တာ မာတိန်လူသာကိန်း ဂျူနီယာနိ ဖြစ်ပါသည်။ ဒေါက်တာ ကိန်းအား ၁၉၂၉ ခုနှစ်၊ ဂျန်နဝါရီလ ၁၅ ရက်နိတွင် ဖွါးမြင်ခပြီး ၁၉၆၈ခုနှစ်၊ အေပရယ်လ ၄ ရက်နိတွင် လုပ်ကြံခံရကာ ကွယ်လွန်အနစ္စရောက်လားခပါသည်။ ဒေါက်တာကိန်း၏ ခနြွာကိုယ် ကွယ်ပျောက်လားသော်လည်း သူ၏ အိမ်မက်များ၊ သူ၏ စိတ်ဝိဉာဏ်များမှာ ကမBာ့လူသားများအားလုံး၏ နှလုံးသားများထဲတွင် အစဉ်ထာဝရ ကိန်းဝပ်နိန်ကတ်မည်သာဖြစ်ပါသည်။

မဟတ္တမဂန္ဒီ၏ မွီးနိအခါသမယတွင် ကျွန်တော်ရွီးဖူးပါသည်။ သူရို့သည် တကြိမ်တခါသာမွီးဖွါးပြီး သီဆုံးမှုမဟိသောလူသားများဖြစ်ကြပါသည်။

ဒေါက်တာမာတိန်လူသာကိန်း၏ ပြောစကားများစွာကို အသံသွင်းတိတ်ခွေများထဲတွင် ကျွန်တော်နားထောင်ဖူးပါသည်။ သူ့ပြောစကားများ၊ မိန့်ခွန်းများထဲမှ မှတ်သားဖွယ်ရာအချို့ကို နောက်နိများတွင် အလျှဉ်းသင့်သလို ကျွန်တော်ရွီးသားဖေါ်ပြလားမည်ဖြစ်ပါသည်။

အကြီးကျယ်ဆုံး၊ အတောက်ပဆုံးနှင့် လူသားအဆန်ဆုံးသော အိမ်မက်များကို မက်ကာ အမှန်လည်း အကောင်အထည်ဖေါ်လားနိုင်ခသည့် ဒေါက်တာကိန်းအား ကျွန်တော်ရို့အားလုံး လေးစားစွာဂုဏ်ပြုပါ၏။ ။


Picture: http://jean9fhunter.files.wordpress.com/2009/01/mlk2.jpg

Sunday, January 17, 2010

သမိုင်း နှင့် အနာဂါတ်


သမိုင်းထဲမှ ကျွန်တော်ရို့ ရယူနိုင်စရာအခြင်းအရာနှစ်ရပ်ဟိပါသည်။ တစ်ခုမှာ ‘နောင်တ’ ဖြစ်၍ နောက်တခုမှာ ‘သင်ခန်းစာ’ ဖြစ်ပါသည်။ ကျွန်တော်ရို့ပြုလုပ်မိဖူးသော အမှားများ၊ မပြုလုပ်သင့်သည်ကို ပြုလုပ်မိခမှုများ၊ ပြုလုပ်သင့်သည်များကို မပြုလုပ်ခမှုများ အတွက် ကျွန်တော်ရို့ နောင်တ ရစရာအဖြစ်မျိုးကြုံကြရပါသည်။ နောင်တ ရခြင်းသည် ကောင်းပါသည်။ ဘဇောင်ကြောင့်ဆိုသော် ထို နောင်တ သည် သင်ခန်းစာ အဖြစ်သို့ ကူးပြောင်းကာ အနာဂါတ်တွင် အမှားအယွင်းနည်းပါးစွာနှင့် အလုပ်လုပ်နိုင်သူများ၊ ပြုသင့်သည်ကို အချိန်မှီမှီ ပြုသူများ၊ မပြုလုပ်သင့်သည်များကို သတိရှိရှိဖြင့် သျှောင်သျှားသူများဖြစ်လာနိုင်သောကြောင့်ဖြစ်ပါသည်။ သင်ခန်းစာ ထဲတွင် ကောင်းသောသင်ခန်းစာလည်းရှိနိုင်ပါသည်။ ဉပမာ ကောင်းသောလုပ်ရပ်များအတွက် ကောင်းသောရလဒ်များရရှိကာ ထိုလုပ်ရပ်များကိုပင် ထပ်၍လုပ်ဆောင်ရမည် ဆိုသော သင်ခန်းစာမျိုး။ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရမည် ဆိုသော သင်ခန်းစာမျိုး။ ကောင်းသောအမွီဖြစ်၍ (မပျောက်မပျက်စေရန်) မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းရမည် ဆိုသော သင်ခန်းစာမျိုး။

နောက်တချက်မှာ အတိတ်သမိုင်းမှ မှားယွင်းသောလုပ်ရပ်များအတွက် နောင်တရနိန်ခြင်းဖြင့်သာ ကျွန်တော်ရို့ အချိန်မကုန်သင့်ပါ။ ထိုနောင်တများကို သင်ခန်းစာ အဖြစ်သို့ ကူးပြောင်းယူကာ ပြန်လည်တည်ဆောက်နိုင်ပါက အယင်ကထက် ပိုမို လှပ သစ်လွင် ကောင်းမွန်သော အနာဂါတ်ကို ပိုင်ဆိုင်စရာ အကြောင်းရပ်များ များစွာဟိပါသည်။ တချိန်တည်းမှာပင် အတိတ်တွင်ပြုလုပ်ဖူးသည့် မှန်ကန်၊ ကောင်းမွန်သော လုပ်ရပ်များအတွက် ကျေနပ်နှစ်သိမ့် ဂုဏ်ယူကာ အချိန်ဖြုန်းမနိန်သင့်ပါချေ။ ထို မှန်ကန်၊ ကောင်းမွန်သော လုပ်ရပ်များကို ပို၍ မှန်ကန်၊ ကောင်းမွန်လာအောင်၊ အကောင်းဆုံး၊ အမှန်ကန်ဆုံး လုပ်ရပ်များဖြစ်လာအောင် ပိုမို ကြိုးစားသင့်ပါသည်။ ပိုမို လုပ်ဆောင်သင့်ပါသည်။ ယေမှသာ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂါတ် အားလုံးတွင် မိမိတစ်ဉီးတည်းအတွက်သော်လည်းကောင်း မိမိ၏ မိသားစုအတွက်သော်လည်းကောင်း၊ မိမိ၏ ဆွီလေးပါး၊ မျိုးလေးပါးရို့ အတွက်သော်လည်းကောင်း၊ မိမိ၏ တိုင်းပြည်နှင့် လူမျိုးအတွက်သော်လည်းကောင်း ပိုမိုတိုးတက်၍၊ သင့်တော်မှန်ကန်ကာ ဟန်ချက်ညီသော စိတ်နိန်သဘာဝ၊ ကိုယ်နိန်သဘာဝများကို ရရှိပိုင်ဆိုင်၊ ဖန်တည်းနိုင်ကြမည်ဖြစ်ပါသည်။

အတ္တ၊ ပရ နှစ်လီ ဟန်ချက်ညီသော အနာဂါတ်ကို ဖန်တည်း တည်ဆောက်နိုင်ကတ်ပါစီ။

Saturday, January 16, 2010

အလင်းယိုင်ရေခါ


အေချင့်ရေ ကျွန်တော်ကိုယ်တိုင် ချီကာဂှိုမို့ထဲက ရိုက်ယူလာရေ ဓါတ်ပုံပါ။ခရိုက်စတယ်လ် ဖန်လုံးအိမ်ထဲမှာ မြင်ရရေ ချီကာဂိုက အဆောက်အဉီတိ၏ မြင်ကွင်းပါ။အလင်းယိုင်ရေခါ ပုံရိပ်တိပါ လိုက်လို့ယိုင်တတ်တေသဘာဝဟိရေဆိုစွာကို အေဓါတ်ပုံထဲမှာ လေ့လာလို့ရပါရေ။ယေကေလည်း ယင်းမြင်ကွင်းထဲက ပုံတိရေ ပုံရိပ်စစ်တိမဟုတ် ဆိုစွာကိုလည်း ကျွန်တော်ရို့ နားလည်ထားကတ်ရပါဖို့။ကျေးဇူးတင်ပါရေ။

Friday, January 15, 2010

အသစ်စက်စက် ရက်


မိုးထ ရောင်နီသန်းဗျာယ်

ငါရို့တိအားလုံးအတွက်

အသစ်စက်စက် ရက်တရက်။



ညဇာက ငိုထားရေ

မေမေ့မျက်လုံးအိမ်

ရဲတွတ်နိန်ရေကြားက

မျက်ရည်တိ စို့ နိန်တုန်း။

‘အားတင်းထားပါမေမေ’ လို့

ဖြေသိမ့်ရေစကားရပ်က လွဲလို့

တခုလည်းမတတ်နိုင်ရေသားတိကိုယ်စား

ခွင့်လွှတ်ဖို့ တောင်းဆိုပါယင့်။



န(နီ)ပူဒဏ်ကြောင့်

နီကြံကြံဆံပင်နန့်ငါ့အစ်မ၊

ဝမ်းနည်းစရာတိ များလွန်းရေခါ

ဇာကိုဝမ်းနည်းရဖို့လဲမသိ လို့

‘အကျွန် မငိုတတ်အောင်လေ့ကျင့်ထားရေ’ လှတ်။



မတော်မတရား

စော်စော်ကားကား

အနိုင်ကျင့်ခံရတိုင်းမှာ

တက်ခေါက် အံကြိတ်ရဖန်များလွန်းလို့

ပြုံးလိုက်တေခါဗင်

တင်းမာနိန်ရေမျက်ကြောတိနန့်

ငါ့ ပါပါ နန့် ငါ့အစ်ကို။



ရောင်နီသန်းနိန်ရေ

အသစ်စက်စက် ရက်တရက်ကို

ငါရို့ ဘဇောင် ကြိုဖို့ရောင်။


Thursday, January 14, 2010

ငါးကြီးများနှင့် ငါးငယ်များ

တခါက ငါးကြီးအချို့ရေ “ဒေရီအောက်၊ ရီထုထဲမှာတော့ကေ ငါရို့ အသျှင်၊သခင်တိဗျာယ်၊ ငါရို့၏ကြီးထွားသန်စွမ်းမှုကို တယောက်လဲ့သော့မလှန်နိုင်ကတ်” ဆိုဗျာယ် မာန်မာနအကြီးအကျယ်တက်နိန်ကတ်ပါရေလှတ်။ ယေပြီးမှတခါ ယင်းငါးကြီးတိရေ ငါးအငယ်ချေတိအနားကိုလာပနာ “မင်းရို့အားလုံးငါရို့ကို ကြောက်ကတ်ရစွာဗျာယ် ငါးကောင်ချေတိဝေး၊ မင်းရို့က အကောင်းလည်းအငယ်ချေ၊ တိုက်လည်းမတိုက်ခိုက်နိုင်၊ ငါရို့စိတ်ပေါက်ကေမင်းရို့ကိုအလွယ့်ကာချေဖမ်းပလိုက်လို့ရယင့်” ဆိုဗျာယ်ဝါဝါကြွားကြွားပြောကတ်ပါရေလှတ်။
ငါးကြီးတိယင်းစကားကိုပြောလို့မကြာခင်မှာပင် ပိုက်သည်အချို့ရေ သူရို့တပ်ဆင်လာရေ အကွင်းကြီးကြီးနန့်ပိုက်အသစ်ကို ယင်းငါးကြီးတိ၊ ငါးချေတိစုနိန်ကတ်တေ ငါးကျိုင်နားမှာ လာပနာပိုက်ချပါရေလှတ်။ ယင်းပိုက်အသစ်က ပိုက်ကွက်တိရေ အကွက်ကြီးတိဆိုရေခါ (တနားက ကြွားဝါနိန်ခ ရေ) ငါးအကြီးသန်တိအားလုံး ပိုက်ထဲမှာ ကျလားခ ကတ်ပြီးကေ ငါးအငယ့်ချေတိကတော့ကေ ပိုက်ကွက်ထဲကဝင်ပနာလားနိုင်ရေအတွက် ပိုက်မှာမကျပဲ လွတ်ကျန်ခ ကတ်ပါရေလှတ်။
တခါတလီမှာ အရေးမပါအရာမရောက်မှုရေ ပိုလို့လုံခြုံစီရေသဖေါဟိပါရေ။

Wednesday, January 13, 2010

ဒေါင်းယောင်ဆောင်ရေ ကျီး

တခါက ကျီးချေတကောင်ရေ သူ၏ မဲနက်နိန်ရေ အမွှီးအတောင်တိကို သဖေါမကျချင်ပဲဖြစ်ဖြစ်ပနာ တခြား လှပရေအမွှီးအတောင်တိနန့်အစားထိုးထိန်းကွပ်ပြီးကေ တခြားငှက်တိ၏ အလေးထား၊ လေးစားမှုတိကို ရအောင်ယူဖို့ ဆိုပြီးကေ စိတ်ကူးပါရေလှတ်။
“လူတိမှာတောင်စကားပုံဟိရေမလား။ ‘လူမှာအဝတ်၊ တောင်းမှာအကွပ်’ ဆိုပြီးကေ။ ငါလည်း မဲညစ်နိန်ရေ ဒေအတောင်တိနေရာမှာ လှပတောက်ပြောင်ရေအမွှီးအတောင်တိနန့်အစားထိုးရဖို့” ဆိုဆိုပနာ ယင်းကျီးချေရေ ဒေါင်းအမွှီး၊ အတောင်တိကို သူ့ခန•ာကိုယ်မှာ တပ်ဆင်ပြီးကေ အခြားငှက်တိထဲကို ဝ၀င့်ကြကြွားချေနန့် တိုးဝင်ပါလတ်ပါရေလှတ်။
ယေခါ တခြားငှက်တိရေ ဒေါင်းတောင်တိတပ်ဆင်ထားရေယင်းကျီးချေကို ရိုသေလေးစား၊ အလေးထားဖို့အစား ဝိုင်းပနာ ကိုက်ပလိုက်ကတ်၊ ဆိတ်ပလိုက်ကတ်စွာရေ နောက်ဆုံးမှာ ငှက်တိကြားထဲက ယင်းကျီးချေထွက်ပြီးဖို့ ကျပါရေလှတ်။ ယေဒင်မှမက၊ ယင်းကျီးချေ သူရို့ကျီးတိအထဲကို ပြန်လားရေအခါမှာလည်း တခြားကျီးတိက “အဝိုင်း ကျီးယုတ်၊ ညဇာက မင်းရေ ငါရို့တိထက် ကြီးကျယ်ရေအတွက် ငါရို့နန့်မတန်၊ ဒေနိမင်းရေ ငါရို့တိထက် နိမ့်ကျသိမ်ဖျင်းရေအတွက် ငါရို့ဘားကိုမလာကေ့” ဆိုဆို ပနာ ယင်းကျီးချေ ကျီးအုပ်ထဲသို့ဝင်ဖို့စွာကို ဝိုင်းပနာ ကန့်ကွက်ကတ်ပါရေလှတ်။
ဟန်ဆောင်မှုတိ၊ ဖုန်းကွယ်မှုတိ ဆိုစွာရေ တခါလည်းတာရှည်လည်းမခံ၊ လူသူအပေါင်း၏စစ်မှန်ရေ လေးစားမှုကိုလည်း တခါလည်းမရနိုင်ပါ။ အဝတ်အဆောင်တောက်ပြောင်တိုင်း လူကောင်းလို့မပြောနိုင်ပါ။